မညီမျှခဲ့သော သစ္စာ (အပိုင်း ၁) ဖတ်ရန်နှိပ်ပါ။
မညီမျှခဲ့သော သစ္စာ (အပိုင်း ၂) ဖတ်ရန်နှိပ်ပါ။
မညီမျှခဲ့သော သစ္စာ (အပိုင်း ၃) ဖတ်ရန်နှိပ်ပါ။
မညီမျှခဲ့သော သစ္စာ (အပိုင်း ၄) ဖတ်ရန်နှိပ်ပါ။
မညီမျှခဲ့သော သစ္စာ (အပိုင်း ၅) ဖတ်ရန်နှိပ်ပါ။
“ဟဲ့ … ယဥ်အေး … ညည်းလင် ပြန်ရောက်နေပြီ …
အခု .. ဒီဘက်ကို လာနေပြီ …
ညည်းတို့လုပ်ပုံနဲ့ အကုန်တော့ ဒုက္ခရောက်ကုန်တော့မှာပဲ”
“ရှင် … ကို .. ကိုစိုး ပြန်ရောက်နေပြီ …”
ကလေးချီပြီး သွက်သွက်ပြေးဝင်လာကာ တရစပ်ပြောလာတဲ့ အမေ့စကားကြောင့် ကျမနဲ့အမမှာ ထိန်လန့်တုန်လှုပ်သွားမိပါတယ်။ ကိုစိုး ပြန်ရောက်လို့ ဒီဘက်ကို လာနေပြီဆိုတာသိလိုက်ရတာမို့ ကျမမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားရပြီး အမမျက်နှာကို ကြည့်လိုက်မိပါတယ်။
ရုတ်တရတ်မို့ အမလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် လန့်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျမယောက်ျား ပြန်ရောက်လာတာဟာ ဒီလောက် ထိတ်လန့်သွားစရာ အကြောင်းမရှိပါဘူး။
အခုလို ထိတ်လန့်သွားရတာက ကျမနဲ့အမအပြင် ဦးနိုင်နဲ့ ကိုထွန်းကပါ ကျမတို့နဲ့အတူ ရှိနေခဲ့လို့ပါ။ ဆောက်လက်စတိုက်ရဲ့အပြင်ခန်းမှာ ကျမဟာ ဦးနိုင်ရဲ့ အလိုးကို ပိုးစိုးပက်စက်ခံရပြီးချိန်မှာ ခြေကုန်လက်ပန်းကျသွားရပါတယ်။
တစ်ကိုယ်လုံးလည်း ချွေးတွေ၊ လီးရည်၊ စောက်ရည်တွေနဲ့ စိုရွှဲပေကျံကာ ခွေခွေလေး လှဲရင်း မလှုပ်နိုင်လောက်အောင် ဖြစ်သွားရတာပါ။ ဒါကြောင့် ဦးနိုင်က ကျမမျက်နှာပေါ်က လီးရည်ဖြူပျစ်ပျစ်တွေကို သူ့လီးနဲ့ ပွတ်သုတ်ပြီး ကျမပါးစပ်ထဲထည့်ကာ ပြန်စုပ်ခိုင်းတာကိုပင် ကောင်းကောင်းမစုပ်ပေးနိုင်တော့ဘဲ ပါးစပ်လေးဟကာပဲ ငြိမ်ခံနေရပါတော့တယ်။
ဦးနိုင်က အတန်ကြာအောင် ကျမပါးစပ်ထဲကို လီးကြီးထည့်စိမ်ပြီး ဇိမ်ခံနေပြီးမှ လီးကို ဆွဲထုတ်သွားပါတယ်။ ပြီးတော့ ကျမမျက်နှာနဲ့ ကိုယ်လုံးပေါ်မှာ ပေကျံနေတဲ့လီးရည်နဲ့ ချွေးတွေကို ပုဆိုးနဲ့ သုတ်ပေးပါတယ်။
ကျမလည်း အားပြတ်ကာ မလှုပ်ချင်လောက်အောင် ဖြစ်သွားရပေမယ့် ကြာရှည်ဆွဲကာ အမောမဖြေနိုင်ပါဘူး။ အခန်းထဲက အမတို့ရဲ့ စကားပြောသံတွေလည်း ပြန်ကြားလာရပြီလေ။ သူတို့လည်း ကျမတို့ ပြီးပြီဆိုတာသိတော့ ထွက်လာတော့မယ် ထင်ပါတယ်။
ဒါကြောင့် ကျမလည်း အားတင်းကာထရင်း ထဘီကို ခပ်မြန်မြန်ကောက်စွပ်ကာ အဝတ်အစားတွေကို ဝတ်ရပါတယ်။ မလုံခြုံတဲ့ အပြင်ခန်းမှာ တစ်ကိုယ်လုံးချွတ်ကာ အလိုးခံမိတဲ့ ကျမကိုယ်ကျမလည်း အံ့ဩမိပါတယ်။
ကျမ အသက် ၂၄ နှစ်၊ အိမ်ထောင်သက် လေးနှစ်၊ ကလေးနှစ်ယောက်ရသည်အထိ ကာမကိစ္စဆိုတာကို လင်မယားနှစ်ယောက် အိပ်ရာထက်မှာ တိုးတိုးတိတ်တိတ် ဖြေရှင်းသာယာခဲ့ကြတာပါ။ ကိုစိုးဟာ ကျမဘဝအတွက် နှလုံးသားနဲ့ထပ်တူချစ်ခင်စုံမက်ရတဲ့ အရင်းနှီးဆုံး အမျိုးသားတစ်ဦးဖြစ်ပေမယ့်လည်း လင်မယားအိပ်ရာထက်သာယာမှုတွေမှာတော့ ချစ်ကြောက်ရိုသေလေးစားမှုကို မလျော့ပါးစေခဲ့ရပါဘူး။
အိမ်ထောင်ဦးစီးလင်ယောက်ျားကို သာယာစေဖို့ ဖြည့်ဆည်းပြုစုပေးရင်း ကျမရဲ့သာယာမှုဟာလည်း ပြည့်ဝပျော်ရွှင်ခဲ့ရပါတယ်။ ရမ္မက်ထန်အောင် ခံစားသာယာခဲ့ကြပေမယ့်လည်း တရားလွန်အောင် အရှက်အကြောက် လွတ်ကင်းခဲ့ရတာမျိုးတော့ မရှိအောင် ထိန်းသိမ်းပျော်ပါးခဲ့ရပါတယ်။
ဒါပေမယ့် ဖောက်ပြန်တဲ့ကာမအမှုကို ပြုမိတဲ့အခါမှာတော့ ကျမဟာ ရှက်ရွံ့စိုးထိတ်မှုတွေကနေ လွတ်ကင်းကာ အရှက်မဲ့အပျက်မလို ဖြစ်သွားခဲ့ရပါတယ်။ ကိုယ်အဖေအရွယ် လင်ငယ်ကြီးရဲ့ စိတ်ကြိုက်ပျော်ပါးဆက်ဆံသမျှကို ကျေကျေနပ်နပ်ခံယူရင်း သူ့ရဲ့အထိအတွေ့၊ ဆက်ဆံမှုတွေကို သာယာပျော်ရွှင်ခဲ့မိပါတယ်။
လွဲမှားတဲ့ ကာမအပျော်နောက်ကို တပ်မက်မှုကြီးကြီးနဲ့ မထူးဇာတ်ခင်းကာ လိုက်ပါမိခဲ့တဲ့ ကျမဟာ ထိုအပျော်ကြောင့်ပဲ အပျက်ဆန်တဲ့ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ ပြင်မရတော့တဲ့ အမှားတွေနဲ့ ကျမဖြတ်သန်းနင်းချေခဲ့မိတာက မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့သိက္ခာပါပဲ။
ဒါတွေကို ပိုပြီးသိသာစေတာက အမနဲ့ကိုထွန်းတို့ ထွက်လာချိန်မှာပါ။ အမကတော့ မျက်နှာချင်းဆိုင်မိတာနဲ့ ကျမကို ကဲလိုက်တာ၊ ထန်လိုက်တာဆိုတဲ့ သဘောမျိုးနဲ့ ပြုံးစေ့စေ့ကြည့်နေခဲ့ပါတယ်။
သူလည်း အရှက်မရှိဘဲ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာပဲလေ။ ဒါကြောင့် အမရဲ့ပြုံးစေ့စေ့နဲ့ စနောက်တဲ့အကြည့်ကို ကျမလည်း ရှက်ပေမယ့် သိပ်အနေမခက်ပါဘူး။
တစ်ခုရှိတာက ကိုထွန်းရဲ့ စူးရဲတဲ့အကြည့်တွေကိုပါ။ ကိုထွန်းက အဝတ်အစားကင်းမဲ့ကာ တဏှာထန်နေတဲ့ ကျမရဲ့အရှက်မဲ့နေပုံတွေကို တွေ့သွားနိုင်ပါတယ်။ မတွေ့ရင်တောင် အသံစုံထွက်နေတဲ့ လိုးဆော်နေသံတွေနဲ့ ကျမရဲ့ မချိတင်ကဲရေရွတ်ညည်းတွားသံတွေကို ကြားရမှာကတော့ သေချာပါတယ်။
ဒါတွေကြောင့်ပဲ ကိုထွန်းက ကျမအပေါ် စူးရဲတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတာဖြစ်ပါမယ်။ သူ့အကြည့်စူးစူးတွေက အမလို စနောက်တဲ့အကြည့်မျိုး မဟုတ်ပါဘူး။
ကျမရဲ့ ပကတိခန္ဓာကိုယ်ကို တွေ့မြင်ဖူးသူလို တပ်မက်တဲ့ အရိပ်အရောင်တွေ ပါဝင်နေပါတယ်။ ကျမရဲ့ အဝတ်အစားတွေကို ထွင်းဖောက်ပြီး ကြည့်နေသလိုပါပဲ။ အကြည့်ရိုင်းတယ်ပေါ့။
အရင်က ကိုထွန်းဟာ ဒါမျိုးမကြည့်ဖူးပါဘူး။ ကျမဟာ သူ့ဆရာနဲ့ လင်ငယ်နေ၊ ဖောက်ပြန်နေပေမယ့် ကျမတို့ချင်းတွေ့ရင် စနောက်တဲ့ အပြော၊ အကြည့်များသာ ရှိခဲ့ပါတယ်။ အခုလို တပ်မက်မှုတွေနဲ့ ကျားရဲတစ်ကောင်ရဲ့ စားချင်ဝါးချင်တဲ့ အကြည့်ရိုင်းမျိုး မရှိခဲ့ပါ။
အခုတော့ ကျမခန္ဓာကိုယ်ကို ရယူပျော်ပါးချင်တဲ့ ပိုင်စိုးပိုင်နင်း အကြည့်တွေကြောင့် ကျမမှာ သိမ်ငယ်ပြီး မျက်နှာမထားတတ်အောင် ဖြစ်ရပါတယ်။ လူအများကြား၊ အရပ်ထဲမှာ ဒါမျိုးအကြည့်ခံရရင် ဒေါသထွက်မိမှာ အမှန်ပါ။
ဒါပေမယ့် အခုတော့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကိုယ့်ခန္ဓာကိုယ်အပေါ် တပ်မက်ရိုင်းပြစွာကြည့်တာကို ဒေါသမထွက်နိုင်ဘဲ ရှက်ရွံ့သိမ်ငယ်မိပါတယ်။ အရင်ကတော့ ကျမဟာ လင်ငယ်နေတဲ့မိန်းမဖြစ်ပေမယ့် ကိုထွန်းဟာ ရင်းနှီးခင်မင်မှုကြောင့်ရော၊ သူ့ဆရာနဲ့ ပတ်သတ်သူဖြစ်နေတာရောကြောင့် မလေးစားရင်တောင် ရိုင်းပြစော်ကားတဲ့ အမူအရာမျိုးတွေ မပြခဲ့ပါ။
အခုတော့ သူ့အမြင်မှာ ကျမဟာ လင်ငယ်နေ ဖောက်ပြန်တဲ့မိန်းမဖြစ်ရုံသာမက အရှက်မရှိ လီးမက်တဲ့ မိန်းမပျက်လို့ သတ်မှတ်နေတော့မှာပါ။ ဒါကြောင့်ပဲ ကျမခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကြည့်ကာ စားချင် ဝါးချင် လိုးချင်တဲ့ မျက်ဝန်းတွေကို ကျမရင်ဆိုင်ရတာပါ။
ဒါကြောင့်လည်း ရှက်ရွံ့သိမ်ငယ်ရပြီး ကိုထွန်းကို မျက်နှာလွှဲနေရပါတယ်။ နေရတာလည်း မလုံခြုံသလို ခံစားရပါတယ်။ အားလုံးက ဘာမှမဖြစ်သလို ပြုံးရယ်စကားပြောနေကြပေမယ့် ကျမတစ်ယောက်တည်း အနေရခက်ကာ တိတ်ဆိတ်နေခဲ့ပါတယ်။
ဒီကြားထဲ ဦးနိုင်တို့က ချက်ချင်းမပြန်သေးဘဲ ကျမတို့အိမ်ဘက် လိုက်လည်ဦးမယ်လို့ဆိုလာပါတယ်။ သူတို့ လူတစ်ယောက်နဲ့ အလုပ်စကားပြောစရာရှိသေးတယ်၊ အဲဒီလူက မိုးချုပ်လောက်မှ ပြန်ရောက်မှာမို့ အချိန်နည်းနည်းစောနေသေးတယ်လို့ဆိုလာပါတယ်။
ကျမကတော့ ဦးနိုင်တို့ကို ပြန်စေချင်ပါတယ်။ ကျမမှာ နောက်ပိုင်းမအေးသလို၊ ကိုထွန်းကိုလည်း မျက်နှာပူနေမိလို့ပါ။ ပြီးတော့ ကိုစိုးပြန်မရောက်သေးရင်တောင် အမေနဲ့ သမီးကရှိသေးတယ်လေ။
ဒါပေမယ့် ဦးနိုင်က ဒီရွာမှာ အသိအကျွမ်းနည်းတာမို့ ကျမတို့အိမ်ပဲလိုက်ကာ အချိန်ဖြုန်းရင်း ခဏစောင့်ပါရစေလို့ ထပ်တောင်းဆိုလာပါတယ်။ အမကတော့ လိုက်ရင်လိုက်ခဲ့ပါစေလို့ ဝင်ပြောတယ်။
ခက်တာက အမအိမ်ကို ခေါ်သွားလို့မရဘူးလေ။ သူ့ယောက်ျားရှိနေမှာပါ။ အမေ့အိမ်ကိုပဲ ခေါ်သွားရမှာမို့ ကျမအတွက် ခက်နေတာပါ။
အမကတော့ ဒီအချိန်ရောက်မှတော့ ကျမယောက်ျားလည်း ပြန်ရောက်လာမှာမဟုတ်တော့ဘူး။ အမေ့ကို သူကြည့်ပြောပေးပါ့မယ်တဲ့။ အမေက ဦးနိုင်တို့ကို သဘောမတွေ့ပေမယ့် ဧည့်သည်အပေါ် မရိုင်းတတ်ပါဘူးလို့ ဆိုလာပါတယ်။
ကျမလည်း မလိုက်စေချင်ပေမယ့် အမကပါ ဝင်ပြောလာတော့ ဘာမှမပြောသာပါဘူး။ ဒါပေမယ့် ကျမတို့ညီအမပဲ အိမ်အရင်ပြန်နှင့်တယ်။ ဦးနိုင်တို့ကို လမ်းကြုံဝင်လာတဲ့သဘောနဲ့ အနောက်ကနေ လိုက်လာခိုင်းရပါတယ်။
အိမ်ပြန်ရောက်တာနဲ့ ကျမတို့ညီအမနှစ်ယောက်ကို အမေက ဆူပါတော့တယ်။ ခဏဆိုပြီးသွားလိုက်တာ ညနေစောင်းနေပြီလေ။ ကလေးကို ပစ်ပြီး သွားတဲ့ ကျမကို ဆူတာ ဆူသင့်ပါတယ်။
ကျမလည်း ဒီတစ်ခါနောက်ဆုံးပဲလေဆိုပြီး အမေ ပြောသမျှကို ခံနေလိုက်ပါတယ်။ အခုချိန်ထိ ကိုစိုးပြန်မရောက်သေးတာမို့ ဒီနေ့တော့ ပြန်မလာနိုင်တော့တာ သေချာပါတယ်။ ဒီတစ်ခုတော့ ရင်အေးရလို့ တော်ပါသေးတယ်။ အမကတော့ အမေ့ကို ပြန်ပြောလိုက်၊ ချော့လိုက်နဲ့ပေါ့။
သိပ်မကြာခင်မှာပဲ ဦးနိုင်နဲ့ကိုထွန်းဟာ အခုမှ အလည်ရောက်လာတဲ့ပုံမျိုးနဲ့ ခြံထဲကို လမ်းလျောက်ဝင်လာတယ်။ ကျမတို့အခြေအနေကို ကြည့်ရဦးမှာမို့ သူတို့စက်ဘီးနှစ်စီးကို ခြံဝိုင်းအပြင်လမ်းဘေးက ရေအိုးစင်နောက်မှာ ရပ်ထားခဲ့ပြီး လူချည်းလမ်းလျောက်ဝင်လာတာပါ။
ဦးနိုင်တို့ရောက်လာတာတွေ့တော့ အမေက ညည်းတို့ ဘယ်လိုအကြောင်းပြပြ ငါသဘောပေါက်တယ်၊ ညည်းတို့လင်ငယ်တွေ ညည်းတို့ပဲ ဧည့်ထောက်ခံ၊ ပြဿနာတက်လည်း ညည်းတို့ဟာညည်းတို့ အရှက်ပဲကွဲကွဲ၊ သေပဲသေသေ၊ ငါနဲ့မဆိုင်တော့ဘူးဆိုကာ ကျမ သမီးကိုကောက်ချီပြီး အခြားခြံဝိုင်းဘက် ထွက်သွားခဲ့ပါတယ်။
အမေထွက်သွားတော့မှ ကျမတို့လည်း ဦးနိုင်တို့ကို ခြံအဝင်က စားပွဲဝိုင်းမှာ ထိုင်ခိုင်းပြီး စကားထိုင်ပြောရပါတယ်။ အမတို့သုံးယောက်ပဲ စကားဖောင်ဖွဲ့နေကြတာပါ။ ကျမကတော့ တစ်ခွန်းနှစ်ခွန်းလောက်ပဲ ဝင်ပြောဖြစ်ပြီး တိတ်ဆိတ်နေမိပါတယ်။
ဒါကလည်း ဦးနိုင်အလိုးကို စိတ်လွတ်ကိုယ်လွတ် ခံလိုက်ရလို့ နွမ်းနယ်နေတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ တစ်ချက်တစ်ချက် ကျမကို လှမ်းကြည့်တတ်တဲ့ ကိုထွန်းအကြည့်တွေကြောင့်လည်း ပါပါတယ်။
မထိတထိပြုံးကာ နယ်ကျွံတပ်မက်တဲ့အကြည့်တွေကြောင့် တကယ်ကို နောင်တရကာ အနေခက်စေရပါတယ်။ ကျမဘဝက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးရဲ့ တန်ဖိုးပျက်ရုံတင်မကဘဲ ခပ်ပေါပေါမိန်းမအဖြစ် တန်ဖိုးမဲ့နေခဲ့ရပါပြီ။
ဒါတွေကလည်း ကာမလွန်ကျူးကာ ကျမ လျောက်လှမ်းခဲ့မိတဲ့ လမ်းမှားကြောင့်ပါပဲ။ အိမ်ထောင်ရေးနဲ့ မိသားစုဘဝကို တန်ဖိုးမထားခဲ့မိတဲ့ ကျမလိုမိန်းမမျိုးဟာ ဒီလိုအဖြစ်မျိုး ကြုံတွေ့ရတာ မဆန်းပါဘူး။ ခံသင့်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ကုန်ဆုံးရင် ကျမရဲ့ မိုက်မှားမှုတွေ ရပ်တန့်နိုင်ပါပြီ။ မဟုတ်ရင် အမရဲ့ပေါ့ပျက်ပျက်သဘောထားနေထိုင်မှု၊ ကိုထွန်းရဲ့ တပ်မက်လိုလားလာမှု၊ ဦးနိုင်ရဲ့ ဇွတ်တရွတ်ဆန်ပြီး ကြီးမားလှတဲ့ တဏှာအားနဲ့ ကျမရဲ့ စိတ်အလိုလိုက်မိုက်မှားမှုတွေကြောင့် ဘယ်အခြေအနေအထိ ဖြစ်ပျက်တွေ့ကြုံရဦးမလဲဆိုတာ မတွေးရဲအောင်ပါ။
ဒီလို အရှက်နောင်တများနဲ့ ငိုင်တွေနေမိစဥ်မှာပဲ အမေက သူ့မြေးကို ချီကာ ကမျောသောပါးဝင်လာပြီး ကိုစိုးဒီဘက်ကို လာနေတာကို ပြောလာပါတယ်။ အမေ့စကားကိုကြားကာ ကျမတို့အားလုံးလည်း လန့်ဖြန့်သွားကြပါတယ်။
အထူးသဖြင့် ကျမမှာ ပိုထိတ်လန့်တုန်လှုပ်သွားရပြီး အမကို အားကိုးတကြီးကြည့်လိုက်မိတယ်။ အမလည်း လန့်နေပါတယ်။
“အမ .. ကိုစိုး ပြန်လာပြီတဲ့ … ဒုက္ခပဲ … ဘာဆက်လုပ်ကြမလဲ”
“အေး .. အေး … ခဏလေး .. စိတ်အေးအေးထားစမ်းပါ …
သူကလည်း အချိန်မရှိမှ ဘယ်လိုရောက်လာမှန်းမသိဘူး”
“ကျမအကြောင်းကို သတင်းကြားလို့များ … ဒီအချိန်ကြီး ပြန်လာတာလား မသိဘူး”
“အို … မဟုတ်နိုင်တာအေ … လျောက်တွေးပြီး ပူမနေစမ်းပါနဲ့ … သူ မသိနိုင်ပါဘူး …
သူ့ဟာသူ ကားနောက်ကျလို့နေပါလိမ့်မယ် … သူပြန်ရောက်လာလည်း ဘာဖြစ်လဲ …
ဦးနိုင်တို့က ဧည့်သည်သဘောပဲဟာ … ခပ်တည်တည်နဲ့သာ နေစမ်းပါ”
“မရဘူး … သူက ဦးနိုင်တို့နဲ့ အပေါင်းအသင်းမလုပ်ဖို့ သတိပေးပြီးသား …
အခုလို တွဲတွေ့သွားရင် ပြဿနာတက်မှာ … ပြီးတော့ နောက်ပိုင်း ကျမနဲ့ ကိစ္စရှင်းကြရင် ဦးနိုင်နဲ့အကြောင်းကိုပါ ရိပ်မိသွားလိမ့်မယ်”
“အင်း … ဒါဆို ကိုထွန်းတို့ မြန်မြန်ပြန်ဖို့ လုပ်ကြတော့ …”
ဦးနိုင်တို့ ပြန်ဖို့ ထချိန်မှာပဲ ကျမလည်း စိတ်မချတာနဲ့ ခြံဝကနေ လမ်းထိပ်ဘက်ကို လှမ်းကြည့်လိုက်မိပြီး လန့်သွားရပါတယ်။
“ဟင် … မရတော့ဘူး၊ မမှီတော့ဘူး … သူတို့ လမ်းထဲဝင်လာပြီ … ထွက်လို့မရတော့ဘူး …
ကိုစိုးတစ်ယောက်တည်း မဟုတ်ဘူး … အားလုံးတော့ ဒုက္ခပါပဲ”
လမ်းထိပ်ဘက်မှာ မှောင်ရိပ်ကျနေပေမယ့် ကျမယောက်ျားရဲ့ ပုံဟန်ကို သိပါတယ်။ သူနဲ့အတူ နောက်ထပ်လူပါလာသေးတာကိုလည်း တွေ့ရတယ်။ ဘယ်နှစ်ယောက်လည်းဆိုတာ သေချာမသိပေမယ့် ကိုစိုးသူငယ်ချင်းတွေသာ ဖြစ်မှာပါ။
ဒီလိုဆိုရင် အားလုံးပြဿနာတက်နိုင်ပါတယ်။ အစကတည်းက ဦးနိုင်တို့ကို သဘောမတွေ့တာမို့ အခုလို ထိုင်စကားပြောနေတာ တွေ့ရုံနဲ့တင် ပြဿနာက တက်ဖို့များပါတယ်။ အကြီးအသေးတာ ကွာပါမယ်။
ပြီးတော့ နောက်ပိုင်း ကိုစိုးဆီမှာ ကျမရဲ့ဖောက်ပြန်မိတဲ့အမှားကို ဝန်ခံရင်လည်း ဘယ်သူဘယ်ဝါနဲ့ဆိုတာ မသိစေချင်ပါ။ အခုချိန်မှာ ပြဿနာတက်ကျရင် ကျမတွေးပူတာက ကိုစိုးတစ်ယောက်တည်းအတွက်ပါ။
ကိုစိုးရဲ့ဒေါသကြောင့် လက်လွန်ခြေလွန်တွေ ဖြစ်မှာ စိုးရိမ်မိတယ်။ ကျမ လုပ်ခဲ့တာတွေ ပေါ်မှာထက် ခရီးကပြန်လာတဲ့ ကိုစိုးကို ထိခိုက်ရမှာမျိုးကို မဖြစ်စေချင်ပါ။
“စိတ်အေးအေးထား ယဥ်အေး … ဒီလိုဆိုရင် ဒီမှာပဲ မူမပျက် ထိုင်နေမလား …
ထွက်လမ်းက တစ်လမ်းတည်းမို့ ထွက်သွားရင် တွေ့မှာပဲ …
ဒါမှမဟုတ် ငါတို့ပဲ တစ်နေရာရာ ပုန်းနေမလား …”
“ပုန်းရအောင် ဒီခြံဝိုင်းက ခြံစည်းရိုးတွေနဲ့လေ … ဟိုဘက်က ရပ်ကွက်လူကြီးအိမ် ..
