ကိုကိုမောင် (၇)တန်းအောင်တော့ သူ့ဦးလေးရှိရာ မန္တလေး စိန်ပန်းရပ်သို့ ရောက်လာ၏။ အစကတော့ ကျောင်းဆက်တက်ရန် စိတ်ကူးမရှိခဲ့။ သူ့ရဲ့ဦးလေးဖြစ်သူ ကိုမြင့်ဟန်က ကျောင်းဆက်ထားဖို့ တာဝန်လိုက်ယူသဖြင့် သူ့အမေ မခင်ဝင်းက သဘောတူလိုက်ခြင်းဖြစ်သည်။
ဦးလေးဖြစ်သူ ကိုမြင့်ဟန်မှာ သံရည်ကျိုလုပ်ငန်းဖြင့် ကြီးပွားနေ၏။ မန္တလေးမှာပဲ အလုပ်ရုံက သပ်သပ်၊ အိမ်က သပ်သပ်ဖြစ်သည်။ ကိုကိုမောင်၏အမေက သူ့သားကို မန္တလေးသို့ ပို့ခြင်းမှာ ကျောင်းဆက်ထားဖို့ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု သင်ကြားစေရန် ဖြစ်သည်။ ဒီရောက်မှ အစီအစဉ်တွေ ပြောင်းကုန်ကြခြင်းဖြစ်၏။
ကိုမြင့်ဟန်၏မိန်းမ မနှင်းရီက ငွေကုန်မည့် ကိစ္စမို့ သိပ်တော့မကျေနပ်။ သို့သော်လည်း ကိုမြင့်ဟန်ကို ကြောက်ရသည့်အတွက် အောင့်သက်သက်နှင့် နေလိုက်ရသည်။ လူရည်လည်သော ကိုကိုမောင်ကလည်း သူ့ဦးလေး မိန်းမ မကျေနပ်မှန်း ရိပ်မိသည်။ ထို့ကြောင့် မနှင်းရီနှင့် အဆင်ပြေအောင် ပေါင်းရမည်ကိုပါ နားလည်လိုက်သည်။
ကျောင်းဖွင့်ဖို့ကလည်း တစ်လခွဲလောက် လိုသေး၏။ ထို့ကြောင့် အလုပ်ရုံနှင့်အိမ်ကို ကူးချည်သန်းချည်လုပ်ကာ မနှင်းရီ တာဝန်များကို ဝိုင်းကူလုပ်ပေးသည်။ ကိုကိုမောင်က မပျင်းမရိ၊ မခိုမကပ် လုပ်ကိုင်ပေးတတ်သဖြင့် တစ်ပတ်အတွင်း မနှင်းရီက သူ့ကို သဘောကျသွားသည်။ မနှင်းရီက အိမ်ဆိုင်ဖွင့်ထားသည်ဖြစ်ရာ လိုအပ်သော ပစ္စည်းများကို ဈေးချိုသို့ သွားဝယ်ပေးရသည်။
ကိုကိုမောင် မရောက်ခင်က တစ်နေ့လုံးလိုလို ဖတ်ဖတ်မောအောင် လုပ်ခဲ့ရသော မနှင်းရီ တစ်ယောက် ယခုတော့ တဝက်မကပင် သက်သာနေသဖြင့် ကိုကိုမောင့် အပေါ် သဘောကျ ကြည်ဖြူလာသည်။ ကိုကိုမောင် လုပ်ကိုင်ပေးသမျှကိုလည်း လုပ်အားခဟု သဘောထားကာ ကျောင်းမုန့်ဖိုးအဖြစ် ယခုကတည်းက စုပေးထား၏။
ဦးလေးဖြစ်သူ ကိုမြင့်ဟန်မှာ မနက်မိုးလင်းသည်နှင့် အလုပ်ရုံသို့ထွက်သွားကာ ညဖက် မိုးချုပ်မှ ပြန်လာလေ့ရှိသည်။ နေ့စဉ်လိုလို များသောအားဖြင့် ညကိုးနာရီခွဲ၊ ဆယ်နာရီမှ ပြန်လာလေ့ရှိသည်။ သည်တော့ ကိုကိုမောင် တစ်ယောက် မနှင်းရီအတွက် အကောင်းဆုံး ကူဖော်လောင်ဖက် ဖြစ်လာသည်။ ပြီးတော့ ကိုမြင့်ဟန်ကလည်း ကလေးမရနိုင်သော သူမို့ သူတို့လင်မယားမှာ သားသမီးရတနာ မထွန်းကားသဖြင့် ကိုကိုမောင်ကို သားလေးတစ်ယောက်သဖွယ် သဘောထား ဆက်ဆံလာခဲ့ကြသည်။
ကျောင်းစဖွင့်သည့်နေ့က မနှင်းရီကိုယ်တိုင် ကျောင်းလိုက်အပ်သည်။ မနှင်းရီက သူနှင့်ရင်းနှီးနေသော ကေသွယ်မိုး ဟုခေါ်သည့် ကောင်မလေးတစ်ယောက်နှင့် ကိုကိုမောင်ကို မိတ်ဆက်ပေးပြီး လိုအပ်သော အကူအညီများပေးရန် အတန်တန်မှာခဲ့၏။ ကေသွယ်မိုးကလည်း (၇)တန်းအောင်ပြီး (၈)တန်းတက်ရမည့်သူဖြစ်ရာ တောသားလေး ကိုကိုမောင့်အဖို့ အစစအရာရာ အဆင်ပြေသွားသည်။
မနှင်းရီက အပြန်တွင် ကေသွယ်မိုးကိုပါ မုန့်ဖိုးငါးရာပေးခဲ့သည်။ ကိုကိုမောင့်ကို အကြောင်းပြု၍ မုန့်ဖိုးငါးရာ ရသွားသဖြင့် ကေသွယ်မိုးတစ်ယောက် ကိုကိုမောင့်အပေါ် ငယ်ပေါင်းသဖွယ် ခင်မင်ရင်းနှီးသွားသည်။
လိုအပ်သည့် စာအကူအညီများကို စေတနာ ထက်သန်စွာ အကူအညီပေးသည်။ အန်တီ မနှင်းရီထံမှ နောင်များလည်း ရလာဦးမည့် အခွင့်အရေးများ မျှော်မြင်ကာ ကေသွယ်မိုး ကိုကိုမောင့်ကို သူမ၏လူအဖြစ် သတ်မှတ်လိုက်တော့၏။ ထိုနေ့မှစ၍ သူတို့နှစ်ယောက်စလုံး သွားအတူ၊ စားအတူ၊ စာကျက်အတူ တပူးတွဲတွဲ ဖြစ်ခဲ့ကြသည်။
နွေ၊ မိုး၊ ဆောင်း ရာသီနှစ်လတွေ ပြောင်း၍ လာခဲ့ကြပြီး ကိုကိုမောင်နှင့် ကေသွယ်မိုးတို့ တက္ကသိုလ်ရောက်တော့လည်း အတူတူပင်။ ကေသွယ်မိုး၏ မိဘများက အခြေခံသာမန်လက်လုပ်လက်စားတွေမို့ စားနိုင်သောက်နိုင်ရုံသာ ရှိကြ၏။ ကေသွယ်မိုး၏ အဖေက မြင်းလှည်းမောင်းသည်။ ကိုကိုမောင့် ဦးလေး အလုပ်ရုံက ပစ္စည်းများကို ကေသွယ်မိုး၏ အဖေကပင် ဒိုင်ခံ သယ်ပို့ပေးရ၏။