ခြံစည်းရိုးကျော်တက်မှ လူမိကုန်မယ် …
ပုန်းရင်လည်း ဘယ်ကို ပုန်းမလဲ … ချောင်ပိတ်မိနေပြီ … ထိုင်နေဖို့ကတော့ မဖြစ်ဘူး …
ကျမလည်း အခုအချိန်မှာ သူနဲ့တွေ့ဖို့ လိပ်ပြာမလုံဘူး … ကြောက်တယ်”
“ဟဲ့ … အပျိုကြီးအိမ် ရှိတယ်လေ … ဒီအချိန် ဘယ်သူမှ မရှိဘူး …
အပျိုကြီး ပြန်လာလည်း ငါတို့ညီအမအချင်းချင်း ပြောလို့ရတယ် … ကိစ္စမရှိဘူး …
ထိပ်တိုက်တွေ့လို့မရရင် ခဏရှောင်နေရအောင် … ကိုထွန်းတို့ လာ … လာ … မြန်မြန်”
အမက ဦးဆောင်ပြီး ခပ်သုတ်သုတ်ထွက်သွားပါတယ်။ ဦးနိုင်တို့မှာလည်း သူများမယားကို စော်ကားလွန်ကျူးထားတဲ့ စိတ်အခံကြောင့် သွေးပျက်ထိတ်လန့်နေပါတယ်။
ပြီးတော့ သူတို့ရပ်ရွာလည်း မဟုတ်ဘူးလေ။ ဒီတော့ သွေးပျက်နေကြပြီး အမခေါ်တဲ့နောက်ကို ခပ်သုတ်သုတ် လိုက်သွားကြပါတယ်။
အမခေါ်သွားတဲ့အိမ်က ဒီခြံဝိုင်းထဲမှာပဲရှိတဲ့ အမေ့မောင်ရဲ့အိမ်ပါ။ ထိုအိမ်က ခြံအနောက်ဘက် ထောင့်ထဲမှာ ရှိပါတယ်။ နည်းနည်း အလှမ်းဝေးတာမို့ ကျမတို့နေရာက ကြည့်ရင် အိမ်ကို မြင်ရပေမယ့်လည်း အိမ်ထဲကအခြေအနေကိုတော့ မမြင်နိုင်ပါ။ ခြံထဲမှာ သစ်ပင်တွေလည်း ရှိနေတယ်လေ။
ထိုအိမ်လေးမှာက ဦးလေးနဲ့ လူပျိုအပျိုသူ့သားသမီးနှစ်ယောက်နေပါတယ်။ သမီးအပျိုကြီးက စက်ရုံဆင်းတယ်။ မိုးချုပ်လောက်မှ အိမ်ပြန်လာတတ်တယ်။
ဦးလေးနဲ့ သားတစ်ယောက်က ရွာထဲမှာ စျေးဆိုင်ဖွင့်ထားတယ်။ အများအားဖြင့် ည ၉ နာရီ၊ ၁၀ နာရီလောက်မှ ပြန်လာတတ်တယ်။ ဒီတော့ သူတို့အိမ်က နေ့ခင်းဘက် လူမရှိဘဲ အမြဲသော့ခတ်ပြီး ထားနေကျပါ။
တစ်ခါတလေ အိမ်သားတွေ နေ့ခင်းဘက် ပြန်လာရင် ဝင်လို့ရအောင် သော့တံကိုတော့ အလွယ်ပဲထားတတ်တယ်လေ။ သိပ်မကြာခင်မှာ အပျိုကြီးက စက်ရုံဆင်းကာ ပြန်လာတော့မယ်ဆိုတာ သိပေမယ့် တစ်ခြံတည်းနေကြတဲ့ ညီအမတစ်ဝမ်းကွဲတွေမို့ ကိစ္စမရှိပါဘူး။ ရှင်းပြ၊ အကူအညီတောင်းလို့ရပါတယ်။
ဒါကိုသိလို့လည်း အမက ဦးနိုင်တို့ကို ရှေ့ဆောင်ခေါ်ကာ အမြန်ပြေးတာပါ။ ကျမမှာသာ ပထမတော့ ကြောင်ပြီးရပ်နေမိသေးတယ်။
နောက်မှ အပြစ်ရှိသူရဲ့ စိုးထိတ်ကြောက်လန့်မှုနဲ့ လိပ်ပြာမလုံ၊ ရင်မဆိုင်ရဲမှုတို့ကြောင့် ရှောင်ပုန်းဖို့ရန် ကြိုးစားလိုက်ပါတယ်။ အမေ့အိမ်ရှေ့နားအရောက်မှာ ကျမကို လှမ်းခေါ်နေတဲ့ သမီးကို အမေချီထားတာကနေ ပွေ့ယူချီပြီး၊ ကိုစိုးတို့ကို တစ်ခုခုအကြောင်းပြ ပြန်ခိုင်းဖို့ ပြောရင်း အမတို့ထွက်သွားတဲ့အိမ်ဘက် အပြေးထွက်လာခဲ့ပါတော့တယ်။
ကျနော်တို့ သူငယ်ချင်းနှစ်ယောက် ယောက္ခမခြံဝိုင်းထဲ ဝင်လာချိန်မှာ တိတ်ဆိတ်ငြိမ်သက်မှုက ဆီးကြိုနေခဲ့ပါတယ်။ ယဥ်အေးနဲ့ သမီးရဲ့အသံလည်း မကြားရပါ။
ကျနော်နဲ့ သူငယ်ချင်းလည်း ခြံအဝင်ဝက ဧည့်သည်တွေလာရင် ထိုင်ဖို့လုပ်ထားတဲ့ စားပွဲဝိုင်းမှာပဲ အသာဝင်ထိုင်လိုက်တယ်။ ပြီးမှ ကျနော်က အိမ်ထဲကို လှမ်းအသံပေးပြီး ယောက္ခမဆီ လက်ဆောင်ထိုးမုန့်ထုတ်တွေ ပေးလိုက်တယ်။
ဒါပေမယ့် ယောက္ခမရဲ့မျက်နှာက သိပ်မကောင်းပါဘူး။ ကျနော့်ကိုလည်း မျက်နှာချင်းမဆိုင်။ ပြန်လာပြီလား၊ အဆင်ပြေရဲ့လားစတဲ့ စကားလောက်သာ ပြောပြီး ထိုးမုန့်ထုတ်တွေ ယူလိုက်တယ်။
အိမ်ထဲမှာ ယဥ်အေးတို့သားအမိရဲ့ အရိပ်အရောင်မတွေ့ပါဘူး။ မေးချင်ပေမယ့် ယောက္ခမကလည်း စကားစမလာ၊ မျက်နှာကလည်း သိပ်မကောင်းဖြစ်နေတာမို့ မမေးတော့ဘဲ သူငယ်ချင်းပါလာတယ်၊ သွားထိုင်လိုက်ဦးမယ်ပြောကာ အိမ်ရှေ့က ပြန်ထွက်လာခဲ့ပါတယ်။
တကယ်ဆိုရင် ကျနော်ကိုယ်တိုင်ကလည်း ယဥ်အေးကို အခုချိန်တွေ့ဖို့ စိတ်ထဲတစ်မျိုးဖြစ်နေတယ်။ ယဥ်အေးကိုတွေ့ရင် ကျနော် ဘာဖြစ်သွားမလဲဆိုတာ မသေချာပါဘူး။
အခုချိန်ထိ တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ကျနော့်စိတ်ဟာ သူနဲ့တွေ့ရင် ဘယ်လိုပြောင်းလဲသွားနိုင်မလဲ။ ဟန်မပျက်ဘဲ နေနိုင်ပါ့မလား။ ဂရုဏာဒေါသတွေ၊ ခံပြင်းနာကျည်းမှုတွေနဲ့ ပေါက်ကွဲမိလေမလား။
ဘယ်အရာမှ မသေချာပါ။ ဒါကြောင့်ပဲ သူတို့သားအမိ ဘယ်မှာလဲလို့ မမေးမိသေးတာ ဖြစ်ပါမယ်။ ပြီးတော့ မျက်နှာသိပ်မကောင်းတဲ့ ယောက္ခမကြောင့်လည်း ပါတယ်။
မိန်းမသားတွေချည်းရှိတဲ့ မုဆိုးမအိမ်မို့လည်း ယောက္ခမမှာ အဆင်မပြေမှုတွေ သူ့အပူနဲ့သူ ရှိပါလိမ့်မယ်။ ဒါမှမဟုတ် ယဥ်အေးနဲ့များ သားအမိချင်း စကားများထားကြသလားလို့ တွေးမိပါသေးတယ်။
တကယ်ဆိုရင် ရပ်ဝေးကပြန်လာတဲ့ ကျနော့်ကို တွေ့တာနဲ့ ယဥ်အေးဘယ်သွားတယ်ဆိုတာ ပြောပြနေကျလေ။ အခုလို တိတ်ဆိတ်နေဖို့မှ မဟုတ်တာ။
ဒါမှမဟုတ် ယောက္ခမကို မျက်နှာမကောင်းစေရတဲ့ အကြောင်းအရင်းရှိနေသလား။ ထိုအတွေးကြောင့် ကျနော်ဟာ သူငယ်ချင်းထိုင်နေတဲ့ဆီ လျောက်လာရင်း ပတ်ဝန်းကျင်ကို အသာငဲ့စောင်းကြည့်ကာ လေ့လာလိုက်ပါတယ်။
ကျနော် စားပွဲဝိုင်းမှာ ဝင်ထိုင်တော့ သူငယ်ချင်းက ပခုံးချင်းတိုက်ကာ ငါတို့မလာခင် ဧည့်သည်ရှိနေတယ်၊ စားပွဲခုံပေါ်ကို ကြည့်ဆိုပြီး တိုးတိုးကပ်ပြောတယ်။ ကျနော်လည်း ဝင်ထိုင်ကတည်းက သတိထားမိတယ်။
ဝိုင်းပေါ်မှာ ရေနွေးကြမ်းအိုးအပြင် အမြည်းအဖြစ် ထန်းလျက်နဲ့ စားစရာတွေ ပြင်ထားတယ်လေ။ ခွက်ထဲ ငှဲ့ထည့်ထားတဲ့ ရေနွေးကို လေ့လာကြည့်ရုံနဲ့ ဧည့်ခံထားတာ မကြာသေးတာကို သိနိုင်ပါတယ်။
ပြီးတော့ ကျနော်တွေ့ထားတာတစ်ခုကိုတော့ သူငယ်ချင်းကို မပြောပြဖြစ်သေးပါဘူး။ ဒါကတော့ အိမ်အဝင်လမ်းဘေးက ရေအိုးစင်နောက်မှာ ရပ်ထားတဲ့ ယောက်ျားစီးစက်ဘီးနှစ်စီးကိုပါ။ ဘယ်သူ့ဟာမှန်းသေချာမသိသေးတာမို့ တစ်ဦးဦး လာယူမလားလို့ ဆက်စောင့်ကြည့်နေလိုက်တယ်။
တဖြည်းဖြည်းနဲ့ မှောင်လာတယ်။ မီးလည်း မထွန်းတော့ ပိုမှောင်တာပေါ့။ ဒီအချိန် မီးအားနည်းတတ်တာမို့ မီးထွန်းလည်း ခရမ်းချဥ်သီးသာသာလောက်ပဲ လင်းမှာပါ။ မထူးပါဘူး။
နောက်တော့ ယောက္ခမခြံဝိုင်းထဲက အိမ်မှာနေတဲ့ ဦးလေးရဲ့ သမီးအပျိုကြီးက စက်ရုံကနေပြန်လာတယ်။ သူကတော့ ရောက်ရောက်ချင်း ကျနော့်ကိုတွေ့တော့ ရပ်ကာ အားရဝမ်းသာနဲ့ နှုတ်ဆတ်စကားပြောပါတယ်။
ဘယ်တုန်းကရောက်လဲ၊ အဆင်ပြေလား၊ သွားတာတောင် မသိလိုက်ဘူး၊ ကျနော့်သားသမီးတွေကိုတော့ ဒီမှာရှိနေရင် ဝိုင်းဂရုစိုက်ပေးပါတယ်လို့ ရွှမ်းရွှမ်းဝေအောင် ပြောနေပါတယ်။ ကျနော်လည်း သူတို့အိမ်အတွက် ခွဲထားတဲ့ လက်ဆောင်ထုတ်ကိုပေးရင်း စကားပြန်ပြောနေမိကြတယ်။
ဒီအချိန်မှာပဲ ယောက္ခမလည်း အိမ်ထဲက ထွက်လာပြီး ကျနော်တို့ဆီ ဝင်ထိုင်တယ်။ မျက်နှာကတော့ သိပ်မကောင်းဘူး။ ရေနွေးရှိသေးရဲ့လားလို့ ဧည့်ဝတ်စကားပြောပေမယ့် ကျနော့်ကို မျက်နှာလွှဲနေတယ်။ ပြီးတော့ သူ့တူမအပျိုကြီးကို ဝင်ထိုင်ဦးလေဆိုပြီး ခေါ်တယ်။
ယောက္ခမ လာဝင်ထိုင်တော့ သူငယ်ချင်းက ကျနော့်ဘက်လှည့်ကာ မင်း သမီးအိပ်နေပြီလားမသိဘူး၊ အသံတောင် မကြားပါလားလို့ ပြောလာပါတယ်။ တကယ်တော့ သူငယ်ချင်းက ပေါ်တင်မမေးချင်လို့ စကားအစ်လိုက်တာကို ကျနော်နားလည်ပါတယ်။
ကျနော်လည်း ဘာမှမပြောဘဲ ယောက္ခမကို ကြည့်လိုက်တယ်။ ယောက္ခမက မျက်နှာတစ်ချက်ပျက်သွားပြီး ဟိုကြည့်သည်ကြည့်နဲ့ လုပ်ကာ ကလေးက မအိပ်သေးပါဘူး၊ သူ့အမေနဲ့ လာပါလိမ့်မယ်လို့ ပြောတယ်။
ဒီအချိန်မှာပဲ အပျိုကြီးက သူ့အိမ်ဘက်လှမ်းကြည့်ပြီး အိမ်တံခါးပွင့်နေပါလား၊ ဘယ်သူလာလို့လဲလို့မေးတယ်။ ယောက္ခမကလည်း မသိပါဘူး၊ ညည်းမောင် လာလို့နေမှာပေါ့လို့ မရေမရာ ပြန်ပြောတယ်။
အပျိုကြီးကလည်း အငယ်ကောင်က ဆိုင်မှာပါ၊ ဆိုင်မှာလူကျနေလို့ ကျမ ဝင်ကူနေသေးတယ်။ ပြီးမှ အငယ်ကောင်နဲ့အဖေ့ကို ထားခဲ့ပြီး ပြန်လာခဲ့တာလို့ ပြောတယ်။ ယောက္ခမမှာ နဂိုကတည်းက ရိုးသားတဲ့သူဆိုတော့ ဟန်မဆောင်နိုင်အောင် မျက်နှာတော်တော်ပျက်နေခဲ့ပါပြီ။
စိတ်ရှုပ်နေတဲ့ပုံ၊ စိုးရိမ်ထိတ်လန့်နေတဲ့ပုံတွေက အတိုင်းသားပေါ်လွင်နေတယ်။ စကားလည်း မဆိုတော့။ အပျိုကြီးကတော့ အိမ်ထောင်ကျပြီး သတ်သတ်အိမ်ခွဲနေတဲ့ သူ့အကိုကြီးများ ရောက်နေတာလားမသိဘူးလို့ သူ့အထင်ကို ထပ်ဖြည့်ပြောလာတယ်။
စကားမဆုံးသေးခင်မှာပဲ ယဥ်အေးအမရဲ့ ယောက်ျားဟာ ရောက်ချလာတယ်။ အရက်လည်း မူးနေတဲ့ပုံပါ။ လက်ထဲမှာလည်း တုတ်တစ်ချောင်း ကိုင်ထားတယ်။ ရောက်ရောက်ချင်း သူ့မိန်းမ လာလား၊ ဘယ်မှာလဲလို့ ဒေါသသံနဲ့ မေးလာတယ်။
ဒီတစ်ခါတော့ ယောက္ခမကြီးလည်း ဘယ်လိုမှ မနေနိုင်တော့ပါဘူး။ သူ့ခမျာ အကျဥ်းအကျပ်ကျစရာတွေ ဆက်တိုက်ဖြစ်လာရတာမို့ …
“ကဲ … ငါ သေသာသေလိုက်ချင်တော့တယ် … ဒီကောင်မနှစ်ကောင်နဲ့ကတော့ ဘယ်လိုလုပ်ရမှန်းလည်း မသိတော့ဘူး …
ဒင်းတို့နှစ်ယောက်ကြောင့် ငါမြန်မြန်သေချင်တယ် …
ငါ့ကို လာမမေးကြနဲ့ … နင်တို့မိန်းမတွေ နင်တို့ဘာသာ မေးကြ … ငါ ဘာမှ မသိဘူး …”
ပြောရင်း … ကျနော့်မျက်နှာကို ကြည့်ကာ ….
“မောင်စိုး .. နင့်ကိုတော့ ငါ သနားလည်း သနားတယ်။ ငါ့သားလိုလည်း ချစ်တယ် …
ဒါကြောင့် ငါပြောမှရမယ် …..
လင်မယားနှစ်ယောက် အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြပါ။
ဒေါသအလျောက် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ …
ဒါ နင့်အတွက်ပြောတာ … ဒီလိုကောင်မမျိုး သေလည်း မလွမ်းဘူး … ငါ့မြေးတွေ မိမဲ့ဖမဲ့ဖြစ်ကုန်ကြမှာစိုးလို့ ပြောရတာပါ …
တကယ်ဆိုရင် အကြီးမက စမကောင်းတာ … သူတို့က ကလေးလည်း မရှိဘူး။ ငါ့စကားလည်း နားမထောင်ဘူး …
အဲတော့ သတ်ချင်လည်း သတ်ကြ၊ သေရင်လည်း တစ်ယောက်သေ၊ တစ်ယောက်ထောင်ထဲသွားကြ …
ငါလည်း တစ်ယောက်အတွက် စိတ်အေးရတာပဲ … အကြီးမကတော့ လုပ်ချင်တာလုပ်ကြ …
ငါ့ကို ဒီထက်ပိုပြီး မမေးကြပါနဲ့ … ငါ မပြောချင်တော့ဘူး”
ယောက္ခမက ကျနော့်မျက်နှာကို စိုးရိမ်တကြီး ကြည့်ကာ ပြောပြီးနောက် အိမ်ဘက် ထထွက်သွားပါတယ်။ ကျနော့်ရင်ထဲ အရာအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသလို နင့်နင့်သီးသီး ခံစားလိုက်ရပါတယ်။ ဒီခံစားချက်ဆိုးကြီးက ကျနော့်ကို ဒီနေ့ အကြိမ်များစွာ ထိုးနှက်နှိပ်စက်နေခဲ့တာပါ။
ပြီးတော့ ရင်ထဲမှာ ယူကျုံးမရစိတ်နဲ့အတူ ခံပြင်းနာကျည်းစိတ်တွေ ပေါ်နေရတယ်။ သူငယ်ချင်းက ကျနော့်ပခုံးပေါ်ကို လက်တင်ပြီး ညှစ်လိုက်၊ လွှတ်လိုက်နဲ့လုပ်ကာ ဒေါသကြောင့် စိတ်မလွတ်သွားအောင် သတိပေးနေခဲ့ပါတယ်။
အပျိုကြီးမှာတော့ ဘာမှနားမလည်နိုင်ဘဲ မျက်လုံးအပြူးသားနဲ့ ဖြစ်နေပါတယ်။ ပြီးတော့ ကျနော့်ကိုကြည့်ကာ ငါ့မောင်၊ ဘာဖြစ်နေကြတာလဲ၊ အမကိုလည်း ပြောပြကြပါဦးလို့ ပြောတယ်။
ကျနော်လည်း အသက်မပါတဲ့ အပြုံးနဲ့ ပြုံးကာ အမရယ်၊ ကျနော်ဘာသိပါ့မလဲ၊ အခုမှ ခရီးကပြန်ရောက်တာလေလို့ �ပြန်ပြောလိုက်တယ်။ ဒီတော့ အပျိုကြီးလည်း စိတ်ရှုပ်သွားပုံနဲ့ ငြိမ်ကာ စဥ်းစားသွားတယ်။ ဒီအချိန်မှာ ယဥ်အေးအမရဲ့ယောက်ျားက တစ်စခန်းထလာတယ်။
“မာမာဝေ၊ မသာမ၊ ဒင်းမကောင်းတာ …
သူ့ဟာသူ ချောက်ထဲဆင်းရုံမကဘူး။ မင်းမိန်းမကိုပါ တွန်းချတာကွ။ ညီအမချင်း လုပ်ရက်တဲ့ကောင်မကွာ … အံ့ဩဖို့ကောင်းတဲ့ မသာမ …
ငါ အကုန်စုံစမ်းပြီးပြီ။ အဲဒီနှစ်ကောင် ဒီနေ့လာတယ်။
ဒီဝိုင်းထဲကို ရောက်နေတယ်ကြားလို့ ငါလိုက်လာတာ … ဒီကောင်တွေ ပြန်ထွက်မသွားသေးဘူး …
မင်းမိန်းမပဲဖြစ်ဖြစ်၊ ငါ့မိန်းမပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်နဲ့ တွဲတွေ့ရင် ကိစ္စပြတ်ပြီ …
တွေ့လို့ကတော့ ပွဲကြီးပွဲကောင်းကွာ … သူသေကိုယ်သေပဲ …
အကုန်လုံးကို အပြတ်ရှင်းပစ်မယ်”
လက်ထဲ ကိုင်ထားတဲ့ တုတ်တပြင်ပြင်နဲ့ ဒေါသတကြီး အော်ဟစ်ပြောနေတယ်။ ကျနော့်မှာတော့ သူငယ်ချင်းရဲ့ အနီးကပ်သတိပေးမှုနဲ့အတူ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး ငြိမ်သက်နေမိတယ်။
ဒီအချိန်မှာ အပျိုကြီးက ငြိမ်နေတာကနေ တစ်ခုခုအတွေးပေါက်သွားပုံနဲ့ ထိုးမုန့်ထုတ်ကိုယူကာ အိမ်ဘက်သွားပြီး မီးထွန်းလိုက်ဦးမယ်ဆိုပြီး ထထွက်သွားပါတယ်။ သူသွားပြီး မကြာဘူး၊ ခြံဝိုင်းတစ်ခုလုံး မီးလင်းသွားတယ်။
အပျိုကြီးအိမ်က လျှပ်စစ်မီတာကနေ တစ်ဝိုင်းလုံးကို ပေးနေတာလေ။ ဒီနေ့မှ ထူးထူးခြားခြား မီးအားကောင်းတာလားမသိဘူး။ တစ်ဝိုင်းလုံး လင်းထိန်သွားပါတယ်။
အဖြစ်အပျက်ကတော့ အားလုံးရုပ်လုံးပေါ်နေပါပြီ။ တစ်ဆက်တည်း ကျနော်ဘာဆက်လုပ်ရမလဲဆိုတာ တွေးနေမိတယ်။ ပြီးတော့ ကျနော့်ရဲ့လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေရောပေါ့။
ဘာပဲဆက်လုပ်လုပ် ကျနော့်ဘက်က စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါနဲ့ သောင်းကြမ်းနေတဲ့ မယားညီအကိုကို …..
“မင်းအလုပ်က နေ့ဆိုင်းလား၊ ညဆိုင်းလား”
“ညဆိုင်းကွ၊ ငါ အကြောင်းတစ်ခုပြပြီး ထွက်လာခဲ့တာ … ဒါမှ ဒင်းတို့ကို ရှင်းနိုင်မှာလေ …
အေး … မင်းကတော့ ဘာမှမသိသေးတော့ အေးအေးဆေးဆေး နေနိုင်တာပေါ့ … မင်းမိန်းမအပေါ်ကိုလည်း အရမ်းယုံကြည်နေတာလည်း ပါတယ် …
ဒီမှာ … မင်းကို တစ်ခုတော့ သတိပေးလိုက်မယ် …
မင်းမိန်းမက မင်းယုံကြည်မှုကို အလွဲသုံးစားလုပ်နေတယ်ကွ”
သူပေါက်ကွဲတာကို ကြည့်ပြီး ကျနော်လည်း ကိုယ်ချင်းစာမိပါတယ်။ ကျနော်ကိုယ်တိုင်လည်း သူ့လို အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်ပါတယ်။
ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ဒီလိုပေါက်ကွဲဖို့ကို တားဆီးနေတဲ့ အကြောင်းအရင်းတွေလည်း ရှိနေခဲ့ပါတယ်။ ကျနော်မျှော်မှန်းတည်ဆောက်ထားတဲ့ အိမ်ထောင်ရေး၊ ကျနော်တန်ဖိုးထားရတဲ့ မိသားစုလေး … ဒါတွေ … တစ်စစီပြိုကွဲရတော့မှာကို မခံစားနိုင်သေးပါဘူး။
ပြီးတော့ ကျနော့်ဘဝကိုအေးချမ်းပျော်ရွှင်စေချင်တဲ့ မိဘနဲ့ ကျနော့်ကို ချစ်ခင်အားကိုးနေတဲ့ သားသမီးတွေကြောင့်လည်း ဒေါသကို လူရှေ့ချပြဖို့ ခက်နေခဲ့တာပါ။ ဒီလိုအသိတရားတွေနဲ့ ဟန်ဆောင်ထိန်းချုပ်ထားလို့ အများအမြင်မှာ တည်ငြိမ်နေပေမယ့် ရင်ထဲမှာတော့ ခံပြင်းနာကျည်း၊ ဒေါသမီးတွေကြောင့် ပူလောင်ပြင်းပြနေရပါတယ်။
ရင်ထဲ ဖြစ်ပေါ်ခံစားနေရသမျှကို စာနဲ့ဖွဲ့ပြလို့မရအောင်ပါပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်လို့ ကျနော်ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ကြံဆနေခဲ့ပါတယ်။
ကျနော် ဝင်လာကတည်းက သတိထားမိနေတဲ့ လမ်းဘေးရေအိုးစင်နောက်က စက်ဘီးနှစ်စီးကလည်း မိုးချုပ်မှောင်မဲနေတဲ့အထိ ဘယ်သူမှ လာမယူသေးပါဘူး။ ဒါဆိုရင် အနည်းဆုံး လူယုတ်မာနှစ်ကောင်ကတော့ ဒီခြံဝိုင်းထဲမှာပဲ ရှိနေနိုင်ပါတယ်။
ပိတ်မိနေတာ သေချာတယ်။ ခြံဝိုင်းရဲ့နောက်ဘက်က စက်ရုံတစ်ရုံ။ အုတ်နံရံအမြင့်ကြီးအပြင် သံဆူးကြိုးတွေပါ အပေါ်က ဆင့်ကာထားသေးတယ်။
နောက်တစ်ဖက်က ခြံစည်းရိုးကာထားတဲ့ ရပ်ရွာလူကြီးရဲ့ခြံဝိုင်း။ ဆွေမျိုးအသိုင်းအဝိုင်းများတာမို့ အချိန်မတော် တစိမ်း ဝင်သွားလို့ကတော့ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မှာပဲ။
ဒီဖက်က ခြံဝိုင်းကလည်း ခြံစည်းရိုးအတွင်းမှာ ခွေးတွေမွေးပြီး ညနေစောင်းရင် လွှတ်ထားတယ်။ ကျော်ခွဝင်သွားရင်တော့ သေလောက်အောင် အကိုက်ခံရမှာပဲ။ မဟုတ်ရင်တောင် လူစိမ်းဝင်သွားရင် ခွေးဟောင်သံ၊ ကိုက်သံတွေ ကြားရမှာသေချာပါတယ်။
ဒါတွေကို ထောက်ချင့်ပြီး အနည်းဆုံး ယောက်ျားနှစ်ယောက်ဟာ ဒီခြံဝိုင်းထဲမှာ ပိတ်မိနေတာ သေချာပါတယ်။ ကျနော် ဘာဆက်လုပ်ရမလဲလို့ စဥ်းစားနေခဲ့တယ်။ မယားညီအကို ရှိနေတော့လည်း သူငယ်ချင်းနဲ့ တိုင်ပင်လို့မဖြစ်။
ကျနော် ဘာလုပ်လုပ်၊ ကိုယ့်ဟာကိုယ်လုပ်ချင်တယ်။ သူများပါတာ မကြိုက်။ အထူးသဖြင့် မူးနေတဲ့ မယားညီအကို ပါလာရင် မလိုလားအပ်တာတွေ ဖြစ်လာမယ်။
ကျနော် စဥ်းစားနေချိန်မှာပဲ အပျိုကြီးမ ပြန်ရောက်လာတယ်။ ပြီးတော့ ကျနော့်အနားကပ်ကာ စျေးသွားဝယ်မလို့၊ အဖော်လိုက်ခဲ့ပေးပါဆိုပြီး ခေါ်တယ်။
စျေးဆိုင်က ဟိုဘက်ခြံဝိုင်းတင် ရှိတာလေ။ ကျနော့်ကို တစ်ခုခုပြောချင်လို့မှန်း သိလိုက်တယ်။ ဒါကြောင့် ကျနော်လည်း ဘာမှထပ်မပြောဘဲ ထလိုက်တယ်။
သူငယ်ချင်းကပါ သဘောပေါက်ပြီး လိုက်မလို့ပြင်တယ်။ ကျနော်က ခဏနေခဲ့ဦးဆိုပြီး ထားခဲ့လိုက်ပါတယ်။ ခြံပြင်ရောက်တော့မှ …..
“ငါ့မောင် … စိတ်အေးအေးနဲ့ နားထောင်နော် …
အမ .. အိမ်ထဲရောက်တော့ ဟိုညီအမရော၊ ယောက်ျားနှစ်ယောက်ကော တွေ့ရတယ်။
အမလည်း မီးတွေဖွင့်ပြီးတော့ သူတို့ကို အိမ်ကထွက်ခိုင်းတယ် …
ဒီတော့မှ အကုန်လုံးက ကြောက်လန့်ပြီး အမကို ဦးတွေကုန်းချပြီး တောင်းပန်ကြတယ် …
ဟိုညီအမက သူတို့ကို ကယ်ပါတဲ့ … နင်တို့ကို ပြန်ခိုင်းပေးပါတဲ့ …
ပြန်ခိုင်းလို့မရရင် ရပ်ကွက်လူကြီးတွေခေါ်ပြီး သူတို့ကို အမိဖမ်းပေးပါတဲ့ …
ဒီလိုမှမဟုတ်ရင် အခုအခြေအနေက သေတဲ့သူကသေ၊ ထောင်ကျတဲ့သူက ထောင်ကျနဲ့ ဖြစ်ကုန်လိမ့်မယ်တဲ့ …
ပြီးတော့ နင့်မိန်းမက နင့်ကို သေသေချာချာမှာလိုက်တယ် …
သူလုပ်ခဲ့တာတွေအတွက် သူခံပါ့မယ် … သူ့အတွက် မစဥ်းစားပါနဲ့တဲ့ …
သူ့လိုမိန်းမမိုက်အတွက် နင်ဘာမှဖြစ်လို့မရဘူး၊ သူက မိခင်ကောင်း မဟုတ်ခဲ့ပေမယ့် နင်ကတော့ ကလေးတွေအတွက် ဖခင်ကောင်းတစ်ယောက်အဖြစ် ရှိနေပေးပါတဲ့”
“ဪ …..”
ကျနော့်မှာ ရင်နာနာနဲ့ ဪ တစ်လုံးသာပြောနိုင်ပါတော့တယ်။ အခုမှ သားသမီးတွေမျက်နှာကို ကြည့်သတဲ့လား။ တွေးသတဲ့လား။
အစကတည်းက ကျနော်နဲ့ အိမ်ထောင်ရေးကို တန်ဖိုးမထားရင်တောင် သားသမီးတွေမျက်နှာကို ထောက်ခဲ့ရင် ဒီနေ့ ဒီအခြေအနေအထိ ဖြစ်လာစရာ မရှိဘူးလေ။ ကျနော့်အပေါ် မေတ္တာမရှိတော့ရင် ပွင့်ပွင့်လင်းလင်းပြောပြီး လမ်းခွဲခဲ့ကြရင်တောင် အခုလို သူများလက်ညှိုးထိုးကဲ့ရဲ့စရာ မိခင်မျိုး မဖြစ်တော့ဘူးပေါ့။
မိုက်လိုက်တာ ယဥ်အေးရယ် ….. အခုမှ ကျနော့်ကို မထိခိုက်စေချင်ဘူးတဲ့လား။ ကျနော့်မျှော်လင့်ချက်၊ တန်ဖိုးထားယုံကြည်မှုတွေကို တစ်စစီ ဆုတ်ဖြဲနင်းချေခဲ့ပြီးမှ သူ့အတွက် မစဥ်းစားပါနဲ့တဲ့လား …..
ကျနော့် နှလုံးသားကို ရစရာမရှိအောင် ဒဏ်ရာတွေပေးခဲ့ပြီးမှ မထိခိုက်စေချင်ဘူးတဲ့လား …. အချိန်လွန်မှ ကျနော့်အတွက် စဥ်းစားပေးရှာတာကို ရယ်ချင်နေမိပါတယ်။ စိတ်ချပါ … သူ မပြောလည်း ကျနော့်သားသမီးတွေအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေမှာပါ။
ဒီတော့မှ ကျနော့်သမီးကို သတိရလိုက်တယ်။ ဒါကြောင့်ပဲ …..
“သမီးကော အမ”
“နင့်မိန်းမရင်ခွင်ထဲမှာ အိပ်ပျော်နေတယ် … အမ ခေါ်တုန်းက ခေါ်လာမလို့ … အိပ်နေရှာတာနဲ့ ထားခဲ့တာ”
“ကဲ .. ပြောပါဦး ငါ့မောင်ရယ် … ငါ ဘာလုပ်ရမလဲ …
တကယ်တော့ သူတို့က ငါ့ညီမတွေပါ … ဒါပေမယ့် ဒီလောက်မိုက်တဲ့ကောင်မတွေကို ငါလည်း ဒေါသထွက်တယ် …
အဲတော့ နင် ဘယ်လိုဖြစ်စေချင်လဲ၊ ဘာဆက်လုပ်မလဲ … နင် ဆန္ဒရှိတဲ့အတိုင်း ဆုံးဖြတ်ပါ။ ငါ မတားပါဘူး။
ရပ်ကွက်လူကြီး ခေါ်ပြီး ဖမ်းရမယ်ဆိုရင်တော့ အခုပဲ ဝင်ခေါ်လိုက်တော့မယ် … နင်ပဲ ဆုံးဖြတ်ပါ”
ကျနော်လည်း အရာရာကို ချင့်ချိန်တွက်ဆပြီး စဥ်းစားနေမိတယ်။ ရပ်ကွက်လူကြီးခေါ်ပြီး ဖမ်းခိုင်းဖို့ကတော့ ကျနော်မလိုလားပါ။
ရပ်ကျော်ရွာကျော်ဖြစ်ကုန်မယ်။ ယဥ်အေးကို မငဲ့ကွက်ပေမယ့် သူ့ကြောင့် ကျနော့်မိဘတွေပါ အရှက်ကွဲ၊ စိတ်ဆင်းရဲရမယ်။ ပြီးတော့ ကျနော့် သားသမီးတွေကို မိခင်မိန်းမမိုက်ရဲ့ အရိပ်ဆိုးအောက်မှာ မကြီးပြင်းစေချင်ပါ။
ပြီးတော့ လူအားလုံးသိကုန်မှာကို ဖောက်ပြန်တဲ့သူက မရှက်ရင်တောင် ကျနော် ရှက်ပါတယ်။ ကျနော့်သားသမီးတွေနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။
ဒါဆိုရင် ကျနော် မသိချင်ယောင်ဆောင်ပြီး အသာပြန်နေရမလား။ ဒါကိုလည်း ကျနော် လက်မခံချင်။ ယဥ်အေးက သူ့အမှားသူသိရင် သားသမီးမျက်နှာကြောင့် ကျနော် ခွင့်လွှတ်ပေးနိုင်ရင်တောင် သူများသားမယားကို တပ်မက်စော်ကားတဲ့ လူယုတ်မာတွေကို ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါ။
ဒါက ယောက်ျားတစ်ယောက်ရဲ့ မာနနဲ့ အရှက်ကိုပါ ထိပါးစော်ကားတာပါပဲ။ စောင့်ထိိန်းကာကွယ်ရမယ့် အရာနဲ့ ခံပြင်းဒေါသတွေကြားမှာ အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ ကြိုးစားရပါမယ်။
“ဒီလိုလုပ် အမ … သူတို့သားအမိကို အမနဲ့အတူ အနောက်ခန်းမှာ ခေါ်အိပ်လိုက် …
ကျန်တဲ့သုံးယောက်ကို နောက်ဖေးပေါက်ကနေ အပြင်ကို ထွက်ခိုင်းလိုက် …
ပြီးရင် ကလန့်တွေ ထိုးထားလိုက် … ဘာဖြစ်ဖြစ် ထွက်မလာစေနဲ့ …
မာမာဝေ့ယောက်ျားကို ကျနော်ခေါ်ထုတ်သွားမယ်။ ရမရတော့ မသေချာဘူး။ ဒါတော့ မီးစင်ကြည့်ကပေါ့ …
ယဥ်အေးကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းကြည့်ဦးမယ် …
ဒါမှ မရရင်တော့ ကံပေါ့ … ဝဋ်ကြွေးလို့ပဲ သဘောထားရတော့မှာပဲ”
“အေးပါဟယ် … နင့်စိတ်ဓာတ်ကို လေးစားပါတယ် …
ခွင့်မလွှတ်နိုင်တဲ့ အမှားဆိုပေမယ့် လင်မယားနှစ်ယောက် အေးဆေးတိုင်ပင်ပြီး ဆုံးဖြတ်နိုင်တာ အကောင်းဆုံးပါပဲ …
ဒီအမိုက်မကြောင့် ကလေးတွေခမျာ ထိခိုက်ရတော့မှာ …”
ဒီလိုနဲ့ ကျနော်တို့ ပြန်လာခဲ့တယ်။ အပျိုကြီးကတော့ ကျနော့်ကို အချက်ပြကာ သူ့အိမ်ဘက် ပြန်ထွက်သွားတယ်။ ကျနော်လည်း ခဏထိုင်နေလိုက်သေးတယ်။
ခဏထိုင်နေတဲ့ အချိန်လေးအတွင်းမှာ ကျနော့်ခေါင်းထဲမှာ စဥ်းစားတွက်ချက်နေမိပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ခဲ့ပြီးချိန်မှာ ကျနော့်စိတ်တွေ တည်ငြိမ်နေခဲ့ပါပြီ။ ဒါကြောင့်ပဲ မယားညီအကိုကို …..
“ကဲ … ပြန်ကြရအောင်ကွာ … အချိန်လည်း မနည်းတော့ဘူး”
“အေး … မင်း ပြန်ချင်ပြန် … ငါတော့ မပြန်ဘူး …
ဟိုကောင်မကို ဒီနေ့အပြတ်ရှင်းရမယ် … နောက်နေ့ အကူးမခံဘူး”
“အခုချိန်လောက်ဆို မင်းအိမ်ပြန်ရောက်ရင် ရောက်နေမှာပေါ့”
“မင်း မသိဘူး။ ငါသိတယ်။ မင်းဟာမင်း အေးဆေးပြန်တော့”
“အေး .. ဒါဆိုပြန်တော့မယ်။ ခရီးပန်းလာတော့ ညောင်းပြီး အိပ်ချင်နေပြီ။
မင်းတို့အတွက် ထိုးမုန့်တွေ ဒီမှာ … ယူသွားလိုက်ဦး …
ငါ … ယောက္ခမကို နှုတ်ဆက်လိုက်ဦးမယ်”
ဒါနဲ့ အိမ်ရှေ့ကနေ နှုတ်မဆက်ဘဲ မီးဖိုနားအထိသွားလိုက်တယ်။ ပြီးမှ အမေ၊ ကျနော်ပြန်တော့မယ်၊ ခရီးပန်းလာလို့ အိပ်ချင်နေပြီဆိုပြီး တစ်ဝိုင်းလုံးကြားအောင် အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်တယ်။
ပြီးတော့ မီးဖိုတံခါးရွက်နောက်က ထရံမှာ ထိုးထားတဲ့ ဓားကို ယူပြီး ဘယ်သူမှ မမြင်အောင် ခါးကြားမှာ ထိုးလိုက်တယ်။ တကယ်တော့ ဒီ ခြောက်လက်မကျော်ရှည်တဲ့ ဓားက ကျနော်ခရီးကအပြန်မှာ ယဥ်အေးအတွက် ဝယ်လာပေးခဲ့တာပါ။
ကြက်သွန်လှီးရအောင်၊ ပြီးတော့ သူ ကုန်စိမ်းရောင်းတဲ့အခါ သုံးလို့ရအောင်ပါ။ သူက ဒီအိမ်ကို ယူလာခဲ့တာပါ။ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးတဲ့အချိန်မှာ ကျနော်ရှေ့ဆက်လုပ်ရမှာတွေကို ခေါင်းအေးအေးနဲ့ တစ်ဆင့်ချင်း ဖေါ်ဆောင်နေမိပါပြီ။
ဒီလိုနဲ့ သူငယ်ချင်းကို ခေါ်ပြီး ခြံပြင်ရောက်တဲ့အခါမှာ …..
“မင်း ခါးကြားထဲက ဓားကို အသုံးချမလို့လား”
“ဟင် …. မင်း မြင်သွားတယ်ပေါ့”
“မင်း အပြင်က ပြန်လာကတည်းက ငြိမ်ပြီး တစ်ခုခုစဥ်းစားနေကတည်းက ငါစောင့်ကြည့်နေတာ …
ငယ်ပေါင်းတွေပဲကွာ … မင်းအကြောင်း ငါသိတာပေါ့ …
သွေးအေးသွားတယ်။ ပြီးတော့ ချက်ချင်း ပြန်ဖို့လုပ်တယ်။ ယောက္ခမကို နှုတ်ဆက်တာတောင် အိမ်ရှေ့ကနေမဟုတ်ဘဲ မီးဖိုခန်းဘက် ထွက်သွားကတည်းက မင်းတစ်ခုခုလုပ်တော့မယ်ဆိုတာ ငါမှန်းမိပါတယ် …
နေဦး … လုပ်မယ်ဆိုရင် အပြင်မှာလုပ်တာ ပိုကောင်းတယ် …
အိမ်ပြန်ဟန် ပြပြီးမှ ဟိုဘက်လမ်းထိပ်မှာ စောင့်လုပ်မယ်ကွာ …
အဲဒီဘက်မှာ လမ်းမီးမရှိဘူး။ မှောင်မဲနေတာ။ ညပိုင်းလည်း လူအသွားအလာမရှိဘူး။
ချောင်းတွယ်လို့အကောင်းဆုံးပဲ … ပြီးတော့ ပြေးပေါက်လည်း ရှင်းတယ်။ ဘယ်သူမှ မသိနိုင်ဘူး”
တော်တော်ကောင်းတဲ့ သူငယ်ချင်းပါ။ ဓားယူလာတာ သိသွားလို့ တားမလားအောက်မေ့တယ်။ မတားတဲ့အပြင် နေရာအကွက်အကွင်းကိုပါ အကြံပေးရင်း ဦးဆောင်နေပါသေးတယ်။
ဘယ်ကတည်းက ဆော်ချင်နေမှန်းမသိပါဘူး။ သူကတောင် ပိုတက်ကြွနေသေးတယ်။ ရန်ပွဲတွေကို စိတ်တူကိုယ်တူ နွှဲခဲ့တဲ့ သူတွေမို့လည်း တစ်ဦးက လုပ်မယ်ဆိုတာနဲ့ ပါဝင်ဖို့ အသင့်ဖြစ်နေပါတယ်။
“ဒါနဲ့ ဒီဘက်က လာပါ့မလား”
“လာမှာပါကွာ … ဒီလို ကြာကူလီမျိုးက လူရှင်းပြီး မှောင်တဲ့ဆီပဲ အားကိုးပြီး ပြေးလာမှာပဲ”
လမ်းထိပ် မှောင်ရိပ်ထဲမှာ ထနောင်းပင်ကြီးရှိတယ်။ ဒီနေရာက ချောင်ကျပြီး လူအသွားအလာနည်းတာမို့ အတွဲတွေ လာချိန်းတွေ့တတ်ကြတယ်။ ညဆိုရင်တော့ လူသွားလူလာ မရှိပါဘူး။
ထနောင်းပင်ကြီး အကာအကွယ်ရှိသလို မှောင်ကလည်းမှောင်နေတာမို့ ဒီနေရာကနေ ဆီးဆော်လိုက်ရုံပါပဲ။ ပြီးတော့ ခြံကြားလမ်းတွေထဲကနေ အိမ်ဘက်ကို အသာပြန်လစ်လို့ရပါတယ်။ နေရာအကွက်အကွင်းအကြောင်းကို နှစ်ယောက်သား တိုင်ပင်ပြီးတော့မှ ကျနော်က …..