ကေသွယ်မိုး အမေကတော့ ကမ်းနားဈေးမှာ ကုန်စိမ်းရောင်းသည်။ မနှင်းရီနှင့်က ရွာဆွေရွာမျိုးဖြစ်သည်။ မနှင်းရီက မန္တလေးဇာတိမဟုတ်။ အထက်ပိုင်း ကသာဖက်မှဖြစ်သည်။ မန္တလေးမှာ ဈေးလာရောင်းရင်း ကိုကိုမောင့် ဦးလေးနှင့် ညားခဲ့ကြခြင်းဖြစ်၏။ ထို့ကြောင့် လူကြီးချင်း ခင်မင်ရင်းနှီးကြပြီးဖြစ်သည်။
သို့သော် ရပ်ကွက်ခြင်းကတော့ ခြားလေ၏။ တစ်အိမ်နှင့်တစ်အိမ် တစ်ပြကျော်ကျော်ခန့်ဝေးသည်။ ကေသွယ်မိုးနှင့် ကိုကိုမောင်တို့မှာ တစ်နှစ်ထက် တစ်နှစ် ရင်းနှီးလာကြသည်။ တစ်ဦးကို တစ်ဦးက သံယောဇဉ်လေးတွေ နှောင်ဖွဲ့လာကြသည်။
ဤသို့ဖြင့် (၁၀)တန်းအောင်ပြီး တက္ကသိုလ် သူတို့ ဒုတိယနှစ်တွင် မနှင်းရီတစ်ယောက် သားအိမ်ကင်ဆာနှင့် ကွယ်လွန်သွားသည်။ မိဘရင်းသဖွယ် သံယောဇဉ်တွယ်ခဲ့ရသူမို့ ကိုကိုမောင်တစ်ယောက် အတော်လေး နှမြောတသ ဝမ်းနည်းပူဆွေးခဲ့ရသည်။ သူ၏ ဦးလေးဖြစ်သူမှာလည်း သောက ပရိဒေဝ စိတ်ဖြင့် အရက်တွေ ဖိသောက်လာသည်။
သို့ပေမဲ့ လုပ်ငန်းကတော့ အတော်လေးကို ဖြစ်ထွန်းသည်။ သည်ကြားထဲ ချဲကလည်း တစ်သောင်းဖိုး ပေါက်လိုက်သေး၏။ သူတို့တူ၀ရီး ချဲတစ်သောင်းဖိုးပေါက်ပုံက ဂမ္ဘီရဆန်သည်။ မနှင်းရီ ကွယ်လွန်ပြီး (၄၅) ရက် အရောက်တွင် ကိုကိုမောင်တစ်ယောက် အိပ်မက် မက်၏။ အဒေါ်ဖြစ်သူ မနှင်းရီက အိပ်မက်ထဲတွင် သူ့အမေအရင်း ဖြစ်နေ၏။
အခုလို မထင်မှတ်ဘဲ သားနှင့်ခွဲရတာကို ရင်နာလို့မဆုံးဖြစ်ရကြောင်း။ သို့သော် အမေကတော့ အမြဲစောင့်ရှောက် သွားမှာဖြစ်ကြောင်း။ မီးဖိုခန်းထဲက ကြောင်အိမ်အောက်ဆုံးထပ်ရှိ အံဝှက်ထဲတွင် အမေသိမ်းထားခဲ့သော ငွေသုံးသောင်းရှိကြောင်း။ နှစ်သောင်းအား သံဃာဒါန ဆွမ်းလောင်း၍ ကျန်တစ်သောင်းကို အမေပေးတဲ့ ချဲဂဏန်းထိုးဖြစ်အောင် ထိုးလိုက်စေချင်ကြောင်း အတန်တန်မှာပြီး ပျောက်ကွယ်သွားခဲ့သည်။
မနှင်းရီ ပေးခဲ့တဲ့ ချဲဂဏန်းကတော့ (၃၄၃) ဖြစ်သည်။ မနှင်းရီ သူ၏အိပ်မက်ထဲကနေ ပျောက်ကွယ်သွားသောအခါ ကိုကိုမောင်က အော်ဟစ်ငိုယိုပြီး ဘယ်ကိုမှန်းမသိ နောက်က ပြေးလိုက်သည်။
“အမေ… အမေ… အမေရေ… အမေ…”
တစ်ဖက်အခန်းထဲက အော်သံများကြား၍ ကိုမြင့်ဟန် လန့်နိုးကာ ကိုကိုမောင့် အခန်းထဲရောက်လာသည်။ ကိုကိုမောင်က သူ၏အိပ်ယာထက်တွင် ခပ်ငူငူကြီး ထိုင်နေလျက် မျက်ရည်တွေပါ စီးကျနေပြီး သူ့ရဲ့တူ အိပ်မက်ထဲ ယောင်အော်နေမှန်းသိသွား၍
“ကိုကိုမောင်… ဟေ့… ကိုကိုမောင်…”
လက်မောင်းကိုပုတ်ပြီး သတိပြန်ကပ်ဖို့ရန်အသိပေးလိုက်၏။ ကိုကိုမောင်က ဝုန်းကနဲ သူ့လက်နှစ်ဖက်ကို ကုတင်ပေါ်သို့ ပစ်ချ၍ သတိပြန်လည်လာသည်။ သူ၏ မျက်လုံးကို ပွတ်သပ်ကြည့်တော့ ဦးလေးဖြစ်သူက ခုတင်ပေါ် ရှိ သူ့ဘေးတွင် ရောက်နေသည်။
“ဟာ… ဦးလေး… ကျ… ကျနော် အိပ်မက် မက်နေတာဗျ…”
ကိုကိုမောင်က သူမြင်သမျှကို အပြည့်အစုံပြောပြလိုက်သည်။ နာရီကြည့်လိုက်တော့ နံနက် (၃)နာရီခွဲရှိနေပြီ။ ကိုကိုမောင်၏ အိပ်မက်ကြောင့် ကိုမြင့်ဟန်မှာ သူ့မိန်းမကို ပိုပြီး သတိရမိသည်။ ကိုကိုမောင့်ကို ပြန်အိပ်ခိုင်းလိုက်ပြီး ညက လက်ကျန်အရက်ကို ထိုင်သောက်ရင်း သူ့မိန်းမ အကြောင်းတွေ ထိုင်တွေးကာ မိုးလင်းခဲ့ရသည်။ မနက်ရောက်တော့ သူတို့တူ၀ရီးမှာ အိပ်မက်အတိုင်း ကြောင်အိမ်ထဲ၌ ရှာကြည့်ခဲ့ကြရာ ငွေသုံးသောင်း တကယ်တွေ့ရ၏။
မနှင်းရီ မှာသည့်အတိုင်း ဆွမ်းလောင်းသည်။ ချဲထိုးခဲ့သည်။ အမှန်တကယ်လည်း ပေါက်ခဲ့ကြသည်။ နောက်တစ်ရက်တွင် ကိုမြင့်ဟန်က ကိုကိုမောင့် အမေ သူ့ရဲ့အစ်မကို စာဖြင့် လှမ်းမှာသည်။ ထို့နောက် ရပ်ကွက်ထဲရှိ သက်ဆိုင်ရာ ရပ်ကွက်လူကြီးများ၏ ရှေ့မှောက်တွင် စာချုပ်စာတမ်းနှင့်တကွ ကိုကိုမောင်ကို ကိုမြင့်ဟန်က တရားဝင် မွေးစား လိုက်တော့သည်။
ကိုကိုမောင်၏အမေမှာ (၁၅)ရက်ခန့်နေပြီး ရွာမပြန်ခင် တစ်ရက်အလို ညတွင်
“ငါ့မောင်… မင်းလည်း အရက်တွေအရမ်း မသောက်ပါနဲ့လားကွယ်… ကျန်းမာရေး ဂရုစိုက်ပါဦး… အစ်မ ဒီရောက်ကတည်းက မင်းကို အကဲခတ်နေတာ မင်းသောက်ပုံက သိပ်လွန်လွန်းနေတယ်… အစ်မကတော့ အိမ်ထောင်ထပ်ပြုစေချင်တယ်… အခုမှ (၃၉)နှစ်ရှိသေးတာပဲ… စီးပွားရေးကလည်း ပြည့်စုံနေတဲ့ဥစ္စာ… မင်း အထိန်းအကွပ်မရှိရင် ဒီထက်ပိုဆိုးသွားလိမ့်မယ်…”