“ဒါဆို မင်းပြန်တော့”
“ဘာကွ၊ ပြန်ရမှာက ငါမဟုတ်ဘူး။ မင်းပြန်ရမှာ …
မင်းပြန်ပြီး လူလုံးပြထားရမှာ။ ဒါမှ နောက်ပိုင်း ဇာတ်လမ်းရှုပ်လာရင် မင်းမပါတာကို အလီဘိုင်ပြလို့ရမှာ …
ငါ့ကိုတော့ ဘယ်သူမှ မသင်္ကာဖြစ်မှာမဟုတ်ဘူး … မင်းပဲပြန်”
“မဟုတ်ဘူးလေ၊ ငါ့ကိစ္စငါရှင်းချင်တယ် … မင်းကိုလည်း ဒုက္ခမရောက်စေချင်ဘူး”
“မလိုပါဘူးကွာ … ငါက အစကတည်းက လုပ်ဖို့ ဆုံးဖြတ်ထားပြီးသား …
ဒီကိစ္စက မင်းကိစ္စမို့လို့ပဲ မင်းကို မပါခိုင်းတာ … နောက်ပိုင်း အမှုအခင်းတွေ ဖြစ်လာမှာစိုးလို့”
“မဟုတ်သေးဘူးလေ။ ဟိုကောင်တွေက ငါတစ်ခုခုမလုပ်ရအောင် မင်းကို ထိန်းခိုင်းခဲ့တာ မဟုတ်လား”
“အေး .. ဟုတ်တယ်။ မင်း ဒေါသအလျောက် မလုပ်ရအောင် ထိိန်းခိုင်းလိုက်တာ။
ဒါပေမယ့် တစ်နေရာရာမှာ အဲကောင်တွေကို ထိပ်တိုက်တွေ့လို့ မင်းကို တားမရရင် ငါ့ကို မင်းအရင် ဦးအောင် ဆော်ခိုင်းလိုက်တယ်။
သေတဲ့အထိတော့ မလုပ်နဲ့တဲ့။ ကျန်တဲ့ကိစ္စကို အားလုံးတာဝန်ယူပြီး ဝိုင်းရှင်းကြမယ်တဲ့။
မင်းလုပ်ရင် လက်လွန်ကုန်မှာစိုးလို့။ မင်းမှာက သားသမီးတွေ ရှိသေးတယ်လေ”
ကျနော်တို့နှစ်ယောက်မှာ သူပြန်၊ ကိုယ်ပြန် ငြင်းရင်းနဲ့ပဲ နှစ်ယောက်လုံး ထိုင့်စောင်ဖြစ်သွားပါတယ်။ သူငယ်ချင်းက အနားက ခြံစည်ရိုးလုပ်ထားတဲ့ သစ်သားတန်းကို ဆွဲဖြုတ်ပြီး ကိုင်ထားတယ်။ ဒါပေမယ့် သူတို့က တော်တော်နဲ့ ထွက်မလာကြဘူး။
လုပ်ချင်လို့ လက်ယားနေချိန်မှာ စောင့်ရတာဟာ ပိုကြာသလိုပါပဲ။ ကျနော်တို့လည်း နည်းနည်းကြာလာတော့ စိတ်မရှည်ကြတော့ပါဘူး။ ယောက္ခမခြံဝိုင်းဘက်ကို မျှော်ကြည့်ရင်း ဖင်တကြွကြွဖြစ်နေခဲ့တယ်။
ကြောက်ပြီးတော့ပဲ အပျိုကြီးအိမ်ထဲက ထွက်မလာရဲသေးတာလား။ မာမာဝေ့ယောက်ျားလည်း မပြန်သေးဘူးမဟုတ်လား။ ဒါမှမဟုတ် ဟိုနှစ်ယောက်က တချောင်ချောင်ကပဲ ပြန်ပြေးသွားတာလား။ ဒီညမလုပ်ဖြစ်လိုက်မှာကို စိတ်ပူနေမိတယ်။
နောက်တော့ သူငယ်ချင်းက စိတ်မရှည်တော့ဘဲ သူသွားပြီး အရိပ်အကဲကြည့်လိုက်ဦးမယ်။ ကျနော့်ကို စောင့်နေဖို့ပြောတယ်။ ကျနော်လည်း သူ့ကို မြန်မြန်သွားကြည့်ပြီး ပြန်လာခဲ့လို့မှာကာ နှစ်ယောက်သား ထလိုက်ကြတယ်။
ဒီအချိန်မှာပဲ ယောက္ခမခြံဝိုင်းဘက်ကနေ ရိုက်နှက်အော်ဟစ်သံတွေ ကြားလိုက်ရတယ်။ မယားညီအကိုရဲ့ နင်တို့ကို အသေသတ်ပစ်မယ်ဆိုတဲ့ အသံနဲ့အတူ တဘုန်းဘုန်းရိုက်နှက်သံတွေ၊ အမလေးတကာ သေပါပြီ၊ ကြောက်ပါပြီနဲ့ အော်ဟစ်သံတွေ ဆူညံနေခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ကျနော်တို့ စောင့်နေတဲ့ဘက်ကို ဒရောသောပါး ပြေးလာတဲ့ ခြေသံတွေ ကြားလိုက်ရတယ်။ မှောင်မှောင်မဲမဲမှာ ဘယ်သူဘယ်ဝါရယ်လို့ မသဲကွဲပေမယ့် လူနှစ်ယောက် ပြေးထွက်လာတာကို တွေ့ရတယ်။
သူငယ်ချင်းက ကျနော့်ထက်တောင် မြန်တယ်။ ထွက်ပြေးလာတဲ့သူတွေ ကျနော်တို့အနားရောက်လာတာနဲ့ သစ်ပင်ကွယ်က ပြေးထွက်ကာ နှစ်ယောက်လုံးရဲ့ ခြေထောက်တွေကို သိမ်းရိုက်ပါတယ်။
ပြေးလာတဲ့ နှစ်ယောက်မှာ ဒလိမ့်ကောက်ကွေး ပစ်လဲကျသွားတယ်။ တစ်ယောက်က ကျနော့်အနားကို ပစ်လဲကျလာတယ်။
ကျနော်လည်း မုဆိုးဒူးထောက်ထိုင်လိုက်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ဓားနဲ့ ဗိုက်ထဲကို အားကုန်ထိုးချလိုက်တယ်။ ထိုသူက “အား” ဆိုပြီး အသံနက်ကြီးနဲ့ အော်ကာ ထိုးလိုက်တဲ့ ဓားကို အတင်းဖမ်းဆွဲဆုပ်ကိုင်ထားတယ်။
ကျနော်လည်း ဓားကို ဆွဲနှုတ်ပေမယ့် ထိုသူက သွေးရူးသွေးတန်းနဲ့ ဓားကို ဆုပ်ကိုင်ထားတာမို့ တော်တော်နဲ့ ဆွဲနှုတ်လို့မရပါဘူး။ သူငယ်ချင်းကလည်း ကျန်တဲ့တစ်ယောက်ကို တဘုန်းဘုန်းမြည်အောင် ဆက်တိုက်ရိုက်နေပါတယ်။
ထိုသူကလည်း တရစပ်အရိုက်ခံနေရတော့ ကယ်ကြပါ၊ ကြောက်ပါပြီအော်ရင်းနဲ့ နောက်ဆုံးတော့ မှောက်ခုံကြီး ငြိမ်သွားတာကို တွေ့လိုက်ရတယ်။ ကျနော် ဓားနဲ့ထိုးလိုက်တဲ့သူကလည်း သွေးရူးသွေးတန်း အော်ဟစ်ကာ ဓားကို အတင်းဖမ်းဆွဲထားတုန်းပါပဲ။
နောက်ဆုံးတော့ သူ့ရင်ဘတ်ကို ဖိပြီး ဓားကို လှည့်ကာ အားကုန်ဆွဲနှုတ်လိုက်တယ်။ ဒီတော့ ဖမ်းဆုပ်ထားတဲ့ သူ့လက်ချောင်းတွေလည်း အကြောအဆစ်တွေ ပြတ်ကုန်ကာ သွေးချင်းချင်းနီသွားပါတော့တယ်။
ဗိုက်ထဲကလည်း သွေးတွေ ပန်းထွက်လာတယ်။ ကျနော်လည်း ထိုးလိုက်တဲ့သူရဲ့ မျက်နှာကို ကြည့်ပေမယ့် ဘယ်သူဘယ်ဝါမှန်း သေချာမမြင်ရဘူး။ မှောင်ကလည်းမှောင်၊ ထိုလူကလည်း လူးလှိမ့်နေတာလေ။
သူငယ်ချင်းက အနားရောက်လာပြီး သွားကြမယ်၊ လစ်စို့လို့ သတိပေးတယ်။ ယောက္ခမခြံဝိုင်းဘက်မှာတော့ ငိုယိုအော်ဟစ်ကာ ဆူညံနေတုန်းပါပဲ။ ကျနော်တို့ဘက်ကို ဂရုမစိုက်နိုင်သလို လာလည်း မလာနိုင်ကြသေးပါဘူး။
ဒီလိုနဲ့ ကျနော်တို့နှစ်ယောက်လည်း လမ်းကြားတွေထဲကနေ အိမ်ကို အမြန်ပြန်ပြေးလာကြပါတယ်။ အိမ်ရောက်တော့ အဖေရော၊ အမေရော အိပ်နေကြပါပြီ။
ကျနော်တို့လည်း အိမ်ထဲ တိတ်တဆိတ် ဝင်ကာ ကျနော့်အခန်းထဲ ဝင်ပြီး အိပ်ဖို့လုပ်လိုက်ကြပါတယ်။ တစ်ပိုင်းလုံးတော့ ဆူညံနေပါတယ်။ အိမ်တွေကလည်း နိုးကုန်ပြီမို့ ယောက္ခမခြံဝိုင်းထဲကို ရောက်နေကြပါပြီ။
အိပ်ပျော်နေတဲ့ အဖေတို့လည်း နိုးလာသံ ကြားရတယ်။ ပြီးတော့ ကျနော့်အခန်းဘက် လာကြည့်သေးတယ်။ ကျနော်တို့နှစ်ယောက်လည်း စကားမပြောကြဘဲ အိပ်ချင်ယောင်ဆောင်နေလိုက်ကြပါတယ်။
သူငယ်ချင်းကတော့ အပူအပင်မထားဘဲ ငြိမ်နေရင်း အိပ်ပျော်သွားပါတယ်။ ကျနော်လည်း လုပ်ခဲ့တာတွေအတွက် မပူပင်မိပါဘူး။ ကျေနပ်နေမိပါတယ်။
ဒီနေ့တစ်နေ့လုံး ကျနော့်ရင်ထဲ တအုံနွေးနွေးနဲ့ နာကျင်ခံစားခဲ့ရတာတွေကို ဖွင့်ထုတ်လိုက်ရပြီးပြီလေ။ ကျနော့်မိသားစုဘဝကို ဖျက်စီးခဲ့တဲ့ သူတွေကို လက်တုံ့ပြန်ခဲ့ရပြီမို့ ကျေနပ်နေမိတာပါ။
အခြေအနေအရပ်ရပ်ကို တွက်ဆပြီး လုပ်ခဲ့တာပဲလေ။ ဒါကြောင့်ပဲ ရှေ့လျောက်ရင်ဆိုင်ရမှာတွေ၊ ပြဿနာတက်လာနိုင်တာတွေကို မပူပင်တော့တာပါ။ ယောက်ျားပဲလေ။ ဖြစ်လာလည်း ရင်ဆိုင်ရုံပဲပေါ့။
ဒါပေမယ့် ကျနော်လုပ်ရမှာတွေက မပြီးသေးပါဘူး။ မနက်ဖြန်မှာ ကျနော့်မိသားစုအတွက် အကောင်းဆုံးဖြစ်စေမယ့် လမ်းကို ရှာဖွေဖော်ဆောင်ဖို့ ကျန်ရှိနေပါသေးတယ်။
တစ်နေကုန် ခရီးကလည်း ပန်းလာခဲ့ပါတယ်။ ခံစားနာကျင်ခဲ့ရတာတွေအတွက်ကတော့ အတော်အတန် ဖြေသိမ့်ကျေနပ်နိုင်ခဲ့ပါပြီ။ ဒါကြောင့်ပဲ နောက်ဖြစ်လာမှာတွေကို မတွေးတော့ဘဲ စိတ်သက်သက်သာသာနဲ့ အိပ်ပျော်သွားခဲ့ရပါတော့တယ်။
အခန်း ( ၇ )
နောက်နေ့မနက်မှာတော့ ကျနော်တို့သူငယ်ချင်းနှစ်ယောက်ဟာ ကြည်ကြည်လင်လင်ပဲ နိုးလာကြပါတယ်။ နှစ်ယောက်သားမှာ မနေ့ညက ဘာမှမဖြစ်ခဲ့ကြတဲ့ပုံနဲ့ အမေပြင်ပေးတဲ့ မနက်စာထမင်းကြမ်းကို အေးအေးဆေးဆေး ထိုင်စားကြပါတယ်။
အမေကတော့ ညက နောက်မကျစေနဲ့ မှာလိုက်တာကို သူတို့အိပ်ချိန်ထိ ပြန်မလာခဲ့တဲ့ ကျနော်တို့ကို ဆူနေခဲ့ပါတယ်။ ပြီးတော့ ညသန်းခေါင်လောက်မှာ ဟိုဘက်အပိုင်း၊ ယောက္ခမခြံဝိုင်းဘက်က ဆူဆူညံညံတွေကြားမှ သူတို့လည်း တစ်ရေးနိုးတယ်တဲ့။
အဲဒီအချိန်မှာ ကျနော်တို့က ပြန်ရောက်ပြီးလို့ အိပ်နေတာတွေ့တယ်။ ဘယ်အချိန်ပြန်ရောက်လာကြလဲလို့ မေးနေခဲ့ပါတယ်။ ကျနော်တို့လည်း ညက အရမ်းကြီးနောက်မကျပါဘူးလို့ပဲ မရေမရာပြောကာ နှုတ်ဆိတ်နေခဲ့ကြပါတယ်။
အမေကတော့ ညက ဆူညံနေတဲ့ ကိစ္စကို ဆက်ပြောမလို့ ပြင်ပြီးမှ ရပ်လိုက်ပါတယ်။ ညကကိစ္စဟာ မနက်မိုးလင်းမှာ ပျံ့နှံ့နေတော့မှာပါ။ အမေတို့လည်း အနည်းအကျဥ်းတော့ ကြားမိကြမှာပါ။
အနည်းဆုံးတော့ ယဥ်အေးရဲ့ အမ လင်မယားတို့ ရန်ဖြစ်ကြတာကို သိနေပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်မိဘတွေက အနေအေးသလို ကျနော့်အရေးကိစ္စတွေမှာ ဝင်မစွတ်ဖက်ဘဲ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပေးလေ့ရှိကြပါတယ်။ ကျနော့်ကိုလည်း ယုံကြည်ကြပါတယ်။
အဖေက ကျနော်တို့မနိုးခင်ကတည်းက ကျနော့်သားကို ခေါ်ပြီး အလုပ်ဘက်ထွက်သွားပါပြီ။ ကျနော်လည်း ပြန်ရောက်ကတည်းက စိတ်ထိခိုက်စရာတွေ များနေခဲ့တာမို့ သားနဲ့ပင် မတွေ့ရသေးပါဘူး။
အမေလည်း ကျနော်တို့စားနေတုန်း အပြင်ထွက်သွားတယ်။ ဒီတော့မှ ကျနော်တို့လည်း ခေါင်းငုံ့ထမင်းကြမ်းစားနေတာကနေ စကားစပြောဖြစ်ကြပါတယ်။
“မင်း … ယောက္ခမအိမ်ဘက် အခြေအနေ သွားကြည့်ဦးမှာလား”
“အေးဆေးမှ သွားကြတာပေါ့။ မသွားရင် မသင်္ကာစရာ ဖြစ်နေလိမ့်မယ်”
“အင်း၊ မင်းကို စိတ်ချသွားပါပြီ။ မင်းသွေးအေးမှန်း သိပါတယ်။
ဒါပေမယ့် ဒီကိစ္စမျိုးက မထိန်းနိုင်ဘဲ ပေါက်ကွဲနိုင်တယ်မဟုတ်လား။
ဒါပေမယ့် မင်းကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လုပ်စရာရှိတာ လုပ်သွားနိုင်တယ်”
“မငြိမ်လို့မှ မရတာလေ။ ငါက မဟုတ်မခံစိတ်ရှိတာ၊ ငါ့မိသားစုနဲ့ အသိုင်းအဝိုင်းကိုထိရင် ဆတ်ဆတ်ထိမခံဖြစ်တတ်တာ မှန်ပါတယ်။
ဒါပေမယ့် သစ်ပေါက်သမားလိုပေါ့ကွာ။ နေရာတကာ အားသုံးပြီး ပေါက်နေရင် ပင်ပန်းပြီး မထိရောက်တတ်ဘူးလေ။
သစ်ပင်ရဲ့အကျောကြည့်ပြီး ပေါက်ရသလို သစ်မြစ်ဆုံဆိုရင်လည်း တဖြည်းဖြည်းချင်း ပေါက်ရမှာပေါ့။
သစ်ကြောမကြည့်ဘဲ အားအရမ်းစိုက်ပြီး တွန်းပေါက်ရင် ကိုယ့်ကိုပြန်ထိတတ်တယ်လေ။
ဒီသဘောတရားကို ငါလည်းသိပါတယ်။ ပြီးတော့ မင်းတို့လို သူငယ်ချင်းကောင်းတွေကြောင့်လည်း ငါ့စိတ်ကို ပိုထိန်းနိုင်ခဲ့တာပါ”
“အေးကွ … ဒါနဲ့ ညက ကိစ္စမှာ ငါတို့ဘက်က ပိရိဖို့ လိုတယ်နော်”
“အင်း … မနေ့ည သန်းခေါင်ယံလောက်မှာ ငါတို့လုပ်ခဲ့တဲ့ ကိစ္စကို ခေါင်းထဲက တစ်ခါတည်း ရှင်းထားတာ ကောင်းမယ်။
အဓိကကတော့ တို့ခံစားချက်ကို မျက်နှာပေါ်မှာ မပေါ်ဖို့လိုတယ်။
အခြေအနေကိုကြည့်ပြီး အံ့ဩစရာရှိရင် အံ့ဩလိုက်၊ ဝမ်းသာစရာရှိရင် ဝမ်းသာလိုက်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းလိုက် … ဒါဆိုရင် ငါတို့နှစ်ယောက်ကို ဘယ်သူမှ မသင်္ကာဖြစ်မှာ မဟုတ်ဘူး…
လာကွာ … စားပြီးရင် ယောက္ခမခြံဘက် သွားရအောင်”
ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ယောက္ခမခြံဘက် ရောက်လာခဲ့ပါတယ်။ ခြံထဲမှာ ရဲတွေရော၊ ရပ်ကွက်လူကြီးတွေရော ရောက်နေကြတယ်။ ကျနော့် မယားညီအကိုကိုလည်း ရဲက လက်ထိတ်ခတ်နေတာ တွေ့ရတယ်။
ကျနော်လည်း အပျိုကြီးကို ခေါ်ပြီး ဘာတွေဖြစ်နေလည်းဆိုတာ အကျိုးအကြောင်း မေးကြည့်တယ်။ အပျိုကြီးအမက ကျနော့်ကို ကြည့်ပြီးစိုးရိမ်တကြီးနဲ့ ဖြစ်ခဲ့တာတွေကို ပြောပြလာတယ်။
ညက မာမာဝေရယ်၊ ဟိုယောက်ျားနှစ်ယောက်ရယ် ညတွင်းချင်း ဆေးရုံကို အရေးပေါ်တင်လိုက်ရပါတယ်။ အပျိုကြီး အိမ်အနောက်ဘက် မှောင်ရိပ်မှာ သူတို့သုံးယောက်ကို တွေ့တော့ မယားညီအကိုက အော်ဟစ်ပြီး အကုန်သိမ်းကျုံး ဝင်ရိုက်ပါတယ်။
ယောက်ျားနှစ်ယောက်လည်း အဆော်ခံရတော့ အလဲလဲအကွဲကွဲနဲ့ ကြောက်အားလန့်အား ထွက်ပြေးသွားတယ်။ ဒီတော့ ကျန်နေတဲ့ မာမာဝေကို သူ့ယောက်ျားက လှိမ့်ပိတ်ရိုက်ပါတော့တယ်။
သူတို့လည်း ဝိုင်းဆွဲနေရတာနဲ့ ရှုပ်ယှက်ခတ်နေခဲ့တယ်။ နောက်ဆုံးတော့ မာမာဝေ မထနိုင်တော့မှ ဆေးရုံပို့ဖို့ ပြင်ရပါတော့တယ်။
တစ်ပိုင်းလုံးလည်း နိုးကာ သူတို့ခြံဝိုင်းဘက် ရောက်လာကြတယ်။ ဒီမှာတင် လမ်းထိပ်မှောင်ရိပ်ထဲမှာ သွေးသံတရဲရဲနဲ့ လဲနေတဲ့ လူနှစ်ယောက်ကို ရပ်ကွက်က လူတွေက တွေ့ပါတော့တယ်။
နှစ်ယောက်လုံး မေ့နေကြပြီ။ အသက်ကြီးတဲ့ တစ်ယောက်ကတော့ ဓါးဒဏ်ရာကြီးနဲ့ပါ။ ဒါကြောင့် ရပ်ကွက်က လူတွေကပဲ ဆေးရုံကို တင်ပေးလိုက်ရပါတယ်။
ဆေးရုံရောက်တော့ ဒဏ်ရာတွေနဲ့မို့ ရဲကစစ်ချက်ယူရပါတယ်။ ဒီတော့ အမှုဖွင့်သလို ဖြစ်သွားရတာပေါ့။ ဟိုနှစ်ယောက်ကတော့ အသည်းအသန်ဖြစ်ကာ သတိမေ့နေခဲ့ပါတယ်။ မာမာဝေကို စစ်ချက်ယူတော့ သူ့ယောက်ျားရိုက်တာကို ရဲကသိသွားပြီး အခုလို ခြံထဲကို စစ်ချက်လာယူရင်း ဖမ်းနေတာပါ။
ဆေးရုံပေါ်က သုံးယောက်လုံးကတော့ ဒဏ်ရာပြင်းတာမို့ ညတွင်းချင်း ခရိုင်ဆေးရုံကို ပြောင်းလိုက်ရပါတယ်။ မာမာဝေကတော့ ခါးရိုးထိသလို နံရိုးနှစ်ချောင်းလည်း အက်သွားတယ်လို့ အကြမ်းဖျင်းသိရတယ်။ ဟိုနှစ်ယောက်ကတော့ သေလောက်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် သေတော့ မသေဘူးတဲ့။
ကျနော်လည်း အပျိုကြီးနားကနေ လက်ထိတ်ခတ်ခံထားရတဲ့ မယားညီအကိုနား လျောက်သွားလိုက်တယ်။ ရဲက ဘာတော်လည်းမေးတော့ ကျနော့်နာမည်ပြောပြီး တော်စပ်ပုံကို ပြောပြလိုက်တယ်။
ရဲက ယူထားတဲ့ စစ်ချက်ထဲမှာ ကျနော့်နာမည်ပါနေတာမို့ နည်းနည်းမေးချင်တယ်လို့ဆိုတယ်။ ကျနော်လည်း ဖြေပါ့မယ်လို့ ပြောလိုက်တယ်။
ဖြစ်စဥ်ကို စစ်ချက်ယူတော့ ညက ခြံထဲမှာ ကျနော် ရှိနေခဲ့တာနဲ့ အခင်းမဖြစ်ခင်ကတည်းက ပြန်သွားခဲ့တာ ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် နယ်ထိန်းက ကျနော်တွေ့မြင်ခဲ့တာတွေကို မေးတယ်။
ကျနော်လည်း ခေါင်းအေးအေးထားပြီး ဖြေသင့်သလောက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေပေးလိုက်ပါတယ်။ ဒီတော့ နယ်ထိန်းက အခြားသူတွေရဲ့ စစ်ချက်နဲ့တိုက်ကြည့်ပြီး ကျနော့်အစစ်ခံချက်ကို သူ့အထက်က အမှုစစ်အရာရှိဆီ ပေးလိုက်ပါတယ်။
ပြီးတော့ ညက ဒီကအပြန်မှာ ဘယ်ကိုဝင်သေးတုန်းလို့ ထပ်မေးတယ်။ ကျနော်က ဘယ်မှမဝင်ဘူး၊ ခရီးပန်းလာလို့ အိမ်တန်းပြန်ပြီး ဝင်အိပ်လိုက်တာ၊ အခုနိုးတော့မှ ဒီကို ထွက်လာတာလို့ ပြောလိုက်တယ်။ ရဲက ကျေးဇူးတင်ကြောင်းပြောကာ နောက်ထပ်မမေးတော့ပါဘူး။
တကယ်ဆိုရင် ကျနော့်တို့ ထွက်သွားပြီး နည်းနည်းကြာတော့မှ အခုလိုဖြစ်ကြတာပါ။ လမ်းထိပ်မှာ ကျနော်တို့နှစ်ယောက် အတော်ကြာအောင် စောင့်နေခဲ့ရသေးတယ်လေ။ အချိန်ကွာဟမှုရှိသွားတယ်။ ဒါက တစ်မျိုးကောင်းတာပါပဲ။
ပြီးတော့ အားလုံးကလည်း ကျနော်က ဘာမှမသိဘဲ အစောကြီးပြန်သွားတာကို အခိုင်အမာထွက်ဆိုပေးထားကြတယ်။ ဟိုနှစ်ယောက် ခံရတာဟာ ကျနော့်ပယောဂ မကင်းဘူးလို့ အပျိုကြီးနဲ့ ယောက္ခမက ခန့်မှန်းမိပါလိမ့်မယ်။
ဒါပေမယ့် ကျနော့်ကို အမှုနဲ့ မပတ်သတ်အောင် ဖုံးကွယ်ထားပေးကြပါတယ်။ ဒါနဲ့ မယားညီအကိုကို ဆေးရုံပေါ်မှာ ဘယ်သူတွေတုန်းလို့ မေးလိုက်တယ်။
သူ့မိန်းမရယ်၊ လင်ငယ်ရယ်၊ နောက်ထပ်အဖော်တစ်ယောက်ရယ်လို့ ပြန်ပြောတယ်။ ပုံပန်းသဏ္ဌာန်ကို မေးကြည့်တော့ ညက ကျနော် ဓားနဲ့ထိုးလိုက်တဲ့သူဟာ နိုင်မင်းဆိုတဲ့ ကြာကူလီဖြစ်နေပါတယ်။ သူငယ်ချင်း လှိမ့်ပိတ်ရိုက်တဲ့သူက မာမာဝေ့လင်ငယ်ပါ။
ဒီလို အသေအချာသိရတော့ ကျနော် ကျေနပ်အားရမိတယ်။ သူများမယားကို ကြာခိုအချောင်နှိုက်တဲ့သူ၊ သူ့ရမ္မက်အပျော်ကြောင့် ထိခိုက်ပျက်စီးရတဲ့ ကျနော့်မိသားစုဘဝအတွက် ထိုလူယုတ်မာကို လက်တုံ့ပြန်နိုင်ခဲ့ပြီလေ။
ဒါပေမယ့် ကျနော့်ရင်ထဲက ကျေနပ်နှစ်သိမ့်မှုကို မျက်နှာမှာ မပေါ်ရအောင် ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါနဲ့ မင်းကို ဘာလို့ လက်ထိတ်ခတ်တာလည်းလို့ မေးလိုက်တယ်။
သူ့မိန်းကို ရိုက်တဲ့အမှုနဲ့တဲ့။ ဒါဆို မင်းမိန်းမက အမှုဖွင့်တာလားလို့ မေးတဲ့အခါမှာ ဆေးရုံပေါ်မှာ စစ်ချက်ယူတော့ တိုင်သလို ဖြစ်သွားတာပါလို့ ရဲက ဝင်ပြောပါတယ်။
ထို့နောက် ရဲက မယားညီအကိုကို အခင်းဖြစ်နေရာ လိုက်ပြခိုင်းတယ်။ အပျိုကြီးအိမ်အနောက်ဘက် မှောင်မှောင်မဲမဲမှာ သူ့မိန်းမနဲ့ ယောက်ျားနှစ်ယောက်ကို တွေ့တာမို့ ဝင်ရိုက်တာလို့ နေရာကိုပြရင်း ပြောပြတယ်။
ပြီးတော့ ထိုနှစ်ယောက် ဓားဒဏ်ရာနဲ့ လဲကျနေတဲ့ နေရာဆီ သွားစစ်ကြတယ်။ ဒါကတော့ မယားညီအကိုက သူနဲ့မဆိုင်ကြောင်းပြောတယ်။ သူက ထိုသူတွေကို တစ်ချက်နှစ်ချက်ပဲ ရိုက်လိုက်ရတာ၊ သူတို့ဟာသူတို့ ထွက်ပြေးသွားတာ၊ သူက မိန်းမကို ဒေါသထွက်ထွက်နဲ့ ဆက်ရိုက်နေမိတာလို့ ပြောတယ်။
နောက်ပြီး ထိုနှစ်ယောက် လမ်းပေါ်မှာ လဲနေတာကို စတွေ့တဲ့သူတွေကိုလည်း စစ်တယ်။ သူတို့ကလည်း စတွေ့ပုံနဲ့ ထိုအချိန်အထိ မယားညီအကိုဟာ ယောက္ခမခြံဝန်းထဲမှာ မိန်းမနဲ့ ပြဿနာတက်နေတုန်းဆိုတာကို အစစ်ခံတယ်။
ယောက္ခမနဲ့ အပျိုကြီးကလည်း ဓားနဲ့ထိုးတာ မယားညီအကိုမဟုတ်ကြောင်းကို အခိုင်အမာ ထွက်ဆိုကြတယ်။ ရဲကလည်း ဓားနဲ့ထိုးတဲ့သူက သတ်သတ်ရှိတာကို သဘောပေါက်ပါတယ်။
ဒီအချိန်မှာ ကျနော်က ဝင်မေးဖြစ်တယ်။ ထိုနှစ်ယောက်ကို ဘယ်သူသိလဲ။ ဒီအပိုင်းထဲမှာ သူတို့ကို သိတဲ့သူရှိလား။ သူတို့က ဘယ်သူ့ဆီလာတာလဲ။ အားလုံးက ထိုသူတွေကို သိလည်း မသိဘူး၊ သူတို့ဆီ လာတာလည်း မဟုတ်ဘူး၊ ဒီဝိုင်းထဲကို ဘယ်လိုရောက်နေမှန်းလည်း မသိဘူးလို့ အသည်းအသန်ငြင်းကြတယ်။
တကယ်လည်း ယောက္ခမကလွဲရင် ထိုသူနှစ်ယောက်ကို ဘယ်သူမှ မသိကြ၊ မမြင်ဖူးကြဘူးလေ။ အပျိုကြီးတောင် ပြဿနာဖြစ်မှ သိရတာပါ။
ပြီးတော့ အခင်းဖြစ်ချိန်ကလည်း လူကောင်းသူကောင်းတွေ သွားလာချိန်မဟုတ်တဲ့ ညသန်းခေါင်လောက်ကြီး၊ ဒီအချိန်မျိုးမှာ ခြံဝိုင်းအတွင်း၊ အပျိုကြီးနေတဲ့ အိမ်နားမှာ တွေ့ရတာဆိုတော့ ဒါက ပိုင်နက်ကျူးလွန်တာ၊ မှောင်ရိပ်ခိုတာ၊ အိမ်ကျော်နင်းဖို့ ကြံစည်ရာမြောက်တယ်လို့ ထပ်ပြောလိုက်တယ်။
ပြီးတော့ ရပ်ရွာလူကြီးတွေဘက် လှည့်ပြီး ဒါက ရပ်ရွာကို စော်ကားတာပဲ၊ သူတို့ဟာသူတို့ ဘာဖြစ်လာမှန်းမသိဘဲ ရပ်ရွာပါ ထိခိုက်စစ်မေးခံနေရပြီ၊ ရပ်ရွာထဲမှာ အမှုအခင်း ဖြစ်ခဲ့ရပြီ၊ ဒီအတိုင်း ငြိမ်ခံနေရမှာလား မေးပြော ပြောလိုက်တယ်။
ဒီတော့မှ အရပ်ထဲက လူတွေကလည်း ဒီအတိုင်း ငြိမ်ခံနေလို့မရဘူးဆိုပြီး အသံထွက်လာကြတယ်။ နောက်တော့ ရပ်ရွာလူကြီးတွေကပဲ ထိန်းကာ ထိုနှစ်ယောက်ကို ရပ်ရွာကလည်း မသိတာမို့ ရဲဗိုလ်လေးကို ဘာဆက်လုပ်ရမလဲလို့ အကြံတောင်းကြတယ်။
အမှုစစ် ဒုရဲအုပ်ကတော့ ရပ်ရွာထဲမှာ ဖြစ်တာမို့ တိုင်တဲ့သူရှိရင် သူတို့အမှုဖွင့် စစ်ဆေးပေးပါ့မယ်လို့ �ပြန်ပြောတယ်။ နောက်ဆုံး ရဲအရေးမပိုင်တဲ့ အမှုမျိုးဆိုရင်တော့ တရားရုံးလွှဲရမယ်လို့ ဆိုပါတယ်။
ဒီတော့မှ အပျိုကြီးမလည်း သူ့ကို ယုန်ထင်ကြောင်ထင်ဖြစ်မှာ ကြောက်ကာ ထိုသူနှစ်ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ မိန်းမသားရှိတဲ့အိမ်ကို အိမ်ကျော်နင်းရန် ကြံစည်မှုနဲ့ ဖွင့်ဖို့ ပြောတယ်။ ရပ်ရွာလူကြီးတွေကလည်း အချိန်မတော် နယ်ကျော်မှု၊ မှောင်ရိပ်ခိုမှုတွေနဲ့ ဖွင့်ဖို့ ပြင်တယ်။
ဒီလို အားလုံးပြင်ဆင်လုပ်ကိုင်နေချိန်မှာ ကျနော်က အသာရပ်ကြည့်နေလိုက်တယ်။ ကျနော်လိုချင်တဲ့ ပစ်မှတ်ကို တည့်တည့်ထိသွားပြီလေ။ ကျနော့်ဆီ ရောက်လာနိုင်တဲ့ ပြဿနာကို သူ့ဟာသူ ချည်ပြီးတုပ်ပြီးသားဖြစ်အောင် လုပ်ထားနိုင်လိုက်ပါပြီ။
ဒီနောက်တော့ ကျနော်ဟာ ရဲအရာရှိနဲ့ အေးဆေးစကားပြောဖြစ်တယ်။ မယားညီအကိုဟာ သူ့မိန်းမကို အပြင်းအထန်နာကျင်စေမှုနဲ့ အမှုဖွင့်ခံထားရတာပါ။
သူ့ကို မဖမ်းဖို့နဲ့ အာမခံပေးဖို့ တောင်းဆိုခဲ့တယ်။ ရဲကလည်း လင်မယားချင်း ဖြစ်ကြတာမို့ အသက်မသေရင်၊ ပြီးတော့ ကာယကံရှင်က အမှုဆက်မလုပ်ရင် အမှုပိတ်သိမ်းနိုင်တယ်လို့ ပြောတယ်။
လောလောဆယ် အာမခံပေးဖို့အတွက်ကတော့ စခန်းရောက်မှ စီစဥ်ပေးမယ်လို့ဆိုတယ်။ အဲဒီအတွက် အာမခံဖို့ လူနှစ်ယောက်ကို ကျနော်က ရှာပေးဖို့ ဆက်ပြောလာပါတယ်။ ကျနော်လည်း ရပ်ရွာလူကြီးနှစ်ဦးကို အာမခံဖို့ အကူအညီတောင်းပြီး အာမခံအတွက် သုံးဖို့ငွေကို မယားညီအကိုကို တစ်ခါတည်း ထုတ်ပေးလိုက်တယ်။
အားလုံးပြီးသွားတော့ အမှုစစ်ဒုရဲအုပ်က ကျနော့်ကို ကြည့်ကာ ဥပဒေအကြောင်း တော်တော်နားလည်တာပဲ၊ ရဲလုပ်ထုံးလုပ်နည်းတွေလည်း သိတယ်နော်လို့ ရယ်ပြီးပြောတယ်။ ကျနော်က ဒုရဲအုပ်လျောက်ဖို့ မြို့နယ်မှူးရုံးမှာ နှစ်နှစ်လောက် လုပ်အားပေးဖူးကြောင်း ပြောပြရတယ်။
နောက်မှ အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်တာကို ပြောတော့ သူက နှမြောစရာ၊ အဲအချိန်လောက်ကသာ ဆက်လုပ်ဖြစ်ရင် အခုလောက်ဆို စခန်းမှူးလောက် ဖြစ်နေပြီလို့ ဆိုပါတယ်။ အလိုက်ကောင်းမှ၊ ဆရာတင်တော်မှပါလို့ ကျနော်ကပြောတော့ သူက ပြုံးပြီး ခေါင်းညှိတ်ကာ ထောက်ခံပါတယ်။
ဒီလို ဖော်ဖော်ရွေရွေ ပြောဆိုကြရင်း အမှုစစ်နဲ့ ရင်းနှီးသွားတယ်။ ပြန်ဖို့ လိုက်ပို့တော့ သူက ကျနော့်နားကပ်ကာ ပြောတယ်။ အခုဖြစ်တာ လင်မယားနှစ်ယောက်ရဲ့ အိမ်ထောင်ရေး၊ လူမှုရေး ပြဿနာဆိုတာ သူနားလည်တယ်။
ဒါက လင်မယားချင်း ရှင်းလို့ရတယ်။ အဓိကပြဿနာက ဓားသမားတစ်ယောက် ကျန်နေတယ်။ ကျနော့် မယားညီအကို လုပ်တာ မဟုတ်ဘူး။ ဒီခြံဝိုင်းထဲက လက်ရှိလူတွေ မဖြစ်နိုင်ဘူး။
ဖြစ်ခဲ့ရင်တော့ အတော် ဟန်ဆောင်ကောင်းပြီး ပိပိရိရိလုပ်တတ်တဲ့သူ၊ ကြောက်စရာ ကောင်းတဲ့သူပဲလို့ ပြောပါတယ်။ မှုခင်းတွေ ထပ်ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးတယ်။ အမှုစစ်က ကျနော့်ကို ရပ်ရွာထဲမှာ သတိထားပြီး လေ့လာစောင့်ကြည့်ပေးဖို့ အကူအညီတောင်းတယ်။
တစ်ခုခုထူးရင် သူ့ဆီ အကြောင်းကြားပေးဖို့နဲ့ အားကိုးပါရစေလို့ ဆက်ပြောတယ်။ ကျနော်က ရပ်ရွာမှာ သိပ်နေသူမဟုတ်ကြောင်းပြောတော့ ရတဲ့အချိန်လေးမှာ စောင့်ကြည့်အကဲခတ်ပေးဖို့ ပြောကာ ထွက်သွားခဲ့ပါတယ်။
ကျနော်လည်း ယောက္ခမ အိမ်ဘက်ပြန်လာပြီး သမီးနဲ့ ဆော့နေလိုက်တယ်။ အခုချိန်ထိ ယဥ်အေးကို မမြင်မိဘူး။ သမီးကတော့ ကျနော့်ရဲ့ချော့မြူဆော့ကစားပေးမှုကြောင့် တခစ်ခစ်နဲ့ ရယ်ကာ ပျော်နေခဲ့ပါတယ်။
နောက်မှ ယောက္ခမဟာ ကျနော့်အနား လာထိုင်တယ်။ ပြီးတော့မှ နင့်မိန်းမက သူ့အမမှာ လူနာစောင့်မရှိလို့ လိုက်သွားရတယ်။ ငါလည်း တော်တော် စိတ်ညစ်ပါတယ်။ နင့်ကိုလည်း အားနာတယ်။ နောက်နေ့ သူ့ဆီလိုက်သွားပါလား။ ဒီကအကြောင်းတွေလည်း ပြောပြရင်းပေါ့လို့ ပြောလာတယ်။
ကျနော် ခေါင်းညိတ်မိလား၊ ခေါင်းခါမိလားတောင် မသိပါဘူး။ ကျနော့်ရင်ထဲမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေခဲ့တယ်။ ဘယ်သူနဲ့မှလည်း စကားပြောချင်စိတ် မရှိပါ။
ဒါကြောင့် သမီးနဲ့ပဲ ဆက်ဆော့နေရင်း ကလေးကို ခေါ်ကာ ပြန်ဖို့ ပြင်လိုက်တယ်။ ယောက္ခမက ကလေးကိုထားခဲ့၊ ငယ်သေးတော့ ကျနော် ဒုက္ခရောက်နေလိမ့်မယ်၊ သူ ထိန်းပေးမယ်လို့ ဆိုတယ်။
ကျနော်လည်း ဘာမှပြန်မပြောဘဲ ကလေးချီပြီး ထွက်လာတော့ ယောက္ခမက ခြံပြင်ထိ လိုက်ခေါ်တယ်။ ကလေး အကြီးကော၊ အငယ်ကောဆိုရင် ကျနော် မနိုင်ဘူးတဲ့။ ထားခဲ့ပါတဲ့။
ကျနော်လည်း သမီး မနေတော့မှ လာပို့မယ်လို့ စကားလှအောင် ပြောပြီး ထွက်ခဲ့တယ်။ ဒါပေမယ့် တစ်ခြံကျော်လောက်ရောက်တော့ သမီးက မလိုက်ချင်တော့ဘူး။ ဒါကို ယောက္ခမက မြင်တော့ ကျနော့်နောက် လိုက်လာကာ ခေါ်သွားပါတယ်။
မိသားစုအတွက် ခရီးတွေထွက်နေရကာ အိမ်မှာ အနေနည်းတာမို့ သမီးက ကျနော့်ကို နည်းနည်းစိမ်းနေခဲ့ပါပြီ။ တစ်နှစ်ကျော် အရွယ်လေးဆိုတော့လည်း အမြဲမြင်တွေ့ပြီး ဂရုစိုက်ပေးတဲ့ အမေကြီးကိုပဲ ပိုတွယ်တာတတ်တာ သဘာဝကျပါတယ်။
အခုတော့ ကျနော့်ရဲ့ မိသားစုအတွက် ကြိုးစားရှာဖွေမှုဟာ မိသားစုကို တစ်ကွဲတစ်ပြားဖြစ်စေဖို့ အကြောင်းဖန်လာခဲ့ပါပြီ။ ဒါကလည်း စောင့်စည်းထိန်းသိမ်းနိုင်မှု အားနည်းတဲ့ မိန်းမကြောင့် ဖြစ်ပေါ်လာတဲ့ အိမ်ထောင်ရေးအက်ကြောင်းများပါပဲ။
သူ့ဘက်က လိမ္မာရင် ကျနော်တို့ မိသားစုလေး အေးချမ်းပျော်ရွှင်ရမှာလေ။ အခုတော့ ကျနော့်နောက်ကွယ်မှာ ကျနော့်ရဲ့လစ်ဟာမှုတွေကို အခွင့်အရေးယူပြီး သစ္စာမဲ့ခဲ့တာမို့ နာကျင်ထိခိုက်စရာတွေ ဖြစ်စေခဲ့ရပါတော့တယ်။
ကျနော်တို့လည်း ယောက္ခမအိမ်က ပြန်လာပြီးတော့ ဘယ်ကိုသွားရမလဲ တိုင်ပင်ဖြစ်တယ်။ စိတ်ဓာတ်ကျနေမိတာမို့ အိမ်ကိုလည်း မပြန်ချင်သေးပါ။
ယဥ်အေးရှိတဲ့ ခရိုင်ဆေးရုံကိုလည်း လိုက်မသွားချင်သေးပါဘူး။ ယဥ်အေးကို တွေ့ဖို့ ကျနော့်ဘက်က အရန်သင့်မဖြစ်သေး။ သူနဲ့တွေ့ရင် ကျနော့်စိတ်တွေ ဘယ်လိုဖြစ်ပေါ်ပြောင်းလဲသွားမလဲဆိုတာ မသိနိုင်သေးပါ။
တကယ်လို့ ပြောင်းလဲသွားရင်တော့ ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့မရှိပါ။ ယူကျုံးမရခံပြင်းခြင်းတွေက အချိန်မရွေး ထတောက်ပေါက်ကွဲနိုင်ပါတယ်။ ဒီအချိန်မှာပဲ သူငယ်ချင်းက …..
“မင်း ဘယ်သွားမှာလဲ”
“ငါလည်း အဲဒါစဥ်းစားနေတာ”
“မင်းမိန်းမဆေးရုံဆီ လိုက်မသွားဘူးလား”
သူငယ်ချင်း အမေးက ကျနော့်ကို ဆတ်ခနဲ ဖြစ်သွားစေပါတယ်။ ပုံမှန်ဆိုရင်တော့ ကျနော်လိုက်သွားရမှာပါ။ သူ ဖောက်ပြန်နေတာကို မသိသေးရင်၊ ဒါမှမဟုတ် သိနေပေမယ့် မိသားစုရှေ့ရေးကို မထိခိုက်စေချင်လို့ မျိုသိပ်ထားပြီး သူ့ကို ထိိန်းသိမ်းဖို့ ကြံရွယ်ထားရင်၊ သွားတွေ့ရမှာပါ။
ဒါပေမယ့် မနေ့ညက ယဥ်အေးဟာ အပျိုးကြီးအမကို မှာလိုက်ပုံက သူ့အကြောင်းကို ကျနော်သိသွားပြီလို့ တွက်ထားပါလိမ့်မယ်။ ဒါကြောင့်ပဲ သူ့ကို မစဥ်းစားဘဲ သားသမီးတွေအတွက် ဖခင်ကောင်း ဖြစ်ပေးဖို့ မှာခဲ့တာ မဟုတ်လား။
မသိချင်ယောင်ဆောင်ပြီး စောင့်ကြည့်ကာ တတ်နိုင်သမျှ ထိန်းဖို့ ကျနော့်ကြံရွယ်ခဲ့တာဟာ မဖြစ်နိုင်တော့ပါ။ ကျနော်တို့ရဲ့ တွေ့ဆုံစကားပြောခြင်းဟာ ဖြစ်ခဲ့တာတွေအပေါ် ထိတ်တိုက်ဖြေရှင်းဖို့သာ ရှိပါတော့တယ်။
“ဒီနေ့တော့ အချိန်မရှိတော့ဘူး။ အခုပဲ ၁၂ ထိုးတော့မယ် …
ဒီနေ့တော့ သားလေးမွေးထားတဲ့ အကိုကြီးဆီပဲ သတင်းသွားမေးရအောင်”
“ဒါဆို မနက်ဖြန် ခရိုင်ဆေးရုံကို လိုက်သွားမှာလား”
“စဥ်းစားဦးမယ်ကွာ … မသေချာသေးဘူး …
အခုတော့ ဒီကဆေးရုံပဲ သတင်းသွားမေးရအောင် …
ပြီးမှ ဟိုကောင်တွေရှိတဲ့ လက်ဖက်ရည်ဆိုင်ဘက် သွားမယ်လေ … နေ့လည်စာလည်း စားရင်းပေါ့ …
ငါ အိမ်ခဏဝင်ဦးမယ်”
“ဘာလို့လဲ”
“ပိုက်ဆံပြန်ယူရမယ်လေ … ပါလာတဲ့ပိုက်ဆံက အာမခံလုပ်ဖို့ ထည့်ပေးလိုက်တာ အကုန်ပဲ”
“ဒါဆို ပြန်ယူမနေနဲ့ … ငါ အိတ်ထဲမှာ ပါပါတယ် … ဒီမှာ …
ဆေးရုံပဲ သွားရအောင် … အကိုကြီးကတော့ ငါ့ကို ဒေါသထွက်နေမှာပဲ … ဒီအချိန်လောက်ဆို သူလည်း သိနေလောက်ပြီ …
မင်းကို ထိန်းရအောင် ငါ့ကို ထည့်လိုက်တာ … ဟီးး အခုတော့ တို့နှစ်ယောက်ပေါင်းပြီး ဆော်လိုက်ရတာ …. မိန်လိုက်တာကွာ …
ခွေးကောင်တွေ … ငါလှိမ့်ပိတ်ရိုက်တိုင်း သေပါပြီ၊ ကြောက်ပါပြီနဲ့ အော်လိုက်ကြတာ … ဟား ဟား …
မင်း .. ဓားနဲ့ထိုးလိုက်တော့ အားခနဲ အသံနက်ကြီးနဲ့ အော်တဲ့အသံ … အခုထိနားထဲက မထွက်ဘူး … အရသာရှိလိုက်တာ”
“တော်ပြီ … ဒီအကြောင်းကို ထပ်မပြောတော့နဲ့ …
လုပ်သင့်တာ လုပ်ပြီးသွားရင် မေ့ပစ်လိုက်တာ ငါတို့အတွက် အကောင်းဆုံးပဲ …
မဟုတ်ရင် တို့အတွက် မကောင်းဘူး”
ဒီလိုနဲ့ သူငယ်ချင်းမိန်းမ ကလေးမွေးတဲ့ ဆေးရုံဆီ ရောက်လာခဲ့တယ်။ ကလေးကော၊ လူကြီးကော ကျန်းမာကြပါတယ်။ သူငယ်ချင်းအကိုက ကျနော်တို့ကို တွေ့တော့ မျက်နှာတည်သွားပါတယ်။
ဒါပေမယ့် သွေးနုသားနုတဲ့ သူ့မိန်းမရှေ့မှာမို့ ဘာမှမပြောဘဲ ငါသိပါတယ်ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်နေတယ်။ ကျနော်တို့လည်း သတင်းမေးရင်း ဘယ်နေ့ဆေးရုံဆင်းရမလဲ စတဲ့ထွေရာလေးပါးတွေ ပြောနေခဲ့တယ်။
ဒီလိုပြောနေရင်း အကို့မိန်းမက အိပ်ပျော်သွားတယ်။ အကိုက ကျနော်တို့နှစ်ယောက်ကို ဆေးရုံဝရန်တာဘက်ခေါ်ကာ လေသံတိုးတိုးနဲ့ ….
“ငါလည်း ညက ကောင်းကောင်းမအိပ်ရပါဘူး။
တစ်ညလုံး အရေးပေါ်လူနာတွေ ရောက်လာလို့ ဆူညံနေတာပဲ …
ယောက်ကျားလူနာနှစ်ယောက်လည်း တပြိုင်တည်းရောက်လာတာ … ဒီရောက်တဲ့အထိ ဒဏ်ရာက ပြင်းလို့ သတိမရဘူး …
အဲအကြောင်းတွေ မင်းတို့သိပြီးပြီ မဟုတ်လား”
အကိုက ပြောရင်း ကျနော်တို့နှစ်ယောက်ကို အငိုက်ဖမ်းပြီး မေးလိုက်တယ်။ အကြောင်းသိတွေမို့ လိမ်လို့မရမှန်း သိပါတယ်။ ဒါကြောင့်ပဲ သူ့အမေးကို မဖြေဘဲ ရှောင်လွှဲရင်း သိချင်တဲ့ အရေးကြီးကိစ္စကိုသာ ထပ်မေးလိုက်ပါတယ်။
“ရဲက စစ်ချက်ယူသွားသေးလား။ ဘာတွေ စစ်ချက်ယူသွားလဲ”
“အင်း … ထပ်ရောက်လာတဲ့ မိန်းမလူနာကိုတော့ ယူတယ်။
ဟို ယောက်ျားနှစ်ယောက်ကတော့ သတိတောင်မရတဲ့ဟာကို … ဘယ်လိုစစ်ချက်ယူမှာလဲ …
အဲနှစ်ယောက်ကိုတော့ သွေးမလွန်အောင် ပတ်တီးစည်းပေးပြီး ခရိုင်ဆေးရုံကို တန်းပို့ရတာ …
ဟို အရိုက်ခံရတဲ့ မိန်းမကတော့ … စစ်ချက်တွေဘာတွေ ယူပြီးတော့မှ သူလည်း ဒဏ်ရာပြင်းတာမို့ ခရိုင်ဆေးရုံကိုပဲ လွှဲလိုက်ရတယ်”
အကိုက ပြောပြီးတော့ ထိုသူတွေက ဘယ်သူတွေ၊ ဘယ်သူ့လက်ချက်ဆိုတာ ငါသိတယ်ဆိုတဲ့ မျက်နှာထားနဲ့ ကျနော်တို့ကို ကြည့်နေခဲ့ပါတယ်။ ကျနော်တို့လည်း ဆေးရုံမှာ သိပ်အကြာကြီး မနေချင်တာနဲ့ …
“ဒါဖြင့် ကျနော်တို့ ပြန်တော့မယ် … ဟိုနှစ်ယောက်တော့ လက်ဖက်ရည်ဆိုင်မှာ ရှိမှာပဲ … အဲမှာ သွားထိုင်လိုက်ဦးမယ်”
“အင်း … သွားလေ … ငါလည်း နောက်က လိုက်ခဲ့မယ်”
ကျနော်တို့နှစ်ယောက် ထိုင်နေကျ လက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့တယ်။ လူပျိုသူငယ်ချင်းနှစ်ယောက်ရှိနေတယ်။ သူတို့က ကျနော်နဲ့အတူပါလာတဲ့ သူငယ်ချင်းကို …..