ကိုမြင့်ဟန်တစ်ယောက် သူ့အစ်မ ပြောတာကိုတော့ နားထောင်နေ၏။ ဘာမှကိုတော့ ပြန်မပြော။ သို့သော် သူ၏မျက်နှာတွင် ပြုံးယောင်သမ်းနေသည်။ ကိုကိုမောင့် အမေပြန်သွားပြီး (၃)လမြောက် အရောက်တွင် ကိုမြင့်ဟန်တစ်ယောက် မုံရွာဘက်သို့ အလုပ်ကိစ္စ ခရီးထွက်ရာမှ အိမ်အပြန်၌ မိန်းမတစ်ယောက် ပါလာသည်။
သူမ၏နာမည်က မဝေဝေခိုင် ဟုခေါ်သည်။ အသက်က (၂၉)၊ (၃၀) ဝန်းကျင်သာသာ ရှိသေး၏။ ညိုညိုချောချော တောင့်တောင့် လုံးကြီးပေါက်လှ။ ဦးလေးက မဝေဝေခိုင်နှင့် မိတ်ဆက်ပေးသည်။ ကိုကိုမောင့်ကို တခြား ဘာမှ အထွေအထူးမပြော။ ထိုနေ့မှစ၍ မဝေဝေခိုင်သည် ဦးလေး၏ ဇနီးမယားအဖြစ် ရောက်ရှိသွားပါတော့သည်။
ကိုကိုမောင်နှင့် ကေသွယ်မိုးတို့မှာလည်း နှုတ်ကဖွင့်မပြောကြသည့်တိုင် အတွင်းစိတ်ထဲကနေ တစ်ယောက်ကို တစ်ယောက်က ချစ်ကြိုက်နေကြသည်။ (၈)တန်းမှစ၍ ယခု တက္ကသိုလ် နောက်ဆုံးနှစ်အထိ အတူသွား၊ အတူစား၊ အတူလာမို့ သူငယ်ချင်းတွေရော နှစ်ဖက်မိဘများကပါ သဘောတူထားပြီး ဖြစ်လေသည်။
ယနေ့တော့ ကျူရှင်ကစာတွေ အပြန်အလှန် ကူးကြရန် ကေသွယ်မိုးတစ်ယောက် ကိုကိုမောင့်ထံ သွားဖို့အရေး ဖီးလိမ်းပြင်ဆင်နေ၏။ သူမက စိတ်ကူးလေးယဉ် သီချင်းလေး တအေးအေးနှင့် ဖြစ်သည်။ သူမ၏အမေဖြစ်သူနှင့် အဖေတို့ကလည်း ကျောက်ဆည်ဖက်သို့ ဘုရားဖူးသွားကြရာ ယခုအိမ်မှာ သူမတစ်ယောက်ထဲ ရှိသည်။ သူမ (၁၀)နာရီအရောက် လာခဲ့မည်ဟုလည်း ကိုကိုမောင့်ကို မှာလိုက်ပြီးဖြစ်သည်။
အခု (၉)နာရီ (၁၅)မိနစ်ခန့်ရှိနေပြီ။ သူတို့မှာ တရားဝင် ရည်းစားမဖြစ်သေးသည့်တိုင် ကိုကိုမောင်အား ချစ်သူအဖြစ် သတ်မှတ်ထားသူမို့ ရင်တွေခုန်မိ၏။ အခုနောက်ပိုင်း ကိုကိုမောင့် အကြည့်တွေက ကေသွယ်မိုးအဖို့ နှလုံးတုန်၊ ရင်ခုန် သည်းထိတ်စရာတွေဖြစ်သည်။ ကေသွယ်မိုးကလည်း ခုချိန်မှာ အပျိုကြီးဖားဖားဖြစ်ကာ အဖုအထစ် အရှိုက်အဝိုက် ကောက်ကြောင်းတွေက ပီပြင်ဖွံ့ဖြိုး အလှတွေတိုးလျှက်ရှိသလို၊ ကိုကိုမောင်မှာလည်း အရပ်ရှည်၍ ရင်အုပ်ကားကားနှင့် မိန်းမသားတွေ စွဲမက်စေသည့် ယောကျ်ားပီသသော ရုပ်လက္ခဏာတွေက ထင်ရှားပေါ် လွင်လာပြီဖြစ်၏။
ကေသွယ်မိုးတစ်ယောက် သူမရဲ့ကျူရှင်စာအုပ်တွေကို လွယ်အိတ်ထဲ ထည့်နေစဉ် စစ်ကိုင်းတွင်နေသော အစ်မ၏ယောက်ျား ကိုကြီးထွန်းထွန်း ရောက်ချလာလေသည်။ ကိုကြီးထွန်းထွန်းက အသက် (၃၀)ခန့်ရှိပြီ။ သူမ၏အစ်မဖြစ်သူထက် (၅)နှစ်ခန့် ကြီးပြီး ကေသွယ်မိုးထက် (၁၀)နှစ်ခန့် ကြီးသည်။ အစ်မနှင့် ကိုကြီးထွန်းထွန်းတို့ ယူခဲ့ကြတာ ငါးနှစ်ကျော်ပြီဖြစ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် မွေးထားကြ၏။
“ဟယ်… ကိုကြီးထွန်း… တစ်ယောက်တည်း လာတာလား… မမတို့သားအမိတွေရော… မပါကြဘူးလား…”
“အေးဟာ… ကိုကြီးလည်း အလုပ်ကိစ္စက အရေးတကြီးပေါ်လာလို့ အမြန်ထွက်လာတာ ဆိုင်ကယ်နဲ့ဆိုတော့ သူတို့သားအမိတွေကို ထားခဲ့ရတယ် ညီမလေးရေ…”
ထမင်းစားချိန်မို့ ကေသွယ်မိုးလည်း ခဲအိုဖြစ်သူကို ထမင်းပြင်ပေးရသည်။ ထိုအချိန် အိမ်မှာလည်း သူ့ယောက္ခမတွေ မရှိမှန်းသိ၍ ကိုထွန်းထွန်းတစ်ယောက် ခယ်မဖြစ်သူ ကေသွယ်မိုးကို ခပ်ရဲရဲပင် စိုက်ကြည့်သည်။ မတွေ့ရတာကြာပြီမို့ ခယ်မဖြစ်သူလေးက တစ်တစ်ရစ်ရစ် စွင့်စွင့်ကားကား ဖွံ့ထွား၍ အပျိုကြီးဖားဖား ဖြစ်လို့နေသည်။
သူမ၏သေးသွယ်သော ခါးအောက်ပိုင်းရှိ အိုးကြီးနှစ်မွှာမှာ ဝိုင်းစက်ကားထွက်နေပြီး နောက်ဖက်သို့ မို့မောက်လျှက် အိစက်လုံးတစ်နေ၏။ ဖြောင့်စင်း၍ ဖြိုးတုတ်သော ပေါင်တံကြီးတွေက ကိုထွန်းထွန်း၏ ရင်ကို လှုပ်ခတ်စေသည်။ ကေသွယ်မိုးကလည်း ဟင်းပန်းကန်နှင့် ပြန်ရောက်လာ၏။ ထမင်း၊ ဟင်းပန်းကန်တွေကို စားပွဲပေါ် ငုံ့ချပေး၏။