“မင်းကွာ၊ အကြောင်းမကြား ဘာမကြားနဲ့ …
ငါတို့ကိုတောင် အသိမပေးဘူး”
သူတို့ ဘာကိုဆိုလိုတယ်ဆိုတာ သိပါတယ်။ သူတို့လည်း သတင်းကြားပြီးရောပေါ့။ ဒါကြောင့်ပဲ သူတို့ကို အသိမပေးဘဲ လုပ်ရမလားဆိုပြီး အပြစ်တင်နေတာပါ။ ဒါကို အတူပါလာတဲ့ သူငယ်ချင်းက မသိချင်ယောင်ဆောင်ပြီး …
“ဟ … လက်ဖက်ရည်ဆိုင်လာတာကို မင်းတို့ကို အကြောင်းကြားရဦးမှာလား …
အခုပဲ တွေ့နေပြီကို …”
“ဟေ့ကောင် … ရူးချင် အချင်ယောင် ဆောင်မနေနဲ့ …
ဒီလာတာကို ပြောတာမဟုတ်ဘူး … ညက ကိစ္စကိုပြောတာ …”
“ဪ … အချိန်မရလို့ပါကွာ … နောက်လည်း ကြုံလာနိုင်သေးတာပဲ … အဲဒီကျမှပေါ့”
ပြောနေတုန်းပဲ ဆေးရုံက သူငယ်ချင်း ရောက်ချလာတယ်။ ကျနော်တို့လည်း အရိပ်ကောင်းပြီး အေးအေးဆေးဆေးထိုင်လို့ရတဲ့ ဗာဒံပင်ရိပ်အောက်ကို ပြောင်းထိုင်လိုက်တယ်။
သူ့ခမျာလည်း ဆေးရုံပေါ်က မိန်းမကို လိုအပ်ရင် လူလွှတ်ခေါ်ခိုင်းဖို့ မှာကာ ကျနော်တို့ဆီ ထွက်လာခဲ့ရတာပါ။ သူကတော့ ထိုင်ထိုင်ချင်းပဲ ကျနော်တို့နှစ်ယောက်ကို …..
“ကဲ … ပြောပါဦး … ငါ သေသေချာချာ မှာလိုက်ရဲ့နဲ့ … ဘယ်လိုဖြစ်ကြတာတုန်း …”
ကျနော်လည်း ပေါ့ပေါ့ပါးပါးဟန်နဲ့ …
“သူ့အကုသိုလ်ကြောင့် သူ့စားရိတ်နဲ့ သူသွားတာပါ။
ကျနော်တို့နဲ့ မဆိုင်ပါဘူး”
ဒီလိုပြောတော့ အကုန်လုံးက ခဏငြိမ်သွားတယ်။ ပြီးတော့မှ အခြားတစ်ယောက်က …
“မင်းတို့ပယောဂမပါတာ သေချာလို့လား”
“မင်းက မယုံသင်္ကာနဲ့ … မင်းတို့ အစောင့်ထည့်ပေးလိုက်တဲ့ သူကို မေးကြည့်ပါလား”
ဒီလို ကျနော် ပြောလိုက်တော့ အားလုံးရဲ့အကြည့်တွေက အတူပါလာတဲ့ သူငယ်ချင်းဆီ ရောက်သွားပါတယ်။ သူ့ဆီရောက်လာတဲ့ မျှားဦးကြောင့် ဒီကောင်လည်း အခက်တွေ့ကာ ဆေးလိပ်ကို မီးညှိဖွာရင်း ဝေ့လည်လည်လုပ်နေခဲ့ပါတယ်။
“ငါ့သားက မူနေသေးတယ်။ ပြောမယ့်ဟာကို ပြောတော့ မင်း … သေမှာမို့လို့လား … လီးပဲ”
သူလုပ်နေတာကို ကြည့်ပြီး စိတ်မရှည်ဖြစ်လာတဲ့ တစ်ယောက်က ထကောပါတော့တယ်။ ဒီတော့မှပဲ အကုန်ရယ်မိကြတယ်။
ကျနော်လည်း ပြုံးမိတယ်။ ခရီးထွက်ရာက ပြန်လာကတည်းက ဒီတစ်ခါပဲ ပေါ့ပေါ့ပါးပါး ပြုံးမိခြင်းပါပဲ။ တစ်လျောက်လုံး ရင်ထဲ ထိခိုက်ခံစားရသမျှကို ဖုံးကွယ်လို့ ဟန်ဆောင်ပြုံးနဲ့ မချိပြုံးသာ ပြုံးခဲ့မိတယ် မဟုတ်လား။
“ဟ … ငါ ဘာပြောစရာရှိလို့လဲ … ဒီကောင်ပြောတဲ့အတိုင်းပဲလေ …
သူ့အကုသိုလ်ကြောင့် သူ့စားရိတ်နဲ့ သူ သွားတာပဲလေ”
“ဒါဖြင့် ခုနက ဘာလို့ လျှာရှည်ပြီး နောက်ကြုံမှာပါလို့ … ဘာလို့ပြောတာလဲ”
“အေးလေ၊ အခု မကြုံလည်း နောက်တော့ ငါတို့အားလုံးပေါင်းပြီး လုပ်ခွင့်ရရင် ရဦးမှာပေါ့”
သူ့ရဲ့ မတင်မကျ စကားကြောင့် အားလုံးမှာ ဘဝင်မကျဖြစ်ကုန်ပါတယ်။ ဒါပေမယ့် အသက်အကြီးဆုံး ဖြစ်တဲ့ သူငယ်ချင်းက ငြိမ်ပြီး နားထောင်နေတာကနေ အားလုံးကို ထိန်းပြီး ကျနော့်ကို စိုက်ကြည့်ကာ …..
“မင်းပုံစံကို ဆေးရုံပေါ်မှာ စတွေ့ကတည်းက သတိထားမိတယ်။ မင်းကြုံတွေ့နေရတာနဲ့ မင်းပုံစံနဲ့က သဘာဝမကျဘူး။
အရမ်းတည်ငြိမ်ပြီး စိတ်အေးလက်အေး ဖြစ်နေတယ်။ ကိုယ်လုပ်စရာရှိတာကို လုပ်ပြီးသွားတဲ့ပုံစံမျိုးပေါ့။
ဒါတွေ ထားပါ။ ဒီအချိန်မှာ ပြောဖို့ခက်နေသေးရင် မပြောပါနဲ့ဦး။ ငါတို့လည်း ရိပ်မိသင့်သလောက် ရိပ်မိပါတယ်။
ဘာပဲဖြစ်ဖြစ် ငါတို့ကို ပေးထားတဲ့ မင်းရဲ့ကတိကို အမြဲ သတိရနေပေးပါ ……
သူငယ်ချင်းအတွက် အတ္တကြီးတယ်ပဲ ပြောပြောကွာ …
ဒီပြဿနာမှာ ဘယ်သူတွေ ဘာဖြစ်ဖြစ် မင်းကိုတော့ ဘာမှ မထိခိုက်စေချင်ဘူး …..
အဲဒါကြောင့် ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် ဂရုစိုက်ပါ …
ကိုယ်လုပ်ခဲ့ပြီးတာအတွက်လည်း ပြဿနာတွေ တက်လာရင်၊ မင်းကို ထိခိုက်စရာတွေဖြစ်လာရင် ငါတို့ကို သတိရပါ၊ တိုင်ပင်ပါ။
ငါတို့အားလုံးဝိုင်းပြီး ဖြေရှင်းကြတာပေါ့ကွာ …..”
သူငယ်ချင်းရဲ့စကားကြောင့် ကျနော့်ရင်ထဲ ကြည်နူးပီတိဖြစ်ရပါတယ်။ ဖုံးကွယ်ဖို့ ကြိုးစားမိတာအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။
တကယ်ဆိုရင် ကျနော်က မယုံကြည်လို့ တမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ကျနော်လုပ်ခဲ့တာအတွက် ကျန်တဲ့သူငယ်ချင်းတွေကို မထိခိုက်စေချင်တာကြောင့်လည်း ပါပါတယ်။
ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းတွေ လမ်းခွဲခဲ့ကြတယ်။ မနေ့က ကတည်းကအတူပါတဲ့ သူငယ်ချင်းကတော့ ကျနော်နဲ့အတူ လိုက်လာခဲ့ပါတယ်။
ဒီကိစ္စတွေ မပြီးသေးခင်အထိကတော့ သူလည်း ကျနော်နဲ့မခွဲမခွာ ရှိနေတော့မှာပါ။ ရှေ့ဆက်ရမယ့်အရေးကို နှစ်ဦးသား တိုင်ပင်ဆွေးနွေးကြရင်း မနက်ဖြန်တော့ ယဥ်အေးရှိရာ ခရိုင်ဆေးရုံကို လိုက်သွားဖို့ ဆုံးဖြတ်ဖြစ်ကြပါတယ်။
နောက်တစ်နေ့မှာ ကျနော်တို့သူငယ်ချင်းနှစ်ယောက်ဟာ ခရိုင်ဆေးရုံရှိရာမြို့ကို ထွက်လာခဲ့ပါတယ်။ သူငယ်ချင်းကို နေခဲ့ခိုင်းပေမယ့် မရပါဘူး။ ကျနော့်အရိပ်လို လိုက်နေမှဖြစ်မယ်ဆိုကာ အတင်းလိုက်လာခဲ့ပါတယ်။
သူလည်း အလုပ်မရှိသေးတော့ အချိန်တွေ ပိုနေခဲ့တာလေ။ ဒါကြောင့်ပဲ ကျနော့်အရေးကိစ္စကို တက်ညီလက်ညီနဲ့ အတွင်းကျကျပါဝင်နေခဲ့တာပါ။
တကယ်လို့ အမှုသာဖြစ်ခဲ့ရင် သူလည်း ကျနော့်ကြောင့် တရားခံတစ်ဦး ဖြစ်နေခဲ့ရပါပြီ။ ဒီလို ကျနော့်ကို စိတ်မချဖြစ်ကာ ခေါင်းမရှောင်ဘဲ ပါနေပေးတဲ့သူမို့ ကျနော်လည်း ဆက်မတားဆီးတော့ပါဘူး။
ကျနော်လည်း ညက အတွေးများနဲ့ ရှုပ်နေခဲ့ပြီး ညဥ့်နက်တော့မှ အိပ်ပျော်ခဲ့ရတာပါ။ ယဥ်အေးကို ကျနော် ဘယ်လိုရင်ဆိုင်ရမလဲ။ သူနဲ့တွေ့ရင် ကျနော့်စိတ်ကရော အခုလို တည်ငြိမ်နိုင်ပါ့မလား။
ကျနော်အပေါ်နဲ့ သားသမီးမျက်နှာမှ မထောက်ဘဲ လုပ်ရက်လေခြင်းဆိုပြီး ယူကျုံးမရဖြစ်ရမလား။ ခံပြင်းဒေါသနဲ့ သူလုပ်ရပ်တွေကို ပေါက်ကွဲမိမလား။
ဒါမှမဟုတ် မိသားစုမပြိုကွဲရအောင် အခုချိန်မှာ မသိချင်ယောင်ဆောင်နေရမလား။ နောက်ပိုင်းမှ နှစ်ယောက်သား သေချာဆွေးနွေးပြီး ရှေ့ဆက်ရမှာကို ဆုံးဖြတ်ရမလား။
ယဥ်အေးရဲ့ လုပ်ရပ်ကို နာကျည်းကြေကွဲရပေမယ့် ကျနော့်စိတ်ထဲမှာလည်း ပစ်ပစ်ခါခါကြီး မလုပ်နိုင်သေးပါ။ သူမှားခဲ့တဲ့ အမှားအတွက် ဝန်ခံဖြေရှင်းတာကို နားထောင်လက်ခံပေးချင်ပါသေးတယ်။
သူကရော ဝန်ခံပါ့မလား။ အမှားမှာ ပျော်ရွှင်နေပြီး နောင်တရနိုင်ပါ့မလား။ ကျနော်မသိချင်ယောင် ဆောင်နေရင်လည်း အားလုံးသိနေပြီဆိုတာ ယဥ်အေးလည်း သိမှာပါ။
အမျိုးမျိုးသော အတွေးနဲ့ ခံစားချက်တွေကြောင့် ကျနော်စိတ်လည်း ပင်ပန်းရပါတယ်။ ဘာပဲဖြစ်ဖြစ် ခရိုင်ဆေးရုံရောက်လို့ ယဥ်အေးနဲ့တွေ့မှပဲ သူ့ဘက်က အမူအရာကိုကြည့်ပြီး မီးစင်ကြည့်ကရပါတော့မယ်။
ပြီးတော့ ခရိုင်ဆေးရုံရောက်ရင် ဟိုလူယုတ်မာနှစ်ယောက်ရဲ့ အခြေအနေကိုလည်း လေ့လာကြည့်ဖို့ သူငယ်ချင်းနဲ့ တိုင်ပင်ထားပါတယ်။ ဒီလိုနဲ့ ခရိုင်ဆေးရုံရောက်ပြီးတော့ အရိုးအကြောကုသဆောင်ကို စုံစမ်းရှာဖွေခဲ့ပါတယ်။
ကျနော် အမျိုးသမီးဆောင်ထဲ ဝင်သွားတော့ မာမာဝေကို လူနာကုတင်ပေါ်မှာ တစ်ယောက်တည်း တွေ့ရပါတယ်။ ကျနော့်ကိုတွေ့တော့ သူလည်း အံ့ဩသွားပါတယ်။
ဆေးရုံကို ကျနော်လိုက်လာလိမ့်မယ်လို့ မထင်ထားတဲ့ပုံပါ။ ပြီးတော့ ကျနော့်ကို မျက်နှာပူနေပုံရတယ်။ မျက်နှာချင်းမဆိုင်ရဲဘူး။ သူ့မျက်နှာပေါ်မှာ ရှက်ရွံ့အားနာမှုနဲ့ တောင်းပန်လိုတဲ့ အရိပ်အရောင်တွေ မြင်ရတယ်။
ထိတ်လန့်တုန်လှုပ်နေတာလည်း တွေ့ရတယ်။ ကျနော့်ကို နှုတ်ဆတ်နေပေမယ့် အသက်မပါဘူး။ ဒါကြောင့် ကျနော်ကပဲ ဘာမှမဖြစ်ထားတဲ့ပုံနဲ့ ပေါ့ပေါ့ပါးပါးနေကာ သူ ရခဲ့တဲ့ ဒဏ်ရာတွေကို မေးရတယ်။
ဒီလို �ပြောဆိုမေးမြန်းတော့မှ မာမာဝေလည်း ပုံမှန်ပြန်ပြောလာပါတယ်။ မာမာဝေက သူ့ယောက်ျားလက်ချက်ကြောင့် ပင်မခါးရိုးထိသွားတယ်။ စတီးရိုးထည့်ရမှာဖြစ်သလို နံရိုးနှစ်ချောင်းလည်း အက်သွားပါတယ်။
တစ်နှစ်လောက်တော့ ဘာအလုပ်မှ လုပ်မရဘဲ အိမ်မှာပဲ နားရတော့မှာပါ။ သူဖောက်ပြန်ခဲ့တဲ့ဒဏ်ကို ပြန်ခံစားရတာပါပဲ။ ကျနော့်စိတ်ထဲမှာတော့ အထူးတလည် စိတ်မကောင်းဖြစ်တာမျိုး မရှိပါ။
“အင်းပေါ့ … ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ …
နင့်ယောက်ျားတော့ အာမခံနဲ့ ငါထုတ်ပေးထားတယ်”
“အေး … သူလာတယ် … အဲနေ့က အကြောင်းတွေကို အကုန်ပြောပြလို့ ငါတို့သိပြီးပါပြီ … နင့်ကိုကျေးဇူးတင်ပါတယ်ဟာ …
အခုမနက်လည်း သူရောက်နေတယ် … နောက်ပြီးလာလိမ့်မယ် …”
” …………. …….. ….. ”
ဒီနောက် ခဏတိတ်ဆိတ်သွားတယ်။ မာမာဝေဟာ ပြောနေရင်း ကျနော့်ကို အားနာရှက်ရွံ့တဲ့ပုံနဲ့ မျက်နှာလွှဲနေခဲ့ပါတယ်။ ခဏလောက်နေတော့မှ …
“ဒီပြဿနာတွေကို တော်တော်ရှင်းယူရမယ် … ငါတော့ သေလိုက်ချင်တာပဲ …..
အခုလည်း ဆေးဖိုးအားချင်းလိုတော့ အိမ်နဲ့ခြံဝိုင်းကို ပေါင်လိုက်ရတယ်”
“နင့်ယောက်ျားက သဘောတူရဲ့လား”
“သူ ပေါင်ပေးတာ …..”
“နင်တို့အိမ်ထောင်ရေးရော ….. ဘယ်လိုလဲ”
“မသိသေးပါဘူး … မီးစင်ကြည့် ကရမှာပဲ … ငါ့အပြစ်တွေပဲလေ …
ငါ မိုက်ခဲ့မိတာကိုး …. ဘာပဲဖြစ်ဖြစ် ခံရမှာပေါ့ …
ပြီးတော့ နင့် … နင့်ကိုလည်း …. တောင်းပန်ပါတယ်”
“ဘာအတွက် တောင်းပန်တာလဲ”
“နောက်တော့ နင်သိသွားမှာပါ …
နင် အကြောင်းစုံ သိသွားရင် အခုလို ငါ့ဆီ သတင်းလာမေးမှာ မဟုတ်တော့ပါဘူး …..
ငါ တောင်းပန်တယ်ပဲ ပြောပါရစေ ……”
မာမာဝေက ကျနော့်ကို အကြောင်းစုံ မသိသေးဘူးလို့ ထင်နေပုံပါ။ သူဖောက်ပြန်တာပဲသိပြီး ယဥ်အေး ဖောက်ပြန်နေတာကို ကျနော် မသိသေးဘူး ထင်နေတာ ဖြစ်ပါမယ်။
ကျနော်လည်း သူ့ကို ဘာမှဆက်မပြောချင်တော့ပါဘူး။ ကျနော့်အိမ်ထောင်ရေးကိစ္စက ယဥ်အေးနဲ့ပဲ ဆွေးနွေးရပါမယ်။
ဒီအချိန်မှာပဲ သူ့ယောက်ျားရောက်လာတယ်။ သူလည်း ကျနော်ရောက်နေတာတွေ့တော့ အံ့ဩသွားတယ်။ နှုတ်ဆက်ကြပြီးမှ သူဟာ ဝမ်းသာအားရတဲ့ အမူအရာနဲ့ …..
“ဟိုနှစ်ကောင်တော့ ဒီမနက်ပဲ မန္တလေးက တိုင်းဆေးရုံကို ပြောင်းသွားရပြီဟ ….. ဒီမှာ မနိုင်ဘူးလေ”
“ဘာတွေ ဖြစ်ကုန်လို့လဲ”
“ဟိုကောင် … ငထွန်းဆိုတဲ့တစ်ယောက်ကတော့ ခါးရိုးဆက်ကြေသွားတယ်။ ဂုက်ပိုးအဆက်လည်း ကြေတယ်။
အတွင်းအာရုံကြောပါ ထိသွားတာဟ … အဲတော့ ဦးနှောက်အာရုံကြော ဌာနက ရန်ကုန်နဲ့ မန္တလေးမှာပဲ ရှိတာလေ …
ဒီတော့ မန္တလေးဆေးရုံကြီးကို ပြောင်းရတာပေါ့ … အဲကောင်တော့ လူကောင်းအတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး ….”
သူက တကယ်ဝမ်းသာပြီး ပြောနေတာပါ။ ငထွန်းဆိုတာ သူ့မိန်းမကို ကြာကူလီရိုက်တဲ့ မယားခိုးပဲလေ။ သူဝမ်းသာနေတာ မဆန်းပါဘူး။
မာမာဝေကတော့ ဒီအကြောင်းတွေ ပြောနေချိန်မှာ ဘာမှ ဝင်မပြောဘဲ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ်။ ကျနော်လည်း နောက်တစ်ယောက်အကြောင်းကို သိချင်နေတာမို့ စကားအပြတ်မခံဘဲ ထပ်မေးလိုက်တယ်။
“ဒါဆို နောက်တစ်ယောက်ကရော”
“ဟား ဟား … အဲကောင်က ပိုဆိုးတယ်ကွ … သေမယ်တောင်ထင်ထားတာ …
အရိုက်ခံရတာက သိပ်မများဘူး …. အရိုးအက်ရုံ ဂုံညင်းကွဲရုံပဲ ….
ဒါပေမယ့် ဓားထိုးခံရတဲ့ ဒဏ်ရာကတော့ ပြင်းတယ်ကွ …
အစာအိမ်ထိပြီး အူအခွေလိုက် ပြတ်ကုန်တာ … လဲရမှာ … သူ့လည်း ဒီမှာမနိုင်လို့ မန္တလေးဆေးရုံ ပြောင်းရတာလေ ….
သေပြီထင်ပေမယ့် လူယုတ်မာတွေက ကံကောင်းနေတယ် … မသေနိုင်သေးဘူး …
ဒါပေမယ့် အဲကောင်ဘဝကတော့ ရှေ့လျောက် သေတာထက် ဆိုးပါပြီကွာ … ဘယ်တော့မှ လူကောင်းအတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး … ဟား ဟား”
“အင်း ……..”
“ငါ့အပြင် ဒီကောင်တွေကို အသေဆော်ချင်နေတဲ့ကောင်တွေ ရှိသေးတယ် ….
ငါက တုတ်နဲ့ရိုက်ရုံရိုက်တာ … ရိုက်ချင်လို့လည်း ဝါးဆစ်ပိတ်မီးအုံးတုတ်ကို သေချာယူလာခဲ့တာ ….
ဒါပေမယ့် ငါ့မှာ ဓားမပါဘူးကွ … ဓားသမားက သတ်သတ်ရှိနေတယ် …. လက်လည်း ယဥ်ပုံပဲ ….
ဓားတဆုံးထိုးရုံတင်မကဘူး … လေးဘက်လေးတန် မွှေပစ်တာ … အဲတာကြောင့် အူအခွေလိုက်ပြတ်ပြီး အစာအိမ်ပါ ထိသွားတာပေါ့ …
လုပ်တာကတော့ တော်တော်အညှိုးကြီးလို့ အသေသတ်ပုံပဲ …. အားရချက်ပဲ …..
လက်ချောင်းတွေလည်း အကြောတွေ ပြတ်ကုန်တာ … အဲလူတော့ ဒုက္ခိတဖြစ်မှာပဲ ….. ခွေးကောင်တွေ ကံကောင်းလို့ မသေတာ …..
ဒါကလည်း ငါက ခြံထဲမှာ အော်ဟစ်သောင်းကြမ်းနေတော့ ပတ်ဝန်းကျင် ထွက်လာလို့ပဲ …
လူကြီးတွေက ယောက္ခမခြံဝိုင်းဘက် �အလာမှာ ဒီနှစ်ကောင် မှောက်နေတာကို တွေ့တာလေ …..
ဒီလိုသာမဟုတ်ရင် အဲနေရာမှာပဲ သွေးလွန်ပြီး သေမှာ … ခွေးတွေ ကံကောင်းသွားတာပေါ့ …..”
ကျနော့်စိတ်ထဲကတော့ ဓားနဲ့မွှေတာမဟုတ်ပါဘူး။ ထိုးလိုက်တဲ့ဓားကို ကြောက်အားလန့်အားနဲ့ အတင်းဖမ်းဆွဲထားလို့ အတင်းလှည့်ပြီး ဆောင့်ဆွဲထုတ်လိုက်တာပါလို့ပဲ ပြောလိုက်မိပါတယ်။ ဒါနဲ့ စကားလမ်းကြောင်းပြောင်းပြီး …
“ဒါနဲ့ ငါ့မိန်းမရော … ရောက်ကတည်းက မတွေ့ဘူး … ပြန်သွားပြီလား”
“ပြန်လို့မရသေးဘူး … ရှိတယ် … မိန်းမဆောင်ဆိုတော့ သူ့ကိုပဲ ညစောင့်ထားရတာလေ … ငါက မနက်ပိုင်းမှ လာတာ …
မနက်ကတော့ သူအိပ်ပျော်နေတာ … ခုနကမှ နိုးပြီး ရေချိုးထွက်သွားတာ … လာလိမ့်မယ် …..