ထိုအခိုက် ကေသွယ်မိုး၏လည်ဟိုက်အင်္ကျီအတွင်းမှ ပြည့်လျှံထွက်နေသော နို့အုံသားတွေက ဖြူဖွေးအိထွေးနေ၏။ လှုပ်ရှားမှုနှင့်အတူ သူမ၏နို့ကြီးနှစ်လုံးမှာ တသိမ့်သိမ့်နှင့် လှုပ်ခါနေကြသည်။ ရမ္မက်စိတ် ထကြွစရာ မြင်ကွင်းကို အနီးကပ်ကြီး မြင်နေရသော ကိုထွန်းထွန်းတစ်ယောက်လည်း ရာဂမာန်သွေးတွေ ပူနွေးလာ၏။ အပြင်သွားဖို့ရန် ပြင်ထားပြီဖြစ်၍ ကေသွယ်မိုး၏ကိုယ်မှ မွှေးရနံ့တွေ သင်းပျံ့လျှက်ရှိသည်။
ကေသွယ်မိုးတစ်ယောက် သူမကို မရိုးမသားကြည့်နေသော ခဲအို၏ရမ္မက်မျက်လုံးများကို မမြင်တွေ့ရသေး။ ကိုကိုမောင်နှင့် တွေ့ရမည့် အရေးကိုသာ တွေးလျှက် စိတ်ကူးလေးယဉ်ကြည်နူးလျှက်ရှိသည်။ ကေသွယ်မိုးက လည်ဟိုက်အင်္ကျီကိုလည်း တမင်သက်သက်ရွေးဝတ်ခဲ့၏။ သူမတို့နှစ်ယောက် စာကျက်၊ စာကူးလျှင် ကိုကိုမောင်တို့ အိမ်နောက်ဖေးရှိ စက္ကူပန်းပင်ကြီးအောက်တွင် ပြုလုပ်ကြမြဲ ဖြစ်ပါသည်။
ထိုစက္ကူပန်းပင်ကြီးအောက်တွင် ဆက်တီခုံများရှိ၏။ စားပွဲဟိုဖက်ထိပ် ဒီဖက်ထိပ်မှထိုင်၍ စာကူးနေကြဖြစ်သည်။ ဒီနေ့ သူမစာငုံ့ကူးလျှင် တင်းရင်း မို့မောက်နေသော သူမ၏နို့အုံ ဖွေးဖွေးနုနုကြီးကို ကိုကိုမောင် မြင်တွေ့စေရန် လည်ဟိုက်အင်္ကျီကို တမင်ရွေးဝတ်ထားခြင်း ဖြစ်သည်။
“ရော့… ထမင်းထည့်အုံးလေ ကိုကြီးထွန်း”
ကုန်လုလုဖြစ်သော ထမင်းပန်းကန်ထဲသို့ ထမင်းငုံ့ထည့်ပေးလိုက်စဉ် ဝင်းမွတ်နုထွတ်အိစက်သော နို့ကြီးနှစ်မွှာကို တဝင်းဝင်းတလက်လက် တောက်ပနေသော ရမ္မက်မျက်လုံးတို့ဖြင့် စူးစူးဝါးဝါးကြီး စိုက်ကြည့်နေသည့် ခဲအိုဖြစ်သူ ကိုထွန်းထွန်းကိုတော့ ကေသွယ်မိုး ဖျပ်ကနဲ မြင်လိုက်၏။
ကေသွယ်မိုးလည်း မသိချင်ယောင်ဆောင်နေလိုက်သည်။ သူမ၏ ဒီနေ့ အလှအပတို့ကိုသေချာသည်ထက် သေချာအောင် စမ်းသပ်လို၍ ကေသွယ်မိုးတစ်ယောက် ရေအိုးစင်ရှိရာသို့ ရေသွားခပ်သည်။ သူမ၏ ထွားကားဝိုင်းစက်သော ဖင်ဆုံအိုးကြီးကို တမင်တကာ လှုပ်ခါအောင် လုပ်ပြသည်။ ကိုထွန်းထွန်း တစ်ယောက် ကာမရာဂမီးတွေ တဝင်းဝင်းတောက်နေသော မျက်လုံးတို့ဖြင့် စူးစိုက်ကြည့်နေမည်ကို သူမ၏စိတ်က အလိုလိုသိနေပြီဖြစ်သည်။ ကိုထွန်းထွန်းလည်း ကေသွယ်မိုး၏ တစ်ချက်ချင်းစီ တုံတုံတက်သွားကြသော ဖင်ဆုံကြီးကို စူးစိုက်ကြည့်ပြီး ပုဆိုးအောက်က လီးတံကြီးမှာ ဇတ်ကနဲ ခေါင်းထောင်ထလာတော့သည်။
ကေသွယ်မိုးက ရေကိုခပ်လာပြီး စားပွဲပေါ်ချပေးရင်း ကိုထွန်းထွန်း သူမကို ငမ်းနေမှန်း ပို၍သေချာအောင်
“ကိုကြီးထွန်း… ထမင်းထည့်အုံးမလား…”
ကိုထွန်းထွန်းတစ်ယောက် လီးတောင်နေရင်း အငိုက်မိသွား၍ ရုတ်တရက် စကားမပြောနိုင်ဘဲ ဖြစ်သွားရသည်။ ပြီးတော့မှ
“အဲ… အဲ့… တော်… တော်ပြီဟ…”
ထမင်းနင်သံကြီးဖြင့် အထစ်ထစ် အငေါ့ငေါ့ပြန်ပြောလိုက်မိသည်။
“ဒါနဲ့ ဦးလေးတို့ကရော ဘယ်အချိန်လောက် ပြန်လာကြမှာလဲ…”
“ဟင့်အင်း… ဒီနေ့ ပြန်မလာဘူးလေ… ဟိုမှာညအိပ်ကြမှာတဲ့…”
ကိုထွန်းထွန်း ရင်ထဲ၌ ဘုရားပွဲလှည့်သွား၏။ ဒီနေ့ သူ့ထံတွင် အခွင့်အရေးများ ကြံဖန်ရန် မျှော်လင့်လို့ရသည်။ အသေအချာကြည့်လေ စွဲမက်စရာကောင်းလေဖြစ်နေသည့် ခယ်မကို ကိုထွန်းထွန်းလည်း တဝကြီး ကြည့်လိုက်၏။ သူမ၏အစ်မ သူ့မိန်းမ အပျိုတုန်းကထက် သာလွန်သော အလှပစ္စည်းတွေ တစုတဝေးရှိနေကြောင်း အကဲခတ်မိ၏။ ယခုကတော့ သူ့မိန်းမကိုလည်း နှစ်သားကျအောင် လိုးပြီးဖြစ်၍ ခယ်မဖြစ်သူ ကေသွယ်မိုးနှင့်ယှဉ်ဖို့ ပိုဝေးသွားပြီ ဖြစ်လေသည်။
သူ့မိန်းမကို လာပိုးခဲ့စဉ်က ကေသွယ်မိုးမှာ ချာတိတ်သာ ရှိသေးသည်။ အခုတော့လည်း မိန်းမဖြစ်သူ အပျိုတုန်းကတောင် ခယ်မလို ရေဆေးငါးကြီး သိပ်မဆန်ခဲ့ပါလားဟု ကိုထွန်းထွန်းမှာ တွေးနေမိသည်။
“ကဲ… ကိုကြီးထွန်း ထမင်းစားပြီးရင်လည်း အေးအေးဆေးဆေး နားလိုက်အုံး… ကျနော် သူငယ်ချင်းအိမ် စာသွားကူးအုံးမယ်…”
“အေးအေး… သွားသွား…”
ကေသွယ်မိုးတစ်ယောက် လွယ်အိတ်ကလေး လွယ်၍ ကိုကိုမောင့်ထံ ထွက်လာခဲ့သည်။ သူမ၏ကိုယ်ပေါ်တွင် ကပ်ပါလျှက်ရှိသော အဖုအထစ် အမို့အမောက် အစွင့်အကား အသားအုံ၊ အသားဆိုင်တို့၏ တန်ဖိုးကြီးမားပုံကို လက်တွေ့သိလိုက်၍ အလှမာန်ဝင့်ကာ ကျော့ကျော့မော့မော့နှင့် ဘဝင်မြင့်လျှက်ရှိပါတော့သည်။ သူမ လက်ပတ်နာရီလေးကို ကြည့်လိုက်မိတော့ (၁၁)နာရီခွဲပြီ။