ဒါနဲ့ …. သူမလာခင် မင်းကို စကားအေးအေးဆေးဆေး ပြောစရာရှိသေးတယ်”
“ပြောလည်း နောက်မှ ပြောတော့ကွာ … ငါသွားစရာရှိသေးလို့
နောက်ပြီးမှ တစ်ခေါက်ပြန်လာခဲဦးမယ်”
တစ်လျောက်လုံး ငြိမ်နေတဲ့ သူငယ်ချင်းကပါ ….
” ဟုတ်တယ် … သွားရအောင် … အချိန်မမှီဘဲနေဦးမယ် … ပြီးမှ ပြန်လာကြတာပေါ့”
မယားညီအကိုမှ ပြောမယ့်စကားကို ကျနော်ခန့်မှန်းမိပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို တခြားသူတွေဆီကပဲ ကျနော်ကြားနေခဲ့ရပါတယ်။ ထပ်မကြားချင်တော့ပါ။
ကျနော့်အပေါ် သစ္စာမဲ့သွားတဲ့ ကာယကံရှင် ယဥ်အေးက ဖွင့်ပြောတာပဲ ကြားချင်ပါတော့တယ်။ ယဥ်အေး ဖွင့်ဟဝန်မခံခင်အချိန်အထိ ကျနော့်ဘက်က မသိချင်ယောင်ပဲ ဆောင်နေချင်ပါသေးတယ်။
ဒါမှမဟုတ် ပြဿနာအားလုံး ငြိမ်သက်သွားချိန်ကျမှ ကျနော့်ဘက်က ယဥ်အေးကို မျက်နှာချင်းဆိုင်ပြီး မေးချင်ပါတယ်။ ဒါကြောင့်ပဲ သူ့စကားကို ပိတ်ကာ သူငယ်ချင်းနှစ်ယောက်ဟာ ဆေးရုံကနေ ထွက်လာခဲ့ပါတယ်။
ဆေးရုံနားက လက်ဖက်ရည်ဆိုင်မှာပဲ တစ်နာရီကျော်လောက်ကြာအောင် အချိန်ဖြုန်းနေလိုက်တယ်။ ပြီးမှ ဆေးရုံဘက်ကို ပြန်လာခဲ့ကြပါတယ်။
ဒီတစ်ခါတော့ ယဥ်အေးရှိနေပါတယ်။ မယားညီအကိုတော့ မတွေ့တော့ဘူး။ ယဥ်အေးက ဟန်မပျက်ထိုင်နေပေမယ့် မျက်နှာကတော့ ပျက်နေပါတယ်။
ကျနော့်ကိုလည်း မျက်နှာချင်းမဆိုင်ပါဘူး။ သူ့မျက်နှာပေါ်မှာ စိုးရွံ့ထိတ်လန့်မှုနဲ့ ဝမ်းနည်းမှုတွေ ပေါ်လွင်နေကာ တိတ်ဆိတ်နေပါတယ်။ ဒါကြောင့် ကျနော်ကပဲ စတင်ကာ …..
“ယဥ်အေး …. မင်းရော နေကောင်းရဲ့လား ….
ငါလည်း ဒီတစ်ခေါက်တော့ အလုပ်က တော်တော်အဆင်ပြေတယ် …
ဒါနဲ့ အပြန်မှာ မန္တလေးတက်ပြီး မင်းအတွက် ရွှေဆွဲကြိုးလေး ဝယ်လာခဲ့တယ်။
အဲဒါ အိမ်မှာထားခဲ့ရမလား။ ဒီမှာပဲ ယူထားမလား။ အခု တစ်ခါတည်း ပါလာတယ် …..
ရွှေဝယ်ခဲ့ပေမယ့် ငွေတော့ ပိုပါသေးတယ်။ အဲဒါအိမ်ဆောက်ဖို့ သစ်တွေ ဝယ်ထားလိုက်မယ်လေ …..
ပြီးတော့ အိမ်ပါ တစ်ခါတည်းဆောက်မလားလို့ … အိမ်ဆောက်ပြီးမှပဲ နယ်ကို ပြန်ထွက်မလို့ …..”
ကျနော်က စကားအရှည်ကြီး ပြောနေပေမယ့် ယဥ်အေးကတော့ ဘာမှ ပြန်မပြောပါဘူး။ ကျနော်နဲ့ မျက်နှာချင်းမဆိုင်ဘဲ မျက်နှာလွှဲ၊ ခေါင်းငုံ့ထားပါတယ်။
ပြီးတော့ မျက်ရည်ကျနေတယ်နဲ့တူပါတယ်။ ကျနော့်စကားဆုံးတော့မှ ဖျတ်ခနဲထကာ အိမ်သာဘက် အမြန်ထွက်သွားပါတယ်။
အတော်ကြာတော့မှ ပြန်ရောက်လာပြီး ကျနော့်ရှေ့မှာ ခေါင်းငုံ့ကာ ဝင်ထိုင်ပါတယ်။ အားရအောင် ငိုပြီးတော့ မျက်နှာပါသစ်လာတယ်နဲ့တူပါတယ်။ မျက်နှာမှာ သနပ်ခါးတောင် မရှိတော့ပါဘူး။
ကျနော်လည်း ရွှေဆွဲကြိုးထည့်ထားတဲ့ ဗူးကို သူ့ဆီလှမ်းပေးလိုက်တယ်။ ဒီတော့မှ ကျနော့်မျက်နှာကို မော့ကြည့်ပါတယ်။ စိုးရွံ့ကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့ ကျနော့်ကို မော့ကြည့်နေပြီးမှ နှစ်ယောက်တည်း စကားပြောချင်တယ်၊ တစ်နေရာရာ သွားရအောင်လို့ ဆိုလာပါတယ်။
ကျနော်လည်း ခေါင်းညိတ်ကာ ဆေးရုံဝန်းထဲက စိန်ပန်းပင်ကြီးဘက် ထွက်လာခဲ့တယ်။ သူငယ်ချင်းကတော့ အလိုက်တသိပဲ နေခဲ့တယ်။ လူနာကုတင်ပေါ်က မာမာဝေကတော့ ပူပင်တဲ့မျက်နှာနဲ့ ကျနော်တို့ကို ကြည့်နေခဲ့ပါတယ်။
လတ်တလောမှာ ကျနော်ရှောင်လွှဲနေချင်တဲ့ ကိစ္စက တည့်တည့်တိုးဝင်လာပါပြီ။ ဒါကြောင့် ရင်ဆိုင်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
စိန်ပန်းပင်အောက်က သစ်သားခုံဝိုင်းမှာ ဝင်ထိုင်လိုက်ကြပေမယ့် နှစ်ယောက်သားဟာ စကားမပြောဖြစ်ဘဲ ငြိမ်သက်နေခဲ့ကြပါတယ်။ ယဥ်အေးလည်း တကယ်ဖွင့်ဟပြောရတော့မယ်ဆိုတော့ စကားစရ ခက်နေပုံပါ။ ဒါကြောင့် ကျနော်ကပဲ …..
“ယဥ်အေး … မင်း .. ဘာပြောစရာရှိလို့လဲ … ပြောလေ”
“ခင်ဗျား သိပြီးပြီ မဟုတ်လား”
“ဘာကိုလဲ”
“ကျမ ဖေါက်ပြန်နေတာကိုလေ”
“လာနောက်မနေပါနဲ့၊ ဒါက နောက်စရာမှ မဟုတ်တာ”
“အဲဒီညက ဆေးရုံကို ကျမပဲ လိုက်မယ့်သူရှိတယ်။ အမေကလည်း ကျမတို့ရှုပ်တဲ့ကိစ္စမို့ အပျိုအငယ်မကို မထည့်ပေးဘူး။
ကျမတို့ ဆေးရုံရောက်ပြီးတော့ ဟိုနှစ်ယောက်လည်း ဓားဒဏ်ရာတွေနဲ့ ရောက်နေတယ်။ အစကတော့ ကျမလည်း ကိုယ့်အပူနဲ့ကိုယ်မို့ ကျန်တာကို မတွေးနိုင်ဘူး။
နောက်တော့ အမကို ခရိုင်ဆေးရုံဆီ ပို့ရမယ်ဆိုတော့ ကျမလည်း အိမ်ပြန်ပြီး အဝတ်အစားနဲ့ လိုအပ်တာတွေ ပြန်ယူရတယ်။
ဒီတော့မှ မီးဖိုချောင် တံခါးကြားမှာ ကျမအမြဲတမ်းထိုးထားတဲ့ ဓားစူးမရှိတော့ဘူး။ အဲဒီဓားက ခင်ဗျားက ကျမအတွက် ဝယ်လာပေးတာကို အမေ့အိမ်ဆီ ယူလာခဲ့တာ။
ထားနေကျနေရာမှာ မရှိကတည်းက ကျမခေါင်းကို မိုးကြိုးပစ်လိုက်သလိုပဲ။ ညနေကအထိ ရှိနေတာတွေ့သေးတယ်။ အထားမှားစရာလည်း မရှိဘူး။
အဲဒီကတည်းက ခင်ဗျားလက်ချက်မှန်း ကျမ သိနေတယ်။ ဒီအကြောင်းကိုတော့ ဘယ်သူမှ ဖွင့်မပြောရဲဘူး။
ရဲကစစ်တော့လည်း မပြောရဲဘူး။ သူ သေသွားတာက အရေးမကြီးဘူး။ ကျမ သေသွားလည်း မထူးဘူး။
ဒါပေမယ့် ကလေးတွေအတွက် ခင်ဗျား စဥ်းစားသင့်တယ်။ ခင်ဗျား တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သားနဲ့သမီးအတွက်က ခင်ဗျား အနီးကပ်ရှိနေဖို့ လိုအပ်တယ် ……
ဒါတွေ ထားလိုက်ပါတော့ … အဲဒီကတည်းက ခင်ဗျား အားလုံးသိနေတယ်ဆိုတာ ကျမသိတယ်။
ဒီတော့ ကျမ မိုက်ပြစ်ကို ကျမ ခံမယ်။ ကျမကို ကွာရှင်းပေးပါ ….
ဒီလိုမှမဟုတ်ရင် အမေက ဖောက်ပြန်တဲ့မိန်းမ၊ အဖေက လူသတ်သမား၊ ကျမတို့ကလေးတွေ မိမဲ့ဖမဲ့နဲ့ ဒုက္ခရောက်ရလိမ့်မယ်”
“ဒါဆို မင်းဘက်က ကလေးတွေအတွက် စဥ်းစားပြီးတော့ ပြုပြင်ဖို့ ကြိုးစားကြည့်ပါလား”
“မဖြစ်နိုင်တော့ပါဘူး။ ကျမ အဆုံးစွန်ထိ မိုက်ခဲ့ပြီးပြီ။ ဘယ်လောက်အထိ မိုက်မဲပြီး ဖောက်ပြန်ခဲ့သလဲဆိုတာ ကျမကိုယ်ကျမ အသိဆုံးပဲ။
ပျက်အစဥ် ပြင်ခဏဆိုတာ နေရာတကာ မမှန်ပါဘူး။ ပြင်နိုင်ရင်လည်း တစ်ချိန်က မှားယွင်းပျက်စီးခဲ့တာက လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ဘူးလေ။
ကျမပြုခဲ့တဲ့ အမဲစက်ကြီးက ဘဝမှာ ရှိနေတော့မှာပဲလေ။ ရှေ့လျောက် ဘယ်လောက်ကောင်းအောင် နေနေ၊ ကျမဟာ အိမ်ထောင်ရေးဖောက်ပြန်ဖူးတဲ့ မိန်းမအဖြစ် ထင်ကျန်နေတော့မှာ။
ခင်ဗျားက ကလေးတွေမျက်နှာကြောင့် ခွင့်လွှတ်နိုင်တယ်ထား။ ကျမက ဘယ်လိုလိပ်ပြာလုံနိုင်ပါ့မလဲ။
တစ်သက်လုံးလည်း အောက်ကျို့နေရမယ့်အဖြစ်မျိုးလည်း ကျမ မနေနိုင်ဘူး ….
ဒါကြောင့် ကွာရှင်းပေးပါ”
“…………………………”
“တကယ်တော့ ခင်ဗျား ခရီးမထွက်ခင်ကတည်းက ကျမ ဖြစ်ခဲ့တာတွေ၊ ဖောက်ပြန်မိတာတွေ အကုန်ပြောပြဝန်ခံပြီး ကွားရှင်းခိုင်းမလို့ပါ …..
ဒါပေမယ့် ကျမ ဘယ်လိုမှ ပြောမထွက်ခဲ့ဘူး။ ခင်ဗျားခရီးထွက်ခါနီးမှာလည်း စိတ်သောက မပေးချင်ဘူး … အဲဒါကြောင့် မပြောပြဖြစ်ခဲ့တာပါ”
ယဥ်အေးက သူ့အမှားတွေကို ပြောပြဝန်ခံပေမယ့် ကျနော့်ရင်ထဲ အရာရာကို လက်လွှတ်ဆုံးရှုံးသွားရသလို နင့်နင့်သီးသီး ခံစားလိုက်ရပါတယ်။ သူ့ဘက်က ကျနော်နဲ့ ဆက်ပေါင်းဖို့ လိပ်ပြာမလုံတဲ့ သူ့အတ္တတစ်ခုကြောင့် ကွာရှင်းဖို့ကို တောင်းဆိုနေခဲ့ပါပြီ။
“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ထိုသုံးချက် ချက်မပိုင်ရင် နောင်ပြင်ရန် ခက်တယ်ဆိုတဲ့ ရှေးစကားက အလကားထားခဲ့တာမှ မဟုတ်တာ …..
အိမ်ထောင်မှုတစ်ခု တည်ဆောက်ရတာ မလွယ်သလို ပြိုကွဲဖို့ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်တယ် …..
အထူးသဖြင့် သားသမီးတွေရှိလာရင် ကိုယ့်အတ္တ၊ ကိုယ့်မာနထက် သားသမီးတွေရဲ့ ဘဝရှေ့ရေးကို ဦးစားပေး ဆုံးဖြတ်ကြရတာပဲ …..
ပြီးတော့ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ နေကြတာမို့ ကျင့်ဝတ်တွေ စည်းတွေကို စောင့်ထိန်းရမှာပဲ။ အရှက်အကြောက်လည်း ရှိရမယ်။
ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်လာရင် ပိုပြီး ဂရုစိုက်ထိန်းသိမ်းရမယ်။ ဒါမှပဲ လူပီသတော့မှာပေါ့ ……
ဒီလိုမှမဟုတ်ဘဲ ကိုယ့်အတ္တကိုပဲ အလေးထားပြီး စည်းတွေ ကျင့်ဝတ်တွေ မထားတော့ရင် အိပ်၊ စား၊ ကာမပဲသိတဲ့ လူ့တိရစ္ဆာန် ဖြစ်သွားတော့မှာပေါ့ …..
ဒါက ဘယ်သူကမှ သွတ်သွင်းတာမဟုတ်ဘူး။ ကိုယ့်လျောက်မယ့်လမ်းကို ကိုယ့်ဟာကိုယ် ရွေးချယ်ရမှာပဲ ….
အဲဒီတော့ ကလေးတွေရှေ့ရေးကို ကြည့်ပြီး ကိုယ့်အမှားကိုယ် ပြုပြင်ပြီး ရှေ့ဆက်သွားမလား …..
ကိုယ့်အတ္တနဲ့ ကိုယ့်စိတ်ချမ်းသာမှုကိုပဲ ရှေ့တန်းတင်ပြီး ကျန်တဲ့အရာတွေကို အလေးမထားဘဲ အမှားပေါ် အမှားဆင့်လို့ လူ့တိရစ္ဆာန်အဖြစ်ဘဲ ဆက်နေမလား …..
ဒါဆိုရင်တော့ မကောင်းတဲ့လူတွေနဲ့ပဲ ဆက်ပတ်သက်ပြီးတော့ လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို အလိုလိုရောက်သွားမှာဘဲ …..
ကိုယ့်ဟာကိုယ် ရွေးချယ်ပေါ့ ….
ဒီအချိန်အထိ ငါစိတ်ကိုငါ ထိန်းထားနိုင်တာလည်း ဒီလိုသဘောတရားတွေကြောင့်ပဲ …. ငါ့သား ငါ့သမီးရဲ့ ဘဝနဲ့ ငါ့အတ္တ၊ ငါ့မာနကို လဲသင့်ရင် လဲရမှာပဲ …
အေးပေါ့ … မင်းရွေးချယ်မှု မှားရင်တော့ ပေးဆပ်ရမယ့် အရင်းအနှီးနဲ့ ဆုံးရှုံးမှုကြီးကြီးကို မင်း ထည့်တွက်ရလိမ့်မယ်။
ပထမဆုံးကတော့ အိမ်ထောင်ရေးပြိုကွဲမယ်။ ကလေးတွေ မိတကွဲ၊ ဖတကွဲ ဖြစ်ရမယ်။
ငါက ဖခင်မေတ္တာကို အပြည့်အဝပေးနိုင်တယ်ထား … လိုအပ်နေတဲ့ မိခင်မေတ္တာကို သူ့တို့တစ်ဘဝလုံး တောင့်တနေမိကြမှာပဲ …..
အမိမဲ့သား ရေနည်းငါးဆိုတာ ရှိတယ်လေ။ ကလေးတွေက စိတ်ဒဏ်ရာတွေနဲ့ တစ်သက်လုံး ဖြတ်သန်းရတော့မယ်”
“ကလေးတွေကို ကျမ ခေါ်ထားမယ်ဆိုရင်ရော”
“ရူးပါ့ ယဥ်အေးရာ …..
ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းသိမ်း၊ မစောင့်ရှောက်နိုင်တဲ့ မိခင်တစ်ယောက်ဆီမှာ ငါ့သားသမီးတွေကို ဘယ်လိုစိတ်ချပြီး ထားနိုင်ပါ့မလဲ …..
ငါနားလည်အောင် �ရှင်းပြစမ်းပါဦး ….
ငါကရော ပေးလိမ့်မယ် ထင်နေလား … မင်းရူးနေလား …”
” ……………………….. ”
“ကဲ … အချိန်လည်း လင့်ပြီ … ငါပြန်တော့မယ် …
မင်းလည်း စဥ်းစားဆင်ခြင်တတ်တာပဲ။ ကိုယ့်လုပ်ရပ် မှားမှန်းသိရင်တော့ အသိ၊ သတိလေးနဲ့ သေချာစဥ်းစားဆုံးဖြတ်ပေါ့ ….