“ဟောတော့… (၁၀)နာရီ ချိန်းထားတာလေ… ဒုက္ခပါဘဲ…”
ကေသွယ်မိုးတစ်ယောက် ခပ်သွက်သွက်ဖြင့် သုတ်ခြေတင်လိုက်ပါတော့သည်။
ကိုကိုမောင် ကျူရှင်က ပြန်လာတော့ (၉)နာရီ (၄၅)မိနစ် ရှိပြီ။ ဖြစ်နိုင်လျှင် ကေသွယ်မိုးကို ဒီနေ့ ရည်းစားစကားပြောမည်။ အခြေအနေအခွင့်သာလျှင် ဖြုတ်မည်။ ကေသွယ်မိုး၏ အပြောအဆို၊ အကြည့်အရှု၊ အမူအယာတွေက သူဘာလုပ်လုပ် သဘောတူကြည်ဖြူပေးမည့် လက္ခဏာတွေ ပြသလျှက်ရှိ၏။ အခုနှစ်ပိုင်းအတွင်း ကေသွယ်မိုးမှာ သူ၏ မျက်စိအောက်မှာတင် တင်တွေ၊ ရင်တွေ ကားစွင့်၍ အရမ်းကိုလှလာသည်။ ကျောင်း၌ ကျောင်းသားတွေကြား ရေပန်းစားလာပြီမို့ သူလက်နှေးလို့ မဖြစ်။
အိမ်ရှေ့ရောက်တော့ ဝင်းတံခါးမှာ သော့ခတ်ထားသည်။ သူ၏ မိထွေးဝမ်းကွဲ မရှိကြောင်း ကိုကိုမောင် သေချာသိလိုက်၏။ ဦးလေးဖြစ်သူက အလုပ်ရုံမှာသာနေသည်မို့ ဒီအချိန်အိမ်မှာနေလေ့မရှိ။ ကိုကိုမောင်တစ်ယောက် သူ၏စိတ်ကူးများအား အကောင်အထည်ဖော်နိုင်တော့မည်မို့ အူမြူးနေသည်။
ကေသွယ်မိုး၏ တင်းတင်းမို့မို့ နို့အုံနှစ်မွှာနှင့် ပြည့်တင်းစွင့်ကားသော တင်ဆုံထွားထွားတစ်တစ်ကြီးကို မြင်ယောင်မိကာ သူ့ပေါင်ကြားက ဒုတ်တံကြီးမှာ မတ်ကနဲ တင်းကနဲ တောင်ထလာသည်။ ဘဝပေးကုသိုလ်အရ ယောကျ်ားပီသစွာ ချောမောရုံမျှမက စံချိန်မှီ လွန်းသော လီးတံကြီးကိုပါ ကိုကိုမောင်က ပိုင်ဆိုင်ထားသည်။
သူ့ဒုတ်တံကြီးမှာ အရှည် (၇)လက်မခွဲကျော်၊ လုံးပတ် (၄)လက်မခွဲမို့ အားရကျေနပ်စရာကောင်းလှသည်။ အပျိုမလေး ကေသွယ်မိုး ခံနိုင်လိမ့်မည် မဟုတ်။ သို့သော် ကိုကိုမောင်တစ်ယောက် သူရှာဖွေမှတ်သားထားခဲ့သော ကာမဗဟုသုတတို့ဖြင့် ချော့မော့နှူးနှပ်၍ ဖြုတ်ရမည်သာ။ တွေးရင်း တွေးရင်းနဲ့ပင် လီးကြီးက ကြွသထက်ကြွ မတ်သထက်မတ်တောင်ထလာ၏။
ကိုကိုမောင် သူကိုင်သော သော့ဖြင့် တံခါးဖွင့်ဝင်လိုက်သည်။ ပြီးတော့ သေချာပြန်ပိတ်၏။ ကေသွယ်မိုး လာလျှင် ဘဲလ်တီးနေကျဖြစ်သည်။ ကိုကိုမောင်လည်း အပေါ်ထပ်တက်၍ ကြာကြာလိုးနိုင်အောင် ညဈေးက အသင့်ဝယ်ထားသော လီးကြီးသန်ဆေးကို လိမ်းနေလိုက်သည်။ သောက်ဆေးကိုတော့ ကေသွယ်မိုးလာမှ သောက်မည်။ ပထမဆုံး စတင်ဖိုက်ရမည့်ပွဲမို့ ယောကျ်ားတို့အစွမ်း သတ္တိပြနိုင်မှ ဖြစ်မည်။
ကြာကြာစိမ်လိုးနိုင်လေ မိန်းမစွဲလေဟူသော စကားကို ကိုကိုမောင် သိထား၏။ နဂိုကပင် တောင်မတ်နေပြီဖြစ်သော ကိုကိုမောင်၏ လီးတံကြီးမှာ ဆေးလိမ်းလိုက်သောအခါ သံမဏိချောင်းကြီးကဲ့သို့ မာကျောလာသည်။ လီးထိပ်ဖူး ဒစ်ဆံပြဲပြဲကြီးကလည်း ဖူးထစ် ဝင်းပြောင်၍ တင်းကားထွက်နေ၏။
“ကလင်… ကလင်… ကလင်…”
ကိုကိုမောင် ပုဆိုးကို ကပျာကယာ ပြန်ဝတ်၍ ကြာဆေးကို အမြန်သောက်မျိုချလိုက်ရကာ အပေါ်ထပ်မှ ဆင်းလာ၏။ အိမ်တံခါးဝသို့ ရောက်သောအခါ သူထင်ထားခဲ့သလိုမျိုး ကေသွယ်မိုး မဟုတ်ဘဲ သူ၏မိထွေးဝမ်းကွဲ မဝေဝေခိုင် ဖြစ်နေသည်။ အိမ်တံခါးကိုဖွင့်၍ သော့ဖြုတ်ရုံမျှသာရှိသေး မဝေဝေခိုင်က တံခါးကိုဆွဲဟကာ အလောတကောနဲ့ အထဲဝင်လိုက်သည်။
သည်တော့ ရပ်လျှက်ရှိသော ကိုကိုမောင့် ကိုယ်လုံးနှင့် မဝေဝေခိုင်၏ကိုယ်လုံးတို့မှာ ထိထိမိမိကြီး ပွတ်တိုက်မိသွားကြလေသည်။ မဝေဝေခိုင်၏ ကြီးမား၍ စွင့်ကားလှသော ဖင်ဆုံသားအိအိကြီးတို့က ကိုကိုမောင့်ရဲ့ ပေါင်ရင်းကို အိကနဲ ဖိမိသွား၏။ ထို့အတူ ဆူဖြိုးတင်းအိလှသော နို့ကြီးနှစ်မွှာကလည်း ကိုကိုမောင်၏ နံစောင်းကို နွေးထွေးအိစက်စွာဖြင့် ဖိကပ်သွားကြသည်။
ထိုအခါတွင် မဝေဝေခိုင်က ကိုကိုမောင်၏ လီးတံကြီး တောင်ထနေတာကို သတိထားမိသွားသဖြင့် အတော်လေး ကြာသည်အထိ ဖိကပ်ပေးထား၏။ ပြီးမှ သူမက အိမ်ထဲသို့ ခပ်သွက်သွက် ဝင်သွားသည်။ စောစောကပင် ကိုယ့်အတွေးနှင့်ကိုယ် စိတ်တွေထနေသဖြင့် ကိုကိုမောင့် တကိုယ်လုံး ရှိန်းဖိန်းတုန်လှုပ်သွားရ၏။ လိမ်းဆေးကလည်း တရိပ်ရိပ်သတ္တိပြလျှက်ရှိ၏။ သောက်ဆေးကလည်း မဝေဝေခိုင်၏ အိအိစက်စက် အလှတရားတို့ကြောင့်လား၊ ငယ်ရွယ်သော ရာဂမီးစာအားကောင်း၍ ကြောင့်လားမသိ ချက်ချင်းဆိုသလို အာနိသင်ပြလာသည်။
ပုဆိုးအောက်က ကိုကိုမောင်၏ လီးတံကြီး မိုးမျှော် ငေါထွက် ထိုးထောင်နေသည်မှာ မြင်မကောင်း ရှူမကောင်းကြီး ဖြစ်နေသည်။ ကိုကိုမောင်တစ်ယောက် ကေသွယ်မိုးကို မေ့သွား၏။ ထို့ကြောင့် ဘာကိုမှသတိမရတော့ဘဲ မဝေဝေခိုင် နောက်သို့လိုက်ခဲ့သည်။ တံခါးကိုလည်း သည်အတိုင်းပင် ဖွင့်ထားခဲ့မိသည်။ သူတို့၏ခြံဝင်းနှင့် အိမ်မကြီးက ပေ (၄၀)လောက် ကွာသည်။ ကိုကိုမောင် အိမ်တွင်းရောက်သွားတော့ မဝေဝေခိုင်က သူမ၏ဖိနပ်ကို ကုန်းကောက်ရင်း အခန်းထဲဝင်သွားသည်။
မဝေဝေခိုင်က ကိုကိုမောင် မြင်တွေ့သွားရန် ကုန်းပြလိုက်သည့်အခိုက်တွင် သူမ၏ဖင်ဆုံထွားထွားကြီးက အစွမ်းကုန် စွင့်စွင့်ကားသွားသည်။ ထိုမြင်ကွင်းကြောင့် ကိုကိုမောင့် ပေါင်ထဲကြားက လီးတံကြီးမှာ တင်းကနဲ တင်းကနဲ ဖြစ်သွားသည်။ နိမ့်ချီ မြင့်ချီဖြင့် စည်းချက်ကျကျ လှုပ်ခါသွားသော မိထွေးတစ်၀မ်းကွဲ၏ဖင်ဆုံအိုးကြီးက ကိုကိုမောင့် မျက်စိထဲ၌ စွဲသွားလေသည်။
ကိုကိုမောင်တစ်ယောက် အရင်တုန်းကဆို သူ့ဦးလေးနှင့် မဝေဝေခိုင်တို့ လိုးကြတာကို ချောင်းချောင်းကြည့်ဖူး၏။ ကေသွယ်မိုးနှင့် လိုးပါက ဗဟုသုတရစေရန်ရည်ရွယ်၍ သူက ချောင်းခဲ့ခြင်းဖြစ်ပါသည်။ မဝေဝေခိုင်က အပေးကောင်းလှသည်။ ရခါစတုန်းကတော့ ဦးလေးကလည်း အတော့်ကို လိုးနိုင်သည်။ မဝေဝေခိုင်၏ အပေးကောင်းခြင်း၊ အပြုစုကောင်းခြင်းတို့ကြောင့်လည်း ဦးလေးဖြစ်သူ သောကမှာ ပါးလျှစပြုလာသည်။ ထို့ကြောင့် အရက်ကိုလည်း အတိုင်းအဆနှင့်သာ ချိန်၍ သောက်တော့၏။ မနှင်းရီလောက်တော့ မဝေဝေခိုင့်ကို မချစ်သည့်တိုင် သူ့အတိုင်း အတာနှင့်သူ မဝေဝေခိုင် အပေါ်မှာ သာယာတပ်မက်လာသည်။
တစ်နေ့ ကိုကိုမောင်၏ဦးလေးက အစောကြီး အိမ်ပြန်လာသည်။ ခါတိုင်း သည်အချိန် ပြန်လာလေ့မရှိ။ သူ၏မျက်နှာကြောကလည်း တင်းနေသည်။ အပေါ်ထပ် အခန်းထဲတွင်စာကျက်နေသော ကိုကိုမောင့်ထံသို့ သူက ရောက်လာသည်။
“ကိုကိုမောင်… မဝေ အိမ်ပြန်မရောက်သေးဘူးလား…”
“ဟုတ်ကဲ့ ဦးလေး…”
“တောက်… ဒီဖာသည်မကတော့… သိကြသေးတာပေါ့ကွာ…”
ညဖက် (၉)နာရီထိုးတော့ မဝေဝေခိုင်လည်း ပြန်ရောက်လာသည်။ သူ့ဦးလေးက အခန်းထဲမှာ စောင့်ရင်း အရက်သောက်နေသည်။ အခြေအနေ ထူးခြားတော့မည်ကိုသိ၍ ကိုကိုမောင်ကလည်း အခန်း၏ အပေါ်ထပ်မှ ချောင်းကြည့်နေသည်။
သူ့ဦးလေးကိုတွေ့တော့ မဝေဝေခိုင်က အံ့သြသွားပုံရ၏။ သို့သော် ဟန်လုပ်၍
“ဟင်… အစ်ကိုကြီးက အစောကြီးအိမ်ပြန်ရောက်နေတယ်…”
သူ့ဦးလေးက ဘာစကားမှမပြောဘဲ အရက်သောက်ရင်း ခပ်တည်တည်ကြည့်နေသည်။ မဝေဝေခိုင်ကတော့ ဦးလေးရှေ့မှာပင် သူမရဲ့ အဝတ်အစားတို့ လဲနေသည်။ အသားအရည်ညို့စိမ့်စိမ့်နှင့် နို့ကြီးတွေရော၊ ဖင်ကြီးတွေပါ အိစက်ကြီးမားသည့် မဝေဝေခိုင်မှာ သူမ၏ခါးကျဉ်ကျဉ်နှင့်မို့ အတွင်းခံ ဘောင်းဘီနှင့် ဘရာစီယာတို့သာ ကျန်ရှိနေစဉ်တွင် အလွန်လှပလွန်းကြောင်း ကိုကိုမောင် သိရှိခဲ့ရ၏။ ထိုကဲ့သို့ အတွင်းခံနှစ်ခုသာ သူမ၏ကိုယ်ပေါ် ကျန်နေတော့မှ မဝေဝေခိုင်သည် ကိုကိုမောင့် ဦးလေးထံသို့ လျှောက်လာပြီး ဘေးကနေ ပူးကပ်ထိုင်လိုက်သည်။
“ဒီနေ့… အစ်ကိုကြီး ဆာနေပြီနဲ့တူတယ်… ဟုတ်လား… ခိခိ…”
ပြောပြောဆိုဆိုနှင့် မဝေဝေခိုင်က ပုဆိုးကိုလှန်၍ ဦးလေး၏လီးကို ပွတ်သပ် ဆုတ်ဆွပေးသည်။ ဦးလေးက မလှုပ်။ အရက်ကိုသာ ဆက်သောက်နေ၏။ ဦးလေး၏ မတုန်မလှုပ် အမူအယာကြောင့်
“အစ်ကိုကြီး… ဘယ်လိုဖြစ်နေတာလဲကွာ… ခပ်တည်တည်ကြီး… ဟယ်… ကြည့်ပါလား ငေါင်တောင်တောင်နဲ့ လှုပ်လည်း မလှုပ်ဘူး”
မဝေဝေခိုင်က ငေါင်စင်းစင်း ဖြစ်နေသော ဦးလေး၏လီးကို သူမရဲ့လက်ဖဝါးပေါ်မှာတင်၍ (၂)ချက်၊ (၃)ချက်လောက် ဆုတ်ရင်းထုပေးရင်း ပြောသည်။
“မင်း… နေ့လည်က ဘယ်သွားသေးလဲ…”
“အော်… မြို့သစ်က ညီမဆီပါ…”
“မင်းတစ်ယောက်ထဲလား…”
“တစ်ယောက်ထဲပေါ့ အစ်ကိုကြီးကလည်း”