ပြီးမှ နောက်ထပ်ဆွေးနွေးကြတာပေါ့ ….. အဲတော့ မင်းဟာမင်း သေချာစဥ်းစားလိုက်ပါဦး”
ဆေးရုံဝရန်တာကနေ ကျနော်တို့ကို လှမ်းကြည့်နေတဲ့ သူငယ်ချင်းကို လက်လှမ်းပြခေါ်ကာ ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာတော့ ကျနော်တစ်ယောက်တည်း အတွေးများနဲ့ ငြိမ်သက်နေမိပါတယ်။
ယဥ်အေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရလို့ စိတ်ရှင်းသွားသင့်ပါတယ်။ ဒါပေမယ့် ကျနော့်စိတ်တွေဟာ ရှုပ်ထွေးလေးလံနေရပါတယ်။
ယဥ်အေးက သူ့အမှားသူ သိကာ ပြန်လည်ပြုပြင်တည်ဆောက်ဖို့ ရွေးချယ်နိုင်ပါ့မလား၊ ဒါမှမဟုတ်ရင် ကျနော့်သားနဲ့ သမီးအတွက် ထိခိုက်ဝမ်းနည်းစရာတွေ ဖြစ်လာမလား …. စတဲ့ ပူပင်သောကတွေက ကျနော့်ကို နှိပ်စက်နေခဲ့ပါတော့တယ်။
ဆေးရုံဝန်းထဲက ထွက်သွားတဲ့ ကိုစိုးကိုကြည့်ကာ ကျမ မျက်ရည်ကျနေခဲ့ရပါတယ်။ ကျမ လုပ်ခဲ့တဲ့ အမှားတွေက ကျမရင်ကို မချိအောင် ပူဆွေးဝမ်းနည်းစေရပါပြီ။
ကျမရဲ့ မသိမိုက်မှားမှု၊ အမှားပေါ်မှာ သာယာတပ်မက်မှုနဲ့ ဆင်ခြင်ထိန်းချုပ်နိုင်မှု ကင်းမဲ့ခြင်းတွေရဲ့ ဆိုးကျိုးတွေက ကျမကို ပူလောင်ကြေကွဲလာစေရတာပါ။ ပြီးတော့ ကျမအပေါ် စွပ်စွဲမှု အမျိုးမျိုးနဲ့ ကြိမ်းမောင်းပြစ်တင်မှုတွေ မလုပ်သွားတဲ့ ကိုစိုးကြောင့်ပဲ ကျမကိုယ်ကျမ ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်လာစေရပါတယ်။
ကိုစိုးနဲ့ မျက်နှာချင်းဆိုင် မတွေ့ခင်အထိ သူရဲ့ အကျင့်စရိုက်ကို သိနေတာမို့ ကျမ ပိုပြီး စိုးရိမ်ထိတ်လန့်နေမိပါတယ်။ တကယ်ဆိုရင် ပြဿနာဖြစ်ခဲ့တဲ့ ညကနေ ဒီနေ့အထိ သွေးပျက်ချောက်ခြားနေခဲ့ရတာပါ။ ကျမအတွက် ငရဲကျနေရသလိုပါပဲ။
အဲဒီညက ကိုစိုးတို့ရောက်လာတဲ့အချိန်မှာ ကျမဟာ သမီးကို တင်းတင်းပွေ့ဖက်ပြီး ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ငိုနေခဲ့မိပါတယ်။ တစ်ခဏ သာယာမှုတွေကို ဆက်ကာဆက်ကာ ပျော်ဝင်နေမိတဲ့ ကျမအဖို့ တစ်ချိန်ချိန်မှာ ဒုက္ခတွေ့ရတာ မဆန်းပါဘူး။
တစ်နေ့နေ့မှာ ကြောက်လန်တုန်လှုပ်စရာတွေ တွေ့ရမယ်ဆိုတာ သိသိလျက်နဲ့ မထိန်းသိမ်းနိုင်ခဲ့တဲ့ အကျိုးတွေပါပဲ။ အထူးသဖြင့် အခုလို ထိတ်တိုက်တွေ့ဆုံရမှာကို ပိုစိုးရိမ်ခဲ့ပေမယ့် လက်တွေ့ကြုံလာရပါပြီ။
ဒီလိုအချိန်မှာ ကျမတို့ကို ပူးတွဲတွေ့သွားလို့ကတော့ မတွေးဝံ့စရာတွေ ဖြစ်ပေါ်ရတော့မှာပါ။ ကိုစိုးရဲ့ ဒေါသ၊ နာကျည်းခံပြင်းမှုကြောင့် ကျမရဲ့ အရွယ်မရောက်သေးတဲ့ သားသမီးတွေ မိမဲ့ဖမဲ့ဖြစ်ရတော့မှာပါ။
ကျမရဲ့အမှားက ကိုစိုးနဲ့ ကလေးတွေကို ထိခိုက်ရတော့မှာ တွေးမိပြီး ဝမ်းနည်းငိုကျွေးနေမိတာပါ။ ကိုစိုးတို့ကို ပြန်သွားပါစေ ဆုတောင်းပေမယ့် သူတို့က မပြန်ပါဘူး။ အေးဆေးထိုင်နေပါသေးတယ်။
ဒါကလည်း လနဲ့ချီ အဝေးသွားပြီး အလုပ်လုပ်ခဲ့ရတဲ့ ကိုစိုးဟာ ဇနီးမယားနဲ့ သမီးကို တွေ့ချင်နေမှာအမှန်ပါပဲ။ ဒါက သဘာဝကျပါတယ်။
သဘာဝမကျတာက မိန်းမဖြစ်တဲ့ ကျမက လင်ကွယ်ရာမှာ လင်ငယ်ထားလို့ ဖောက်ပြန်နေခဲ့တာလေ။ လင်ငယ်နဲ့အတူ အပျော်ကျူးနေမိတာမို့လည်း အတွေ့မခံရဲကာ ပုန်းနေရတာပါ။
ပြီးတော့ ခြံပေါက်ဝမှာ ထိုင်စောင့်နေတဲ့ ကိုစိုးဟာ ကျမကို တွေ့ချင်လို့သတ်သတ်ပဲ ဟုတ်ပါ့မလား။ ကျမရဲ့ နောက်မီးလင်းနေတဲ့ကိစ္စကို သိနေလို့များလားဆိုပြီး တွေးမိပါတယ်။
အရင်က သူ ခရီးကပြန်လာလို့ ကျမကို လာခေါ်ရင် တစ်ဦးတည်းသာ လာတတ်ပါတယ်။ အခုတော့ သူ့သူငယ်ချင်းလည်း ပါလာခဲ့တယ်။ ဒါက ဒီခြံထဲမှာ ဦးနိုင်နဲ့ ကိုထွန်းရှိနေတာကို သိနေလို့လည်း ဖြစ်နိုင်ပါတယ်။
ဒီလို စိုးရိမ်ကြောက်လန့်နေချိိန်မှာပဲ အမရဲ့ယောက်ျားကပါ ရောက်လာပြီး အော်ဟစ်သောင်းကြမ်းနေပါတယ်။ တစ်စွန်းတစ်စကြားရတဲ့ အသံတွေအရ ကျမတို့ ဖောက်ပြန်နေတာကို အော်ဟစ်ဆဲဆိုနေခဲ့တာပါ။
ဒီအချိန်မှာတော့ ကျမတို့အားလုံးလည်း ဆောက်တည်ရာမရအောင် သွေးပျက်ကုန်ကြပါတယ်။ ကျမတို့ညီအမတင်မကဘဲ ဦးနိုင်နဲ့ ကိုထွန်းတို့လည်း အတော်ကြောက်နေကြပါတယ်။
သူတို့က ကြောက်ကြောက်နဲ့ ထွက်ပြေးဖို့ ပြင်ကြတယ်။ ဒါပေမယ့် အမက ချောင်ပိတ်မိနေတာကို ပြောပြပြီး ပြေးထွက်သွားမှ ပိုဆိုးကုန်မှာစိုးလို့ တားနေခဲ့ပါတယ်။
ကျမကတော့ ငိုနေရုံပဲ တတ်နိုင်ပါတော့တယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမှန်းလည်း မသိတော့ပါဘူး။ ဖြစ်နိုင်လျှင်နေရာမှာသာ လဲသေလိုက်ချင်ပါတော့တယ်။ ကျမဘဝမှာ သွေးပျက်ချောက်ခြားရဆုံး အခိုက်အတန့်ပါပဲ။
နောက်တော့ အပျိုကြီးအမ ရောက်လာတယ်။ ကျမတို့ကိုတွေ့တော့ သူလည်း အံ့ဩသွားပြီး အားလုံးကို အိမ်ထဲက နှင်ထုတ်ပါတယ်။
ကျမတို့လည်း ရှိခိုးတောင်းပန်ကာ ခဏလောက်ဆက်နေခွင့်ပေးဖို့ တောင်းဆိုရတယ်။ ပြီးတော့ ကိုစိုးတို့ကို တစ်နည်းနည်းနဲ့ ပြန်ခိုင်းဖို့ အကူအညီတောင်းတယ်။
ဒီလိုမှမရရင်တော့ ရပ်ကွက်လူကြီးတွေခေါ်ပြီး ကျမတို့ကို အမိဖမ်းလိုက်ဖို့ တောင်းဆိုရတယ်။ မဟုတ်ရင် တုတ်တပြတ် ဓားတပြတ်နဲ့ အကုန် ဒုက္ခရောက်ကုန်ကြမှာလေ။
အပျိုကြီးအမဟာ အစကတော့ လက်မခံပါဘူး။ နောက်မှ ရိုက်ပွဲ၊ သတ်ပွဲတွေ ဖြစ်ကုန်မှာကို ထောက်ချင့်ပြီး ကိုစိုးကို သွားပြောပေးမယ်လို့ ဆိုပါတယ်။ ရတာ မရတာကတော့ ကျမတို့ ကံတရားပေါ့။
အပျိုကြီး သွားပြောခါနီးမှာ ကျမက ကိုစိုးကို သတ်သတ်မှာလိုက်ပါတယ်။ ကျမလို အမိုက်မအတွက် ကိုစိုးရဲ့ ဘဝကို အထိခိုက်မခံစေဖို့နဲ့ သားသမီးတွေအတွက် ဖခင်ကောင်းအဖြစ် ရှိနေပေးဖို့ မှာလိုက်ရပါတယ်။
ကျမအတွက် ဒီအမှာစကားက နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ ထိုနောက်တော့ ဦးနိုင်နဲ့ စပတ်သတ်မိကတည်းက အစိုးရိမ်အကြောက်လန့်ရဆုံး အဖြစ်ဆိုးကြီး ဖြစ်မလာစေဖို့ ကြိတ်ဆုတောင်းရင်း ငိုနေဖို့ပဲ တတ်နိုင်ပါတော့တယ်။
နောက်တော့ အပျိုကြီး ပြန်ရောက်လာတယ်။ ကိုစိုးက ကျမနဲ့ သမီးလေးကို အနောက်ခန်းမှာ ဝင်နေဖို့နဲ့ ဘာဖြစ်ဖြစ်ထွက်မလာဖို့ မှာလိုက်ပါတယ်။ အမတို့ သုံးယောက်ကိုတော့ နောက်ဖေးမှောင်ရိပ်ထဲကနေ အိမ်ထဲကထွက်ခိုင်းပါတယ်။
ထိုနောက်တော့ ကိုစိုးက ပြန်တော့မယ်ဆိုပြီး အမေ့ကို နှုတ်ဆက်သံကြားရတယ်။ ပြီးတော့ သူတို့သူငယ်ချင်းနှစ်ယောက်က အေးအေးဆေးဆေးပဲ ပြန်သွားပါတယ်။
အမရဲ့ယောက်ျားကတော့ မပြန်သေးဘဲ တုတ်တပြင်ပြင်နဲ့ ဆက်နေခဲ့ပါတယ်။ ကျမတို့သားအမိကို အပျိုကြီးက အိပ်ခန်းထဲသွင်းကာ အထဲမှာပဲနေဖို့ ပြောပါတယ်။
အမတို့သုံးယောက်ကိုတော့ နောက်ဖေးမှောင်ရိပ်ကနေ အိမ်ထဲက ထွက်သွားဖို့ နှင်ထုတ်ပါတယ်။ အမတို့လည်း အိမ်ရှေ့မှာ တစ်ယောက်ကျန်နေသေးလို့ မပြန်ရဲသေးပါဘူး။
အမက ဆက်နေခွင့်ပေးဖို့ ငိုရိုတောင်းပန်ပေမယ့် အပျိုကြီးက အတင်းနှင်ထုတ်နေပါတယ်။ နောက်ဆုံးတော့ အမတို့လည်း အိမ်နောက်ဖေးပေါက်ကနေ ထွက်သွားကြတယ်။
ဒါပေမယ့် ခြံရှေ့မထွက်သွားရဲပါဘူး။ မှောင်ရိပ်ထဲမှာပဲ သုံးယောက်သားဟာ ခိုကပ်ပုန်းနေကြပါတယ်။ အပျိုကြီးကတော့ ကျမတို့နဲ့အတူ အခန်းထဲဝင်နေပြီး တံခါးချက်တွေကို ချထားလိုက်ပါတယ်။
ကျမလည်း ကိုစိုးက အေးအေးဆေးဆေးပြန်သွားလို့ ကျေးဇူးတင်မိတယ်။ ကျမလို မိန်းမယုတ်ကို ညှာတာပြီး ပြန်သွားတာတော့ မဟုတ်နိုင်ပါ။
အကုန်လုံး အုတ်အော်သောင်းနင်းဖြစ်ပြီး အရှက်ကွဲရမှာနဲ့ သားသမီးတွေဘဝရှေ့ရေးကို ထည့်တွက်ပြီး သူ့ဒေါသကို သူထိန်းသွားခဲ့တာပဲနေပါမယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စပြီးရင်တော့ ကိုစိုးပေးသမျှအပြစ်ဒဏ်ကို ကျမ ကျေကျေနပ်နပ် ခံပေးပါ့မယ်။
ဒီလိုနဲ့ အတန်ကြာသွားတယ်။ အသံတွေလည်း တိတ်ဆိတ်သွားတယ်။ အမရဲ့ယောက်ျားပြန်သွားပြီလို့ ထင်မှတ်နေချိန်မှာပဲ အပျိုကြီးမရဲ့ အိမ်နောက်ဖေးကနေ အော်ဟစ်ရိုက်နှက်သံတွေ ထွက်ပေါ်လာပါတော့တယ်။
အမရဲ့ယောက်ျားက လုံးဝပျောက်နေတဲ့ သူ့မိန်းမကို ခြံဝိုင်းထဲ လိုက်ရှာရင်း မှောင်ရိပ်ထဲမှာ တွေ့တဲ့သုံးယောက်ကို အတင်းဝင်ရိုက်တော့တာပါ။ ရိုက်နှက်သံတဘုန်းဘုန်းနဲ့အတူ အော်ဟစ်ကြိမ်းဝါးသံ၊ ငိုယိုတောင်းပန်သံများနဲ့ ဆူညံကုန်ပါတယ်။
နောက်တော့ အပျိုကြီးက သူထွက်ကြည်ဦးမယ်၊ ကျမတို့သားအမိကို အခန်းထဲမှာပဲနေလို့မှာပြီး ထွက်သွားတယ်။ ကြားရသလောက်ကတော့ အမကို သူ့ယောက်ျားက ပြောပြောပြီး ရိုက်နေတာပါ။
အမေနဲ့ အပျိုကြီးတို့က တားနေတဲ့ အသံတွေလည်း ကြားရပါတယ်။ အသံတွေက ဆူညံရောထွေးနေပါတယ်။ ပြီးတော့ နည်းနည်းငြိမ်သွားတယ်။ ဒီတော့မှ အပျိုကြီးက ပြန်ရောက်လာပြီး အမကို ဆေးရုံပို့ရမယ်လို့ ပြောလာပါတယ်။
ကျမ ထွက်ကြည့်တော့ အမလည်း သူ့ယောက်ျား ရိုက်ထားတဲ့ဒဏ်ကြောင့် ခွေခွေလေးလဲနေပါတယ်။ ကျမတို့လည်း အခြေအနေကိုကြည့်ကာ ဆေးရုံပို့ဖို့ ပြင်ရပါတယ်။ ကျမလည်း သမီးကို အမေနဲ့ထားခဲ့ပြီး ဆေးရုံကို လိုက်ခဲ့ရတယ်။
ဆေးရုံရောက်တော့လည်း ကျမမှာ အလုပ်တွေရှုပ်ပြီး ထူပူနေပါတယ်။ လိုအပ်တာတွေ လုပ်ရတာကတစ်မျိုး၊ အရိုက်ခံရတာမို့ ရဲကရောက်လာတာကတစ်မျိုးနဲ့ ကျမမှာ သေသာသေလိုက်ချင်ပါတော့တယ်။
ဒီလို အမအတွက် စိတ်ပူပြီး လုံးပန်းနေရချိန်မှာပဲ ဆေးရုံကို ဓားထိုးခံရတဲ့ ယောက်ျားနှစ်ယောက် ရောက်နေတယ်ဆိုတာ ကြားရပါတယ်။ ဆေးရုံပြင်ပလူနာခန်းရဲ့ အတွင်းမှာ ထိုနှစ်ယောက်အတွက် ဆရာဝန်တွေ ရှုပ်ယှက်ခတ်နေကြပါတယ်။
အခြေအနေ မကောင်းဘူးလို့လည်း ပြောသံကြားတယ်။ ခရိုင်ဆေးရုံကို ချက်ချင်းလွှဲဖို့လည်း ပြင်နေကြပါတယ်။ ကျမလည်း ကိုယ့်အပူနဲ့ကိုယ်မို့ မစပ်စုနိုင်ပါဘူး။
ဒါပေမယ့် ထိုလူနာတွေကို ခရိုင်ဆေးရုံကို ပို့ဖို့ အခန်းထဲက မ ထုတ်လာချိန်ကျမှ ကျမ လှမ်းကြည့်မိပြီး မျက်လုံးပြူးသွားရပါတယ်။ လူကိုသေချာမမြင်ရပေမယ့် သွေးအလိမ်းလိမ်းနဲ့ အဝတ်အစားကိုကြည့်ပြီး ဦးနိုင်ဆိုတာ ကျမ သိလိုက်ရပါတယ်။
ကျမမှာ အကြောင်သားရပ်နေမိပါတယ်။ အံ့ဩမှုနဲ့အတူ တုန်လှုပ်နေမိတယ်။ အဖြစ်အပျက်ကိုလည်း နားမလည်နိုင်အောင်ဖြစ်နေမိတယ်။
ကျမက ဦးနိုင်တို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထင်ထားတာလေ။ သူတို့ကို အမယောက်ျားက ဓားနဲ့ထိုးတာလား။ ဓားနဲ့ထိုးတယ်လို့လည်း ပြောသံမကြားရပါဘူး။ အမကို တားမရဆီးမရ ရိုက်နေတယ်လို့ပဲ သိထားတာပါ။
ဒါဖြင့် ဘယ်သူဓားနဲ့ထိုးတာလဲ။ ကိုစိုးတို့ သူငယ်ချင်းနှစ်ယောက်လား။ ဒါပေမယ့် ကိုစိုးတို့က အစောကြီး ပြန်သွားခဲ့တာလေ။ ပြန်သွားတာ တော်တော်ကြာတော့မှ အခုကိစ္စဖြစ်တာလေ။
ပြီးတော့ ကိုစိုးသာ ဒါမျိုးလုပ်ချင်ရင် ပြန်မှာ မဟုတ်ပါဘူး။ အပျိုကြီးအိမ်ထဲမှာ ကျမတို့လေးယောက်ရှိနေတာကို ကိုစိုးသိနေနိုင်တာပဲ။ အပျိုကြီးက ကိုစိုးတစ်ယောက်တည်းကိုသာ အပြင်ခေါ်ထုတ်ပြီး ကျမမှာလိုက်တာကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုစိုးသာလုပ်ချင်ရင် အိမ်ပေါ်တက်လာပြီး အကုန်လုံးကို သတ်မှာပါ။ အဲလိုမလုပ်ချင်ဘဲ အေးအေးဆေးဆေးဖြေရှင်းချင်လို့သာ ကျမတို့ သားအမိကို အိမ်ခန်းထဲ ဝင်နေခိုင်းပြီး သူပြန်သွားခဲ့တာလေ။
နောက်နေ့မှ ပြန်လာပြီးတော့ ကျမကို သူ ထိန်းသိမ်းကြည့်ပါဦးမယ်လို့ အပျိုကြီးကို ပြောသွားခဲ့တယ်လေ။ ဒါကြောင့်လည်း ဦးနိုင်တို့ကို ဓားနဲ့ထိုးသူဟာ ကိုစိုးမဟုတ်ဘူးလို့ ယုံနေမိပါတယ်။
ကိုစိုးဟာ မဟုတ်မခံစိတ်ကြီးသူဖြစ်ပေမယ့် သူ့သားနဲ့သမီးရဲ့မျက်နှာကို ထောက်ပြီး ဒီလောက် လက်လွန်ခြေလွန်တော့ မလုပ်နိုင်ပါ။ သူ သတ်ရင် ကျမလို မိန်းမမိုက်က အရင်သေရမယ့်သူပါ။
ဒါဆို ဘယ်သူလုပ်တာလဲ။ ကိုစိုး မဖြစ်နိုင်ဘူးလို့ တွေးပြီးချိန်မှာ ကျန်တာကို ဆက်မတွေးနိုင်ပါ။ ကျမလည်း စိတ်ရှုပ်ထူပူနေရတာမို့ ဦးနိုင်တို့အတွက် မတွေးပေးနိုင်ပါ။ ဒီအချိန်မှာ ဦးနိုင်အတွက် မပူပင်နိုင်ပါ။
ဦးနိုင်တို့ကို ဘယ်သူသတ်သတ်၊ ကိုစိုးမလုပ်ရင်တော်ပါပြီ။ ကျမရဲ့ မိုက်ပြစ်ကြောင့် ကိုစိုးနဲ့ ကလေးတွေကို ဒီထက်ပိုပြီး မထိခိုက်စေချင်တော့ပါ။
ရဲက အမရဲ့ဖြစ်ပုံကို စစ်ချက်ယူတော့လည်း ကျမ စိုးရိမ်နေမိတယ်။ လင်မယားချင်း ရန်ဖြစ်၊ ရိုက်နှက်တာဆိုပေမယ့် ပြင်းထန်ဒဏ်ရာတွေမို့ ရဲက စစ်ချက်လာယူပါတယ်။
အမကတော့ သိပ်မပြောနိုင်။ ဒီတော့ ကျမကပဲ ဖုံးဖုံးဖိဖိပြောရပါတယ်။ လင်မယားချင်း အထင်လွဲလို့ ဖြစ်ကြတဲ့အကြောင်း အကြမ်းဖျင်းပြောရင်း ရဲက ခြံထဲ လူအဝင်အထွက်ကို မေးလာတော့ ကိုစိုးနာမည်လည်း ပါသွားတယ်။
ဒါပေမယ့် ကိုစိုးဟာ အခင်းမဖြစ်ခင် တစ်နာရီလောက်ကတည်းက ပြန်သွားခဲ့တာလို့ သေချာပြောရတယ်။ ဒီကိစ္စဖြစ်တာကို ကျမ ယောက်ျား လုံးဝမသိဘူးလို့ အခိုင်အမာထွက်ဆိုခဲ့တယ်။
ရဲကတော့ စိစိပေါက်ပေါက်မေးတာပေါ့။ ကျမလည်း အိမ်ထဲမှာ ကလေးသိပ်နေတာမို့ ဘာဖြစ်ကြတယ်ဆိုတာ သေချာမသိကြောင်းသာ ဘူးခံငြင်းရပါတော့တယ်။ ရဲကလည်း ကျမတို့ ထူပူနေတာကို နားလည်ပေးပြီး ဆက်မမေးတော့လို့ တော်ပါသေးတယ်။
ဒါပေမယ့် ကျမစိတ်ထဲ စိုးတထိတ်ထိတ် ဖြစ်နေမိတာအမှန်ပါ။ ဒီကြားထဲ အမကို ခရိုင်ဆေးရုံကို ပြောင်းရမယ်တဲ့။ ဒီတော့ ကျမလည်း လိုအပ်တာတွေ အိမ်ပြန်ပြီး ယူရပါတော့တယ်။
စိတ်က ထင့်နေခဲ့တာမို့ အိမ်အပြန်မှာ ခြံဝရောက်တော့ ဦးနိုင်တို့ စက်ဘီးထားခဲ့တဲ့နေရာကို ကြည့်မိပါတယ်။ စက်ဘီးနှစ်စီးက ရပ်ထားတဲ့အတိုင်းရှိနေပါသေးတယ်။
ခြံထဲမှာ ရောက်နေတဲ့ လူကြီးတွေက လမ်းထိပ်မှောင်ရိပ်ထဲမှာ လူနှစ်ယောက် ဓားထိုးခံရလို့ ဆေးရုံပို့လိုက်ရတဲ့အကြောင်းကို ပြောနေကြပါတယ်။ ဒီလူတွေက အမရဲ့ယောက်ျားက ရိုက်လိုက်တဲ့ လူတွေပဲဖြစ်မယ်လို့ မှတ်ချက်ချနေကြတယ်။
ဒါပေမယ့် ဓားနဲ့ထိုးတဲ့သူကိုတော့ ဘယ်သူမှ မသိကြပါဘူး။ ကျမလည်း ကိုစိုးမျက်နှာကို ပြေးမြင်မိတယ်။ ဒါပေမယ့် မဟုတ်နိုင်ပါဘူးလို့ တွေးကာ လိုအပ်တာတွေ အိမ်ပေါ်တက်ပြီး ယူရပါတယ်။
ပြင်ဆင်ထုတ်ပိုးနေရင်းပဲ ဓားနဲ့ထိုးတာကိုပဲ စိတ်ရောက်နေတာမို့ မီးဖိုချောင်ဘက် ဆင်းလာလိုက်ပါတယ်။ ကျမ မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့်ပဲ ဟိုဘက်အိမ်ကနေ ဒီအိမ်ကို ယူလာတဲ့ ဓားစူးထားတဲ့နေရာကို ကြည့်လိုက်ပါတယ်။
ကျမ ခေါင်းကို မိုးကြိုးပစ်လိုက်သလိုပါပဲ။ မျက်လုံးထဲ ပြာခနဲဖြစ်သွားကာ ထိတ်လန့်တုန်လှုပ်သွားပါတယ်။ ကျမ ထားနေကျနေရာမှာ ဓားက မရှိပါ။ ဒီဓားက ကိုစိုးနယ်ထွက်အလုပ်လုပ်ပြီး အပြန်မှာ ကျမ ကုန်စိမ်းရောင်းရင် လိုရမယ်ရ သုံးရအောင် ဝယ်လာပေးတာလေ။
ဓားက သံအမျိုးအစားကောင်းသလို ၆ လက်မကျော်လောက်ရှည်ကာ လေးလေးပင်ပင်နဲ့ပါ။ ဒါကြောင့် ကျမကိုပေးတော့ ဓားက ကုန်စိမ်းလှီးဖို့လား၊ လူထိုးဖို့လားဆိုပြီးတောင် မေးမိပါသေးတယ်။
ကိုစိုးက ဝယ်မှဝယ်တော့ ရေရှည်သုံးလို့ရအောင် ကောင်းတာကို ဝယ်လာပေးတာလို့ဆိုခဲ့ပါတယ်။ ကျမလည်း ကိုစိုးအကြောင်း သိပါတယ်။ သူက ဘာလုပ်လုပ် စည်းကမ်းတကျရှိကာ ရေရှည်ကို တွက်ဆတတ်သူပါ။
ဒီလို သူ့အကြောင်း သိနေလို့လည်း ထိုဓားကို မပျောက်ပျက်အောင် ကိုင်ပါတယ်။ ဒီအိမ်ကို ယူလာတော့လည်း သုံးပြီးတာနဲ့ မီးဖိုချောင်တံခါးကြားမှာသာ အမြဲထားတာပါ။ ဒီလို စနစ်တကျ ကိုင်တာ၊ ထားတာကိုလည်း ကိုစိုးကို ပြောပြဖူးပါတယ်။
အခုတော့ ထိုဓားက ထားနေကျနေရာမှာ မရှိပါ။ ညနေက ဦးနိုင်တို့အတွက် လက်ဖက်ရည်နဲ့ စားစရာလာယူတော့တောင် ထိုဓားကို တွေ့မိပါသေးတယ်။
အခုတော့ …… ကျမ ဆက်မတွေးရဲတော့ပါ။ နေရာမှာသာထိုင်ချပြီး ငိုနေမိပါတော့တယ်။ ကျမရဲ့ သစ္စာမဲ့မှုကြောင့် ကျေးဇူးရှင် လင်ယောက်ျားက လူသတ်ဖို့ ဖြစ်လာခဲ့ပြီ။
ကျမ ရင်နဲ့လွယ်ပြီး မွေးထုတ်ပေးခဲ့တဲ့ သားနဲ့သမီးကို မိမဲ့ဖမဲ့ဖြစ်အောင် ကျမကိုယ်တိုင် လုပ်လိုက်မိပါပြီ။ ကျမဟာ မိန်းမဆိုး၊ မိန်းမယုတ် ဖြစ်ရုံမကဘဲ မိခင်ဆိုးတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။
ခရိုင်ဆေးရုံကို ပြောင်းလိုက်ရတဲ့ ဦးနိုင်သာ သေသွားခဲ့ရင် လူသတ်မှုဖြစ်တော့မှာပါ။ ရဲကသာ လူသတ်တရားခံက ကိုစိုးမှန်း သိသွားခဲ့ရင်ဆိုတဲ့အတွေးက ကျမကို ဆောက်တည်ရာမရအောင် နာကျင်ပူဆွေးရပါတယ်။
မီးဖိုချောင်ထဲ ထိုင်ငိုနေမိတဲ့ကျမကို အမေက ဆေးရုံကို ပြန်သွားဖို့ လာပြောပြီး ပြန်လွှတ်ပါတယ်။ ကျမမှာ ထွက်သာထွက်လာရပေမယ့် တစ်လျောက်လုံး ထိတ်လန့်တုန်လှုပ်နေရပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်ကာ မျက်ရည်သာ ကျနေမိပါတော့တယ်။
ပြင်မရတော့တဲ့ အမှားအတွက် ယူကျုံးမရ၊ နောင်တတွေနဲ့ ပူလောင်နေခဲ့ရပါတယ်။ သွားလာလုပ်ကိုင်နေရပေမယ့် စိတ်ဓာတ်တွေကျပြီး အားအင်မဲ့ကာ ညှိုးနွမ်းနေခဲ့ရပါတယ်။
မညီမျှခဲ့သော သစ္စာ (အပိုင်း ၇) (ဇာတ်သိမ်းပိုင်း) ဖတ်ရန်နှိပ်ပါ။
➡️တင်ထားပြီးသမျှ အပြာစာအုပ် အောစာအုပ်များ စာရင်းကြည့်ရန်နှိပ်ပါ။⬅