“မင်းသွားတဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ နေ့လည်က ငါပစ္စည်းသွားပို့တယ်… မင်းကို အကောင်တစ်ကောင်ရဲ့ ဆိုင်ကယ်နောက်မှာ တွေ့လိုက်တယ်… အဲ့ဒါ အစ်ကိုပါလို့တော့ မပြောနဲ့နော်… ခါးဖက်ပြီး လိုက်သွားတာ အသေအချာမြင်လိုက်တယ်… ငါနဲ့ မပေါင်းချင်ရင် အခု မင်းဆင်းသွားလို့ရတယ်နော်…”
“အဟင်း…ဟင်း… ဘာများလဲလို့… အစ်ကိုပါလို့ မပြောနဲ့ဆိုပေမယ့်လည်း ပြောရမှာပဲ အစ်ကိုကြီးရေ… အဲ့ဒါ ဝေ့ရဲ့ အစ်ကိုဝမ်းကွဲ အစစ်ပါ… ဝေ မလိမ်ပါဘူး…”
မဝေဝေခိုင်က ပြောပြီး ဆက်တီခုံပေါ်က ဆင်းလိုက်ကာ ဒူးတုတ်ထိုင်လျှက် ဦးလေးလီးကို ပါးစပ်ဖြင့် မှုတ်ပေးနေသည်။ ဦးလေးကမူ ဘာမှ မပြောတော့ဘဲ သူမလုပ်သမျှ အသာငြိမ်ခံနေသည်။ အတော်ကြာတော့ လီးက မတောင်ချင့် တောင်ချင်ဖြင့် မတ်၍ တောင်လာသည်။ မဝေဝေခိုင် ဘောင်းဘီနှင့် ဘရာစီယာကို ချွတ်ပစ်လိုက်ပြီး ဦးလေး၏ လက်ကိုပါ သူမ၏နို့အုံကြီးပေါ်သို့ ဆွဲယူ၍ တင်ပေးလိုက်သည်။ ဦးလေးက သူမ၏ နို့ညိုညိုကြီးနှစ်လုံးကို တလှည့်စီ ဆုတ်ချေပေးနေ၏။ မဝေဝေခိုင်က ဦးလေး၏ဒစ်ကို ပြဲသထက်ပြဲအောင် ဖြဲပြီး သူမရဲ့ပါးစပ်ဖြင့် တေ့စုပ်ပေးသည်။
သူ့ဦးလေး၏ ပုံစံကြည့်ရသည်မှာ သိထားသလောက် မပြောတော့ဘဲ အချောင်ရသော မိန်းမတစ်ယောက်ကို အချောင်လုပ်ရသလို ဖြစ်နေတော့သည်။ ကိုကိုမောင်တစ်ယောက် သူ့ဦးလေးနှင့် နေရာချင်းလဲလိုက်ချင်သည်။ မဝေဝေခိုင်၏ပုံစံက ပြေးလိုးပစ်ချင်စရာ အလွန်ကောင်းတာမို့ ကြည့်ရင်း ကြည့်ရင်း မနေနိုင်တော့၍ ဂွင်းတိုက်လိုက်ရ၏။
ခဏနေတော့ သူ့ဦးလေးမှာ နှစ်နှစ်ကာကာ မချစ်သည့်တိုင် သွေးသားဆန္ဒအရ ထကြွလာပုံရ၏။ ထို့ကြောင့် ဦးလေးဖြစ်သူမှာ မဝေဝေခိုင်ကို ခုတင်ပေါ်၌ ကန့်လန့်ဖြတ်၍ ပက်လက်အိပ်ခိုင်းပြီး ပေါင်နှစ်ချောင်းကို ပင့်ထောင်ဖြဲကားစေလျက် မတ်တပ်ရပ်၍ ဆောင့်ပါတော့သည်။ (၃)မိနစ် လောက် အရောက်တွင် ဦးလေးမှာ ပြီးသွားပုံရ၏။ ထို့နောက် ဦးလေးက သူ့လီးကို ဆွဲချွတ်လိုက်သည်။ မဝေဝေခိုင်၏ မို့ဖောင်းနေသော စောက်ဖုတ်ညိုညိုကြီးအထဲက ထွက်လာသည်နှင့် ဦးလေးရဲ့လီးမှာ ပျော့ခွေငိုက်ဆင်းနေတော့၏။
ထို့နောက် သူ့ဦးလေးလည်း အရက်တစ်ခွက်သောက်ပြီး ခုတင်ပေါ်တက်အိပ်တော့သည်။ မကြာခင် ဦးလေး အိပ်ပျော်သွားတော့၏။ ကိုကိုမောင်ကတော့ မဝေဝေခိုင်၏ အဖု အဖောင်း၊ အရှိုက်အဝိုက်ကြီးများကိုကြည့်၍ သူ့လီးတံကြီးအား မရပ်မနား ထုနေတုန်းဖြစ်သည်။ ဦးလေး၏ ဟောက်သံသဲ့သဲ့ ထွက်လာသောအခါတွင်မှ မဝေဝေခိုင်က ကုတင်ပေါ် လှဲနေရာကနေ ထလိုက်သည်။
ကိုကိုမောင် မဝေဝေခိုင်ကို ကြည့်နေရင်းနဲ့ ဂွင်းတိုက်နေရာမှ ကြောင်အမ်းအမ်းပင် ဖြစ်သွားသည်။ သူ့ကိုများ တွေ့သွားတာလား ဟူ၍ လန့်သွားမိသေးသည်။ မဟုတ်ပါလေ၊ မဝေဝေခိုင်တစ်ယောက် စောစောက ဆက်တီခုံပေါ်ပြန်ထိုင်ပြီး သူမ၏နို့ကြီးနှစ်လုံးကို သူမဘာသာသူမ ဆုတ်ချေနေ၏။ ထိုအခါ ကိုကိုမောင်လည်း ဂွင်းတိုက်ရတာ ပိုပြီးတော့ အရသာရှိလာသည်။
မဝေဝေခိုင်မှာ သူမနို့ကြီးတွေ ဆုတ်ချေရင်း ကျန်လက်တစ်ဖက်ဖြင့် စောက်ဖုတ်ကြီးကိုပါ ပွတ်သပ်နေတော့ ချောင်း၍ ဂွင်းထုနေသည့် ကိုကိုမောင့်အဖို့ အကြိုက်တွေ့နေရသည်။ (၅)မိနစ်ကျော်ကျော် လောက်ကြာသောအခါ မဝေဝေခိုင်တစ်ယောက် ခုတင်ခြေရင်းရှိ ဘီရိုဆီသို့ထသွားပြီးနောက် ဘီရိုအောက်ထဲ လက်နှိုက်သည်။ သူမ၏ လက်ထဲတွင်တော့ အဝတ်နှင့် သေချာပတ်ထားသော ပစ္စည်းတစ်ခု ပြန်ပါလာသည်။
ပြီးတော့မှ မဝေဝေခိုင်က ခုံပေါ်ပြန်ထိုင်ပြီး အဝတ်ကိုဖြေလိုက်သည်။ ရာဘာလီးတုကြီးဖြစ်နေ၏။ ကိုကိုမောင်မှာ အံ့သြသွားသည်။ မဝေဝေခိုင်က သူမပေါင်နှစ်ချောင်းကိုဖြဲကာ ထိုလီးတုကြီးကို သူမ၏စောက်ဖုတ်ထဲသို့ ထိုးသွင်းလိုက်ပြီး အချက်ပေါင်းများစွာ အသွင်းအထုတ် ပြုလုပ်ပါတော့သည်။ ပထမတုန်းက ကြောင်သွားသော ကိုကိုမောင်လည်း သဘောပေါက်သွားပြီး မဝေဝေခိုင်အား သေချာဆက်ချောင်းကြည့်ရင်း ဂွင်းတိုက်မှု ဆက်လုပ်လေ၏။ ကိုကိုမောင်တစ်ယောက် ကြည့်ရင်း တိုက်ရင်းနဲ့ ကျေနပ်နေရသည်မှာ မဝေဝေခိုင် အသုံးပြုနေသော ရာဘာလီးအတုကြီးက သူ့ဒုတ်ကြီးလောက် မကြီးမှန်း မြင်နေရသောကြောင့် ဖြစ်ပါသည်။
(၁၅) မိနစ်ခန့် အရောက်တွင် မဝေဝေခိုင်က သူမ၏ခြေထောက်နှစ်ချောင်း တင်းကနဲ ဆန့်တန်းလျှက် တဆတ်ဆတ်တုန်လှုပ်ကာ ငြိမ်သက်သွားတော့သည်။ ကိုကိုမောင်လည်း ဆန္ဒပြီးမြောက်သွားသည့် မဝေဝေခိုင်၏ အဖြစ်ကို စူးစိုက်ကြည့်ရှုရင်း လီးတံကြီးအား အားဖြင့် ဆုပ်ညှစ်၍ ခပ်သွက်သွက်လေး ထုပစ်လိုက်ရာ သူ့လရည်တွေက နံရံပေါ်သို့ ဗြစ်ကနဲ ပျစ်ကနဲ ပြေးစင်သွားကြလေသည်။
ထိုနေ့ကပင် ကိုကိုမောင့် စိတ်ထဲ၌ သူသာဆန္ဒရှိပါက မဝေဝေခိုင်ကို လိုးခွင့်ရှိကြောင်း လိုးလို့ရကြောင်း သဘောပေါက်သွားခဲ့၏။ သို့သော် သူ၏ဦးလေးကို အားနာနေခဲ့သလို၊ ကေသွယ်မိုး မျက်နှာကိုလည်း မြင်ယောင်မိ၍ မလိုးဖြစ်ခဲ့ပါ။ သူသည် ကေသွယ်မိုးကို တကယ်ချစ်သည်။ နှစ်နှစ်ကာကာ မြတ်မြတ်နိူးနိူး ချစ်ခဲ့ပါသည်။
သို့သော် ယနေ့ ငဲ့ကွက်မှုတံတိုင်းကြီး ပြိုကျသွားခဲ့ပြီ။ ဒီကိစ္စ ဖြစ်တော့မည်ဆိုတာမှန်း ကိုကိုမောင် ရိပ်မိခဲ့သည်။ မဝေဝေခိုင်သည် သူမရဲ့ကြီးမားစွင့်ကားလှတဲ့ ဖင်ဆုံသားအိအိကြီးဖြင့် သူ၏ပေါင်ကို တမင်ဖိပွတ်သွားသည်။ ပြီးတော့ ဆူဖြိုးတင်းအိလှသော နို့ကြီးနှစ်လုံးဖြင့်လည်း သူ့နံစောင်းထဲကို ပွတ်တိုက်သွားခဲ့သည်။ စောစောကပင် ကိုကိုမောင်တစ်ယောက် ကေသွယ်မိုးကို အပြတ်လိုးရန် လီးကြီးဆေးတွေ လိမ်းထားခဲ့ပြီး ကြာကြာလိုးနိုင်သည့် ဆေးကိုပါ သောက်ထားခဲ့သည်။ လီးတံကြီးကလည်း ပေါက်ကွဲလုမတတ် မာန်ဖီထောင်မတ်နေပြီး တဆတ်ဆတ်နဲ့ စောက်ဖုတ်တောင်းနေ၏။
သန်းခေါင်ထက် ညဉ့်မနက်တော့ပါ။ ဤမျှအထာတွေ ပြနေပါလျက်နဲ့မှ ကိုကိုမောင်က ငြိမ်သက်နေလျှင် ယောက်ျားမဟုတ်တော့ဘဲ နွားသတ္တဝါ ဖြစ်ရပေတော့မည်။
(ကဲ သေဖို့သာပြင်ပေတော့ မဝေဝေခိုင်ရေ)
ကိုကိုမောင်မှာ သူ့စိတ်ထဲက ကြိမ်းဝါးလျှက် မဝေဝေခိုင်၏ အခန်းထဲ စွတ်ဝင်လိုက်သည်။ အခန်းထဲ၌ မဝေဝေခိုင်က သူမကိုယ်ပေါ်ရှိ အဝတ်အစားတွေကို တစ်ခုမကျန်ချွတ်ပြီး အဝတ်အစားလဲရန် ပြင်ဆင်နေခြင်းဖြစ်၏။ အခန်းထဲ စွတ်ဝင်လာသော ကိုကိုမောင့်ကို မြင်တော့ မဝေဝေခိုင်က ထမီတစ်ထည်အား ကပျာကယာ စွတ်ပြီး သူမ၏ကိုယ်ပေါ်တွင်ခြုံထားလိုက်သည်။ ကိုကိုမောင်က အခန်းတံခါးကို ဂျက်ထိုးပိတ်လိုက်သည်။
မဝေဝေခိုင်က သူလုပ်သမျှကို ဘာစကားမှ မပြောဘဲ ကျေနပ်သောအကြည့်နှင့်သာကြည့်နေသည်။ မဝေဝေခိုင် ကြည့်နေခိုက်မှာပင် ကိုကိုမောင်က သူ့ပုဆိုးနှင့်အင်္ကျီတို့ကို ချွတ်ပစ်လိုက်ပြီး ကုလားထိုင်ပေါ်သို့ ပစ်တင်လိုက်သည်။ ရင်အုပ်သားတွေက ယောကျ်ားပီသစွာ ဖုထစ်နေပြီး ကျစ်လစ်သန်စွမ်းသော ကိုကိုမောင်၏ကိုယ်လုံးက မဝေဝေခိုင့်ကို ဖမ်းစားထားသည်။ ထိုအရာတို့ထက် သည်းထိတ်ရင်ဖိုစရာ မြင်ကွင်းကတော့ ကိုကိုမောင့် ပေါင်ကြားရှိ တဆတ်ဆတ်နှင့် တောင်မတ် မာန်ထနေသော လီးတံရှည်ရှည်တုတ်တုတ်ကြီးပင် ဖြစ်သည်။
လီးတံကြီး၏ ဒစ်ဖူးထိပ်ကြီးက မှိုပွင့်ကြီးသဖွယ် ဖူးကားထစ်ထနေပြီး ဒစ်ကွဲကြောင်း အ၀၌ ရှေ့ပြေးလရည်ကြည်လေးက စိမ့်စိုထွက်နေသည်။ လီးကြီး ပတ်ပတ်လည်တွင် သွေးကြောကြီးတွေက အပြိုင်းပြိုင်းထကာ ဖုဖေါင်းဖီးထနေကြသည်။ မဝေဝေခိုင်မှာ တဏှာရာဂအားကြီးကြောင်း ကိုကိုမောင်က သိထားပြီးဖြစ်သည်။ သူ့ဦးလေးနှင့် လိုးတာ အားမရတိုင်း လီးတုနှင့် စခန်းသွားနေရတာကိုလည်း သိပြီးဖြစ်သည်။
သံမဏိအချောင်းကြီး တစ်ချောင်းကဲ့သို့ မာကျောရှည်လျား၍ သန်စွမ်းလွန်းလှသော လီးတံတုတ်တုတ်ကြီးကို တပ်မက်စွာဖြင့် ကြည့်နေမိသော မဝေဝေခိုင်၏ ကာမရာဂစိတ်များ တစတစနှင့် ပြင်းထန်လာသည်။ စောက်ဖုတ်ကြီးက တဖြည်းဖြည်း တင်းမာဖေါင်းကားလာသည်။ သူမရဲ့စောက်ခေါင်းဝ တလျှောက်မှာလည်း အရည်စိုလာပြီး တရွရွတကြွကြွနှင့် ဖြစ်လာရသည်။
လွယ်အိတ်ကလေး (Remake) (အပိုင်း ၂) (ဇာတ်သိမ်းပိုင်း) 👈 ဖတ်ရန်နှိပ်ပါ။
➡️တင်ထားပြီးသမျှ အပြာစာအုပ် အောစာအုပ်များ စာရင်းကြည့်ရန်နှိပ်ပါ။⬅